၇၅-နှစ်အရွယ်အဘိုးအိုအား ကြမ်းတမ်းစွာ တွန်းဖယ်ခဲ့သည့် တပ်ဖွဲ့ဝင် ၂-ဦးအား ရာထူးမှ ဆိုင်းငံ့သည်ကို ကန့်ကွက်သည့်အနေဖြင့် ဘတ်ဖလိုးအထူးရဲတပ်ဖွဲ့ဝင် ၅၇-ဦးလုံး အလုပ်မှ နှုတ်ထွက်။

ရက်စက်ကြမ်းကြုတ်ကြောင်း စွပ်စွဲချက်ဖြင့် ဘတ်ဖလိုးအဓိကရုန်းနှိမ်နင်းရေးတပ်ဖွဲ့ဝင် ၂-ဦးကို ရာထူးမှဆိုင်းငံ့ ခံရပြီးနောက် အမေရိကန်ရဲတပ်ဖွဲ့ အဓိကရုန်းနှိမ်နင်းရေးနည်းဗျူဟာယူနစ်တစ်ခုလုံးရှိ တပ်ဖွဲ့ဝင် ၅၇-ဦးလုံး တို့ သည်လည်း အလုပ်မှ နှုတ်ထွက်လိုက်ကြကြောင်း ဒေသန္တရသတင်းစာများအဆိုအရ သိရှိရသည်ဟု BBC က ယနေ့ရေးသားသည်။

 ကြာသပတေးနေ့ လူမှုကွန်ယက်တွင်ပြန့်နှံ့ခဲ့သော ဗွီဒီယို၌ နယူးယောက်ပြည်နယ် ဘတ်ဖလိုးမြို့တွင် အဓိက ရုန်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက သက်ကြီးရွယ်အိုတစ်ဦးအား မြေသို့ တွန်းလှဲခဲ့သည်ကို တွေ့မြင်ကြရသည်။ အသက် ၇၅-နှစ်အရွယ် အဘိုးအိုမှာ ဒါဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ဆေးရုံတင်ပို့ထားရသည်ဆို၏။

ဘတ်ဖလိုးအဓိကရုန်းနှိမ်နင်းရေးတပ်ဖွဲ့ဝင် ၅၇-ဦးလုံးသည် အခင်းဖြစ်ပွားရာတွင် ပါဝင်သည့် ၎င်းတို့လုပ်ဖော် ကိုင်ဖက် ၂-ဦး ရာထူးမှဆိုင်ငံ့ခံရခြင်းအား ကန့်ကွက်သည့်အနေဖြင့် အလုပ်မှနှုတ်ထွက်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ Buffalo News က ရေးသားရာတွင်မူ အဆိုပါ တပ်ဖွဲ့ဝင်တို့သည် ဘတ်ဖလိုးရဲတပ်ဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခြင်း မဟုတ်ပဲ အမေရိကန်ရဲတပ်ဖွဲ့၏ အဓိကရုန်းနှိမ်နင်းရေးနည်းဗျူဟာယူနစ်မှ နှုတ်ထွက်ကြခြင်းဖြစ်ကြောင်း ပါရှိသည်။

ဒေသခံရဲတပ်ဖွဲ့ဥက္ကဋ္ဌ ဂျွန်အီဗန်ကပြောကြားရာတွင် အဆိုပါ ရဲတပ်ဖွဲ့ဝင်တို့မှာ ရင်ပြင်ကိုရှင်းလင်းရန် ဒုတိယ ရဲမှူးကြီး ဂျိူးဇက်ဂရမက်လီယာ၏ အမိန့်အတိုင်း ရိုးရှင်းစွာ လိုက်နာတာဝန်ထမ်းဆောင်နေကြခြင်းသာဖြစ် ကြောင်း ၊ ထိုသို့ရှင်းလင်းရမည်မှာ အသက် ၅၀ နှင့်အောက် သို့မဟုတ် ၁၅ နှစ်နှင့် ၄၀ အကြား လူဦးရေ မည်မျှကို ရှင်းလင်းရမည်ဟု အတိအကျမပါရှိကြောင်း၊ တပ်ဖွဲ့ဝင်တို့သည် ၎င်းတို့တာဝန်ရှိသည့်အတိုင်း ရိုးရှင်းစွာ ထမ်းဆောင်နေကြခြင်းဖြစ်ကြောင်း၊ ဘယ်လောက်များများဖြစ်သွားသည်ကို မသိရသော်လည်း အဘိုးအိုမှာ ခြေချော်ပြီး နောက်ပြန်လဲကျသွားသည်ဟု ထင်မှတ်ကြောင်း ရှင်းလင်းသည်။

