ကြာလေ လုပ်ရည်ကိုင်ရည်များ ပေါ်လွင်၍ အကြီးကြီး စိတ်ပျက်မိရာတွင်


ဒေါ်အောင်ဆန်းစုကြည်ကို တစ်ချိန်လုံး ပျစ်ပျစ်နှစ်နှစ် ဆဲဆိုပြီး NLD လက်ထက် မြန်မာနိုင်ငံအား ICJ အရောက်ပို့ရာ၌ တက်ကြွစွာ ပါဝင်ခဲ့သူ မောင်ဇာနည်ကို

NUG ၏ ဝန်ကြီးဆိုသူ ဒေါက်တာ ဆာဆာက အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အကြံပေးခန့် ပစ်လိုက်လေသည်။ ကြည့်ရသည်မှာ ဒေါ်စုကို ရာဇဝင်ထဲ၌ ထားရစ်ခဲ့သည့် သဘောဖြစ်၏။

အေးလေ .. 

UEC အသစ်ကတောင် NLD ကို ဖျက်မယ် ပြောသေးတာပဲ။ ၁၉၉၀-အလွန် #စစ်တပ်ကို _ခေါင်းဖြတ်_ကိုယ်ယူမှာ ကိုယ်တိုင် ဘယ်လိုခံစားရပြီး ဘယ်လို တုန့်ပြန်ခဲ့ဖူးလဲ မေ့ပစ်လိုက်ပြီ ထင်ပါသည်။

ကြာလေ လုပ်ရည်ကိုင်ရည်များ ပေါ်လွင်၍ အကြီးကြီး စိတ်ပျက်မိရာတွင် ဟို ကာပုက ရှေ့ဆုံးမှ ပုတု ပုတုနှင့် ဦးဆောင်လျှက်ရှိလေ၏။

အော် .. ဒါနဲ့

အနယ်နယ် အရပ်ရပ်တို့၌ ဗုံးခွဲ မီးရှို့နေကြသော #PDF တို့၏ လှုပ်ရှားမှုများကို ယခုထက် နည်းနည်း အရှိန်တိုးမြှင့်နိုင်လျှင် #ဒေသန္တရ_စစ်ဘုရင်များ အသီးသီး ပေါ်ထွန်းလာမည်ဖြစ်သည်။

လစ်ဗျား၊ ဆီးရီးယား၊ ယီမင်၊ အာဖဂန်နစ္စတန်တို့လိုပေါ့ ခင်ဗျာ …


အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine   

+1

Leave a Reply

Your email address will not be published.