၇-ရက်ကျော်လွန်ပြီဖြစ်သော အစ္စရေး၏ ဂါဇာလေကြောင်းတိုက်ခိုက်မှု အရှိန်တိုးမြှင့် ကလေးငယ်များအပါအဝင် ပါလက်စတိုင်း ၄၂-ဦး ထပ်မံသေဆုံး။ နိုင်ငံတကာစိုးရိမ်သော်လည်း အစ္စရေးအတွက် တည်ငြိမ်အေးချမ်းမှု လိုအပ်နေသမျှ အင်အားပြည့် ဆက်လက်ဆောင်ရွက်နေဟု နေတန်ညာဟု ပြော


ဂါဇာရှိ စစ်သွေးကြွတို့၏ ရော့ကက်များဖြင့် ပစ်ခတ်ခြင်းကို လက်တုန့်ပြန်ရာမှ အစ္စရေး၏ အဆုံးသတ်ဖွယ် မမြင်သော လေကြောင်းတိုက်ခိုက်မှုများသည် ၇-ရက်အကြာ တနင်္ဂနွေနေ့တွင် ကလေးငယ် ၁၀-ဦးအပါအဝင် ပါလက်စတိုင်း ၄၂-ဦး ထပ်မံသဆုံးသည်ဟု Reuters က ယမန်နေ့ ရေးသားသည်။

…    
အရပ်သားများ ထိခိုက်သေဆုံးမှုတို့မှာ တမင်ရည်ရွယ်ရည်ရွယ်ခြင်း မရှိကြောင်း၊ ဂါဇာစီးတီး လမ်းမတစ်ခုအောက်ရှိ စစ်သွေးကြွတို့ အသုံးပြုနေသော ဥမင်လိုဏ်ခေါင်းစနစ်ကို မိမိတို့ ဂျက်တိုက်လေယာဉ်များက တိုက်ခိုက်ရာတွင် စစ်ဘက်မြေအောက်လှိုဏ်ပြိုကျပြီး နေအိမ်များ ပျက်စီးရာမှဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ရှင်းလင်းသည်။ သို့သော်လည်း အရပ်သားများကို သတ်ဖြတ်ရန် အရပ်ဘက်နေအိမ်များ အောက်ရှိ စစ်စခန်းများကို ကြိုတင်ကြံစည် ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ဂါဇာကို ထိန်းချုပ်ထားသော #ဟားမတ်စ်စစ်သွေးကြွ အုပ်စုက ပြောဆိုသည်။

…   
ယခုနှစ်များအတွင်း အဆိုးရွားဆုံး အစ္စရေး-ပါလက်စတိုင်းအကြမ်းဖက်မှုဖြစ်သည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြောဆိုသော်လည်း အစ္စရေးနိုင်ငံသားများ တည်ငြိမ်အေးချမ်းမှု လိုအပ်နေသမျှ ကာလပတ်လုံး ဂါဇာအစီအစဉ်ကို အင်အားအပြည့်ဖြင့် အချိန်ယူ ဆက်လက်ဆောင်ရွက်နေကြောင်း၊ ကျူးကျော်သူထံမှ တန်ဖိုး ရယူမည်ဖြစ်ပြီး နောင်ဖြစ်ပေါ်လာမည့် ပဋိပက္ခများအတွက် အဟန့်အတားများ ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း #ဝန်ကြီးချုပ်_ နေတန်ညာဟုက ရုပ်သံမှတဆင့် ရှင်းလင်းသည်။

…    
လွန်ခဲ့သည့် တနင်္လာနေ့မှ စတင်၍ အစ္စရေး၏ လေကြောင်းနှင့် အမြောက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်မှုကြောင့် ဂါဇာတွင် လူသေဆုံးမှုမှာ ကလေး ၅၈-ဦး အပါအဝင် ၁၉၂-ဦး အထိ မြင့်တက်လျှက်ရှိသည်။ အစ္စရေးဘက်တွင် ကလေး ၂-ဦး အပါအဝင် လူ ၁၀-ဦး သေဆုံးကြောင်း ဂျေရုစလင်က အတည်ပြုသည်။

…   
နယူးယောက်တွင် #ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်_အန်တိုနီယိုဂူတာရက်စ်ကမူ အစ္စရေးနှင့် ဂါဇာဒေသ ရန်လိုမှုများမှာ တုန်လှုပ်ဖွယ်ပကတိဖြစ်နေပြီး တိုက်ခိုက်မှုများကို အမြန်ဆုံးအဆုံးသတ်ရန် တောင်းဆိုကြောင်း လုံခြုံရေးကောင်စီသို့ တိုက်တွန်းပြောကြားသည်။

