၂၀၂၁ ခုနှစ်တွင် နွမ်းပါး ၉၂ နိုင်ငံသို့ COVID-19 ကာကွယ်ဆေး ၂ ဘီလီယံ ဖြန့်ဝေရန် ယူနီဆက်ဖ် စီစဉ်။ ဆေးထိုးပိုက် ၁- ဘီလီယံနှင့်အတူ ကာကွယ်ရေး ရှေ့တန်းတပ်ဦးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသူများအတွက် တစ်ကိုယ်ရည်သုံးကာကွယ်ရေးပစ္စည်းများလည်း ဖြန့်ဝေမည်


ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုသော ယူနီဆက်ဖ်သည် Covid-19 ရောဂါကာကွယ်ဆေး ၂-ဘီလီယံနီးပါးနှင့် ဆေးထိုးပိုက် ၁-ဘီလီယံတို့ကို သာမန်ဝင်ငွေအောက် ၉၂ – နိုင်ငံသို့ သယ်ယူပို့ဆောင်ပေးရန် ထင်ရှားသော ရေကြောင်း၊ လေကြောင်းလိုင်းများအပါအဝင် မိတ်ဖက်ထောက်ပံ့ရေးအဖွဲ့အစည်း ၃၅၀ -ခုတို့နှင့်အတူ လက်တွဲဆောင်ရွက်လျှက်ရှိကြောင်း ကြေညာသည်ဟု Russia Today က ယမန်နေ့ရေးသားသည်။ 

တနင်္လာနေ့တွင် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က ကြေညာချက်ထုတ်ပြန်ရာ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး အလုံးအရင်းဖြင့် ဖြန့်ဝေမည့် အစီအစဉ်ကို ၂၀၂၁-ခုနှစ်တွင် စတင်မည်ဖြစ်ပြီး ယခင်အစဉ်အလာရှိခဲ့သည်တို့အနက် ပမာဏအများဆုံးနှင့် အလျှင်မြန်ဆုံးဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။ 

“ မားမောင့် အော့ပရေးရှင်း “ အမည်ရှိ တန်ဖိုးမဖြတ်နိုင်သော သမိုင်းဝင်ပူးပေါင်းဆောင်ရွက်မှုသည် လိုအပ်သောနေရာသို့ ထိရောက်စွာ သယ်ယူပို့ဆောင်နိုင်ရန်အတွက် ရှည်လျှားစွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးနှင့်အတူ ကမ္ဘာတစ်ဝှမ်းရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး ရှေ့တန်းတပ်ဦး၌ တာဝန်ထမ်းဆောင်လျှက်ရှိသူများအတွက် တစ်ကိုယ်ရည်သုံးကာကွယ်ရေးပစ္စည်းများလည်း ဖြန့်ဝေမည်ဖြစ်ကြောင်း၊ ဆေးထိုးပိုက် ၁-ဘီလီယံကို ရေကြောင်းမှ ပို့ဆောင်ပေးရန် စီစဉ်ထားကြောင်း ယူနီဆက်ဖ်ထောက်ပံ့ရေး ဋ္ဌာန ညွှန်ကြား ရေးမှူး အတ်လီဗာကာဒီလီက ပြောဆိုသည်။ 

နိုင်ငံတကာ အစိုးရများ၊ ကျန်းမာရေးအဖွဲ့အစည်းများ၊ Covid-19 ရောဂါကာကွယ်ဆေးထုတ်လုပ်သူများ ပူးပေါင်းပါဝင်သည့် COVAX Facility နှင့် သဘောတူညီထားသောအဖွဲ့အစည်းများမှ ထုတ်လုပ်သည့် ကာကွယ်ဆေးများကို ကမ္ဘာအနှံ့လက်လှမ်းမီ ရရှိစေရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ပြီး ဆေးများအဆင်သင့်ဖြစ်သည်နှင့် ချက်ချင်းစတင်လည်ပတ်မည်ဖြစ်ကြောင်း သိရှိရသည်။ 

Pfizer သည် စမ်းသပ်မှု ၃-ဆင့်လုံးတွင် အပြုသဘောဆောင်သော တိုးတက်မှုရလဒ်များ တွေ့မြင်ခဲ့ရပြီး ကာကွယ်ဆေးအချို့ကို ယခုလာမည့်သီတင်းပတ်များအတွင်း ကမ္ဘာအနှံ့ဖြန့်ဖြူးရန် အဆင်သင့်ဖြစ်လိမ့်မည်ဟု မျှော်လင့်ရသည်။ 

တနင်္လာနေ့တွင် AstraZeneca ကာကွယ်ဆေးသည်လည်း အပြုသဘောဆောင်သော စမ်းသပ်မှုရလဒ်များကို တွေ့မြင်နေရပြီဖြစ်သည်။ အောက်စဖို့ဒ်တက္ကသိုလ်မှ တီထွင်သည့် ကာကွယ်ဆေးသည် ပုံမှန်ထက် နိမ့်သော အပူချိန်တွင် သိုလှောင်ထားရန် မလိုအပ်သည့် အားသာချက်ရှိနေပြီးလျှင် ၉၅ ရာနှုန်းကာကွယ်နိုင်သည့် Pfzier နှင့် Moderna ဆေးများထက်သိသာစွာ ဈေးနှုန်းချိုသာဖွယ်ရှိသည်။ 

ရုရှား၏ Sputnik V ကာကွယ်ဆေးသည် စောစောပိုင်း ကနဦးစမ်းသပ်မှုများအရ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရာ၌ ၉၂ ရာခိုင်နှုန်း ထိရောက်ကြောင်းပြသနိုင်ခဲ့သည်။ ၎င်းဆေးကို အာဂျင်တီးနားနှင့် အစ္စရေး အပါအဝင် နိုင်ငံအတော်များများက မှာယူထားပြီးဖြစ်သည်ဆို၏။ 

#ယူနီဆက်ဖ်ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးဖြန့်ဝေရေး 

((( Russia Today., 23 Nov, 2020 ,” UNICEF planning ‘mammoth operation’ to deliver 2 billion Covid-19 vaccines to 92 low-middle income countries in 2021.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.rt.com/news/507532-unicef-vaccine-airlift-covid19-operation/ 
https://www.rt.com/uk/507519-astrazeneca-coronavirus-vaccine-trials/ 
https://www.bbc.com/news/health-55040635 

Leave a Reply

Your email address will not be published.