၂၀၁၇ မက္ကဆီကိုငလျင်တွင် ပြိုကျခဲ့သော စာသင်ကျောင်း၏ လုံခြုံရေးကို အာမခံခဲ့သူ လုပ်ငန်းခွင်ဒါရိုက်တာအား ထောင်ဒဏ် နှစ် ၂၀၀ ကျော် အပြစ်ပေး။ ကလေးငယ်အများစုအပါအဝင် သေဆုံးသူ ၂၆-ဦးအတွက် လျော် ကြေးငွေများ ပေးအပ်စေရန် အမိန့်ချ


၂၀၁၇ ခုနှစ် မက္ကဆီကိုနိုင်ငံတွင် အင်အားပြင်းထန်သော ငလျင်ကြီးလှုပ်ခတ်ခဲ့ရာ စာသင်ကျောင်း တစ်ကျောင်း ပြိုကျပျက်စီး၍ ကလေးငယ်အများစုအပါအဝင် လူ ၂၆-ဦးသေဆုံးခဲ့ရသည်။ အဆိုပါအမှုနှင့် စပ်လျဉ်း၍ လူ ပုဂ္ဂိုလ်တစ်ဦးအား ထောင်ဒဏ် ၂၀၈-နှစ် ကျခံစေရန်နှင့် သေဆုံးသူတစ်ဦးချင်းစီ၏ မိသားစုတို့ကိုလည်း လျော်ကြေးငွေ အသီးသီးပေးအပ်စေရန် မက္ကဆီကိုစီးတီး တရားရုံးတော်က စီရင်ချက် ချမှတ်လိုက်ကြောင်း အာဏာပိုင် တစ်ဦးက ဗုဒ္ဓဟူးနေ့၌ ပြောဆိုသည်ဟု Reuters က ယနေ့ရေးသားသည်။

မက္ကဆီကိုစီးတီး တောင်ပိုင်းခရိုင်တွင် တည်ရှိသည့် အဆိုပါစာသင်ကျောင်းမှာ ဆောက်လုပ်ရာတွင် စည်းကမ်းနှင့် မညီညွတ်သော်လည်း လုံခြုံဘေးကင်းသော အဆောက်အအုံအဖြစ် အာမခံစာရွက်စာတမ်းများ ရရှိခဲ့ကြောင်း၊ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း မရှိပဲ အာမခံခဲ့သည့် လုပ်ငန်းခွင်ဒါရိုက်တာဖြစ်သူကို လူ ၂၆-ဦးတို့အား ရာဇဝတ်မှုမြောက်သော သတ်ဖြတ်မှုဖြင့် အပြစ်ပေးရခြင်းဖြစ်ကြောင်း စီးတီးရှေ့နေချုပ်ရုံးထံမှ သိရှိရသည်။

ဒေသခံမီဒီယာတို့က N အမည်ဖြင့် ဖော်ပြခဲ့သည့် လုပ်ငန်းခွင်ဒါရိုက်တာမှာ ဂျူအန်မာရီယိုဗလာဒီဂမ်းမက်ဇ် အမည်ရှိပြီး အဆောက်အအုံပြိုကျရာ၌ အသက်ဆုံးရှုံးရသူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၉,၀၀၀ ခန့်စီဖြင့် ကျန်ရစ်သူ မိသားစုအသီးသီးတို့ထံ အသီးသီး ပေးအပ်စေရန်ကိုလည်း အမိန့်ချမှတ်ခဲ့သည်ဆို၏။

…    
၂၀၁၇-ခုနှစ် စက်တင်ဘာ ၁၉-ရက်နေ့တွင် ငလျင်လှုပ်ခတ်ခဲ့၍ ကလေးငယ် ၁၉-ဦးနှင့် အရွယ်ရောက်သူ ၇-ဦးတို့မှာ ပုဂ္ဂလိကပိုင် စာသင်ကျောင်းပြိုကျရာ၌ သေဆုံးခဲ့ရခြင်းဖြစ်ပြီး မက္ကဆီကိုမျက်မှောက်သမိုင်း၌ အဆိုးရွားဆုံး သေကြေပျက်စီးမှုဖြစ်သည်။ မက္ကဆီကိုစီးတီးကို ဗဟိုပြု၍ ၇.၁ မဂ္ဂနီကျုဒ့်ပြင်းအားရှိ ငလျင်ကြောင့် မြို့တော်နှင့် အနီးဝန်းကျင်တွင် အသက်ဆုံးရှုံးရသူ ၃၆၉-ဦးအထိ ရှိခဲ့သည်။

…   
စာသင်ကျောင်း ပြိုကျစဉ်ကပင် ကျောင်းအဆောက်အအုံပိုင်ရှင်နှင့် ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းစစ်ဆေးသူများအပေါ် ရာဇဝတ်ကြောင်းအရ တာဝန်ရှိမှုဖြင့် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

…    
ငလျင်လှုပ်ခတ်စဉ်အတွင်း အလားတူ လူ၂၆ ဦး သေဆုံးခဲ့ရသည့် မက္ကဆီကိုစီးတီးမြေအောက်ရထားလမ်း၏ လိုင်းအမှတ် ၁၂ မိုးပျံလမ်း ပြိုကျမှုကို စုံစမ်းစစ်ဆေးစဉ် ကာလအတွင်း အခုအမှုတွဲကို စီရင်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။

#၂၀၁၇_မက္ကဆီကိုငလျင်တွင်_ပြိုကျ_စာသင်ကျောင်း၏_လုံခြုံရေးအာမခံခဲ့သူ #ထောင်ဒဏ်နှစ်၂၀၀ကျော်နှင့်လျော်ကြေးပေးစေရန်အမိန့်ချမှတ်

(((Reuters., July 15 2021,” Man jailed for 208 years over Mexico school quake collapse.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/world/2021/07/15/man-jailed-for-208-years-over-mexico-school-quake-collapse 

Leave a Reply

Your email address will not be published.