သောကြာနေ့ နယူးယောက် ပြည်နယ်အုပ်ချုပ်ရေးမှူး အင်ဒရူးကူမိုက ပြောဆိုရာတွင် အဆိုပါတပ်ဖွဲ့ဝင် ၂-ဦး အား အလုပ်မှ ထုတ်ပယ်မည်ဖြစ်ပြီး၊ ရာဇဝတ်မှုဖြစ်နိုင်ခြေ ရှိ- မရှိ စုံစမ်းစစ်ရေးရန် တောင်းဆိုထားကြောင်း ပါရှိသည်။ ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းအတွင်း ပြည်သူလူထု၏လုံခြုံရေးကို သေချာစေရန်အတွက် ရဲလုပ်ငန်းတာဝန်ထမ်း ဆောင်ရာတွင် အရေးပေါ်အခြေအနေအရ လိုအပ်သလိုဆောင်ရွက်နိုင်သည်ဟု တွေ့ရှိအတည်ပြုရကြောင်း၊ ဘတ်ဖလိုးရဲတပ်ဖွဲ့ဝင်တို့သည် အခြားသော တရားဥပဒေစိုးမိုးရေး အေဂျင်စီများနှင့် ဆက်လက်ဆောင်ရွက် လျှက်ရှိကြောင်း ဘတ်ဖလိုး မြို့တော်ဝန်၏ သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။

လွန်ခဲ့သည့်လက မင်နီဆိုတာပြည်နယ် မင်နီယာပိုလိစ်တွင် လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက်အား မြေပေါ်တွင် မှောက်စေ၍ ဖမ်းဆီးရာတွင် လူဖြူရဲအရာရှိက ၉-မိနစ်ခန့် လည်ပင်းကို ဒူးဖြင့်ဖိထားခံရခြင်းကြောင့် နောက်ပိုင်းတွင် ဂျော့ချ်ဖလွိုက်သေဆုံးခဲ့သည်။ ထိုအဖြစ်အပျက်အား ကန့်ကွက်ဆန္ဒပြပွဲများ အမေရိကန်နိုင်ငံ တစ်ဝှမ်း ပျံ့နှံ့သွားခြင်းကြောင့် မြို့ကြီးအတော်များများ၌ ညမထွက်ရအမိန့်ထုတ်ပြန်ထားရသည်။

(( လက်နက်ကိုင်တပ်ဖွဲ့များသည် တာဝန်ထမ်းဆောင်ရာတွင် Rule of Engagement ( RoE ) ခေါ် ထိတွေ့မှု ဥပဒေသအတိုင်းလိုက်နာကြရပါသည်။ ဤတွင် တာဝန် Duty နှင့် ဝတ္တရား Responsibility ဟူ၍ ရှိရာ ကောင်း စွာနားမလည်သော ကျွန်တော့်အနေဖြင့ ်ယခုဖြစ်စဉ်တွင် တစ်စုံတစ်ရာ ဝေဖန်ရန်မရှိပါ။

သို့သော် အင်အားအလွန်အကျွံသုံးစွဲသည်ဟု ဖွံ့ဖြိုးဆဲ နိုင်ငံငယ်များ၏ လက်နက်ကိုင်တပ်ဖွဲ့များအပေါ် နာမည် ပျက်စာရင်းသွင်းခြင်း၊ စီးပွားရေးဒါဏ်ခတ်ပိတ်ဆို့ခဲ့သော နိုင်ငံကြီးအား ယနေ့နံနက် ကျွန်တော်ရေး သားလွှင့်တင်ခဲ့သော ပို့စ်တစ်ခုအတိုင်း မေးလိုပါသည်။ “ ဒါကြီးကျမှ RoE ဆိုလို့ ကျန်တာတွေက နမဆပ ကြီးလား “

((( BBC., 5 June 2020,” Buffalo police riot squad quit to back officers who shoved man.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာာပြန်ဆိုသည်။ )))

#တပ်ဖွဲ့ဝင်၂-ဦးအားရာထူးမှဆိုင်းငံ့သည်ကိုကန့်ကွက်သည့်အနေဖြင့် #ဘတ်ဖလိုးအထူးရဲတပ်ဖွဲ့ဝင်၅၇-ဦးလုံးအဓိကရုန်းနှိမ်နင်းရေးနည်းဗျူဟာယူနစ်မှနှုတ်ထွက်

https://www.bbc.com/news/world-us-canada-52945190

0

Leave a Reply

Your email address will not be published.