…  
ရာမာဇန်ရက်မြတ်ကာလအတွင်း အရှေ့ဂျေရုဆလင်နေ ပါလက်စတိုင်းမိသားစုအများအပြားတို့ကို ဥပဒေကြောင်းဖြင့် နှင်ထုတ်ခြင်းနှင့် ပတ်သက်၍#အစ္စလာမ်၏_တတိယမြောက်အမြင့်မြတ်ဆုံး_အယ်လ်အက္ကဆာ _ဗလီ အနီးတွင် ပါလက်စတိုင်းများနှင့် အစ္စရေးရဲတပ်ဖွဲ့ဝင်တို့အကြား အဓိကရုန်းများဖြစ်ပွားခဲ့သည်။ ရက်သတ္တပတ်ချီ၍ တင်းမာမှုဖြစ်ပွားပြီးနောက် လွန်ခဲ့သည့် တနင်္လာနေ့တွင် ဟားမတ်စ်တို့က ရော့ကက်များဖြင့် ပတ်ခတ်မှု စတင်ခဲ့သည်။

…    
အစ္စရေးစစ်ဘက်ကမူ အမေရိကန်နှင့်ဥရောပသမဂ္ဂတို့က အကြမ်းဖက်လှုပ်ရှားမှု အစ္စလာမ်မစ်အုပ်စုတစ်ခုအဖြစ်အဖြစ် သတ်မှတ်ထားသည့် ဟားမတ်စ်နှင့် အခြားလက်နက်ကိုင်အုပ်စုများက ရက်သတ္တပတ်အတွင်း ဂါဇာမှနေ၍ ရော့ကက်အစင်းပေါင်း ၂,၈၀၀ ကျော် ပစ်ခတ်ခဲ့ကြောင်း၊ 

အဆိုပါအရေအတွက်မှာ #၂ဝ၁၄-ခုနှစ် _ဟားမတ်စ်-အစ္စရေး_ ၅၁-ရက်ကြာစစ်ပွဲအတွင်း ပစ်ခတ်မှုထက် နှစ်ဆကျော် ပိုမိုများပြားကြောင်း၊ ၂၀၀၆-ခုနှစ် #အီရန်ကျောထောက်နောက်ခံ_ရှီယာအုပ်စု_ဟဇ်ဘိုလာ တို့၏ လက်ဘနွန်မှနေ၍ တိုက်ခိုက်မှုထက် ပိုမို ပြင်းထန်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

…  
ဒုံးကျည်အများအပြားကို အစ္စရေး၏ #ဒုံးခွင်းဒုံစနစ်က ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ပြီး အချို့မှာ နယ်စပ်သို့ မရောက်မီ မြေပြင်ပေါ်သို့ ကျရောက်ခဲ့သည်။ စနေနေ့တွင် ဂါဇာစီးတီးရှိ ၁၂-ထပ်အဆောက်အအုံကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ဖြိုချခဲ့သည်။ AP နှင့် အယ်လ်ဂျားဇီးယားသတင်းကွန်ယက်တို့ တည်ရှိနေသည်ဆိုသော အဆိုပါအဆောက်အအုံတွင် အစ္စရေးအရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများကို စီစဉ်ဆောင်ရွက်နေသည့် ပါလက်စတိုင်းအကြမ်းဖက်အဖွဲ့၏ ထောက်လှမ်းရေးရုံးလည်း တည်ရှိနေသောကြောင့် တရားဝင် ပစ်မှတ်ဖြစ်ကြောင်း တိုက်ခိုက်မှု မစတင်မီ ကြိုတင်သတိပေးခဲ့ကြောင်း နေတန်ညာဟု က ရှင်းလင်းသည်။

…  
#သမ္မတဂျိုးဘိုင်ဒင်၏_အထူးကိုယ်စားလှယ်_ဟာဒီအာမာသည် အစ္စရေးနှင့် ဆွေးနွေးရန် ဂျေရုဆလင်သို့ သောကြာနေ့၌ ရောက်ရှိနေပြီး အစ္စရေးနိုင်ငံကာကွယ်ရေးအတွက် အမေရိကန်က အပြည့်အ၀ ထောက်ခံသည်ဟု ဂျိုးဘိုင်ဒင်အစိုးရက ပွင့်လင်းစွာ အမှာစကား ပါးလိုက်ကြောင်း ထုတ်ဖော်ပြောကြားသည်။

…   
အမေရိကန်နှင့် အနောက်အင်အားကြီးနိုင်ငံအများစုအနေဖြင့် ဟားမတ်စ်နှင့် မဆက်ဆံရေး မူဝါဒကြောင့် ကြားဝင်ဖြန်ဖြေရေးမှာ ရုပ်ထွေးလျှက်ရှိသည်။

#အစ္စရေးကာကွယ်ရေးတပ်ဖွဲ #ဂါဇာလေကြောင်းတိုက်ခိုက်မှု
….
(((Reuters., May 16th, 2021,” Israel air strikes kill 42 Palestinians, rockets fired from Gaza.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/world/middle-east/2021/05/16/israel-air-strikes-kill-26-palestinians-rockets-fired-from-gaza
https://www.rt.com/news/523999-israel-gaza-hamas-strikes-week/
https://www.rt.com/news/523946-netanyahu-gaza-media-terror-tower/  

+1

Leave a Reply

Your email address will not be published.