သြစတေးလျအစိုးရက အစ္စလာမ်တရားဟောဆရာ၏ နိုင်ငံသားဖြစ်မှုအား မကြူံ စဖူး ပယ်ဖျက်၊ တစ်ဦးတစ်ယောက်က နိုင်ငံတော်အား အကြမ်းဖက်အန္တရာယ်ပေးနိုင်ကြောင်း ပြသလာခဲ့လျှင် မိမိနိုင်ငံသားများအား မိမိတို့၏ဥပဒေဘောင်အတွင်းမှ အတတ်နိုင်ဆုံး ကာကွယ်မည်ဟု ပြည်ထဲရေး ဝန်ကြီး ပြောဆို


အယ်လ်ဂျီးရီးယားနွယ်ဖွား အဗ္ဗဒူနေဆာဘန်ဘရီကာသည် အကြမ်းဖက်အန္တရာယ် ထူးခြားစွာပေးနိုင်ကြောင်း ဖော်ပြသူဖြစ်သည်ဟု သြစတြေးလျ အစိုးရက ဆုံးဖြတ်ပြီးနောက် နိုင်ငံအတွင်း နေထိုင်ပါလျှက် နိုင်ငံသားအဖြစ် ဆုံးရှုံးရသော ပထမဆုံးသူ ဖြစ်လာသည်ဟု Russia Today က ယနေ့ ရေးသားသည်။ 

လူတစ်ဦး တစ်ယောက်အတွက် နိုင်ငံအတွင်းရှိနေစဉ် ယခုကဲ့သို့ နိုင်ငံသားဖြစ်ခွင့်ဆုံးရှုံးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သြစတြေးလျဥပဒေတွင် နိုင်ငံသားအဖြစ် ၂-မျိုး ခံယူထားသူဖြစ်ပါက ၎င်းအား နိုင်ငံသားအဖြစ်မှ ဖယ်ရှားရန် ခွင့်ပြုထားသည်။ ဘန်ဘရီကာအနေဖြင့် သူ၏ အယ်လ်ဂျီးရီးယားနိုင်ငံသားဖြစ်မှုကို ဆက်လက်ထိန်းသိမ်းထားသည်ဟု ယုံကြည်ရပြီး သြစတေးလျနိုင်ငံသားအဖြစ် ရုတ်သိမ်းခြင်းဖြင့် နိုင်ငံမဲ့အဖြစ် ရောက်ရှိနိုင်မည်မဟုတ်ကြောင်း သိရှိရသည်။ 

ဘန်ဘရီကာနှင့်ပတ်သက်၍ သြစတေးလျအစိုးရ၏ ဆုံးဖြတ်ချက်ကို ကြေညာပြီးနောက် ပြည်ထဲရေးဝန်ကြီး ပီတာဒတ်တန်က သတင်းထောက်များအား ပြောကြားရာ၌ တစ်စုံတစ်ယောက်သည် နိုင်ငံတော်အား အကြမ်းဖက်အန္တရာယ်ပေးနိုင်ကြောင်း ဖော်ပြလာခဲ့လျှင် သြစတေးလျနိုင်ငံသားများအား သြစတေးလျ၏ဥပဒေဘောင်အတွင်းမှ အတတ်နိုင်ဆုံး ကာကွယ်ရလိမ့်ဖြစ်ကြောင်း ရှင်းပြသည်။ 

သြစတေးလျ သဏ္ဍာန်ဆောင်ဝန်ကြီးတစ်ဦးဖြစ်သူ ပင်နေးဝေါင်းကလည်း မိမိတို့၏ အတိုက်အခံပါတီသည် အစိုးရ၏ အရေးယူဆောင်ရွက်မှုကို အပြည့်အ၀ ထောက်ခံကြောင်း၊ အချို့သော အခြေအနေများတွင် ယခုကဲ့သို့ လုပ်ဆောင်ရန် လိုအပ်သည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။

၂၀၀၉ ခုနှစ်တွင် ဘန်ဘရီကာသည် အကြမ်းဖက်ခြင်းဆိုင်ရာအက်ဥပဒေအရ စွပ်စွဲချက် ၃-ခုဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။ ဘန်ဘရီကာသည် အကြမ်းဖက်ဥပဒေ၌ အကျုံးဝင်သော ပစ္စည်းများအား ပိုင်ဆိုင်ခြင်း၊ အကြမ်းဖက်အဖွဲ့၏ ခေါင်းဆောင်နှင့် အဖွဲ့ဝင်အဖြစ် တမင်ရည်ရွယ်ပါဝင်ခြင်းဖြင့် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည်ဟု စီရင်ခြင်းခံရပြီး၊ သြစတြေးလျအကျဉ်းထောင်၌ ထောင်ဒါဏ် (၁၅) နှစ်အပြစ်ပေးခံခဲ့ရသည်။ 

သူသည် လာမည့်လတွင် ချုပ်နှောင်ထားရာမှ လွတ်မြောက်ရန် ထောင်ကျသက်တမ်းစေ့နေပြီဖြစ်သည်။ သို့သော် သြစတေးလျှဥပဒေတွင် အကြမ်းဖက်ပြစ်မှုကျူးလွန်သူများကို ပြစ်ဒါဏ်သက်တမ်း ပြီးဆုံးပြီးနောက် ထောင်ဒဏ် ၃-နှစ်အထိ ထိန်းသိမ်းထားရန် ခွင့်ပြုသဖြင့် အကျဉ်းထောင်တွင် ဆက်လက်ချုပ်နှောင်ထားခြင်း ခံရသည်။ 

ဘန်ဘရီကာ၏ ဥပဒေအကျိုးဆောင်အဖွဲ့က ယခုကဲ့သို့ ဆက်လက် ထိန်းသိမ်းထားခြင်းအား အယူခံဝင်ခဲ့သည်။ နိုင်ငံသားဖြစ်ခွင့်ကို ရုပ်သိမ်းခံရပြီးနောက် ဘန်ဘရီကာအနေဖြင့် ဗီဇာဖျက်သိမ်းခြင်းကို အယူခံဝင်ရန်နှင့် အယ်လ်ဂျီးရီးယားသို့ပြန်ရန် ရက်ပေါင်း ၉၀ အချိန်ရမည်ဖြစ်သည်။ 

အယ်လ်ဂျီးယားအစိုးရအနေဖြင့်မူ ဘန်ဘရီကာ၏ လတ်တလောဖြစ်ရပ်များနှင့်ပတ်သက်၍ လောလောဆယ် ထင်မြင်ချက် ပြောဆိုခြင်း မရှိသေးချေ။ 

၂၀၁၉ ခုနှစ်တွင်လည်း သြစတြေးလျသည်  အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ “ အိုင်အက်စ်“ တို့အတွက် လူသစ်စုဆောင်းပေးမှုဖြင့် တူရကီတွင် ထောင်ဒါဏ် ၇-နှစ်ခွဲ အကျဉ်းချခံရသူ နေးလ်ပရာကတ်ရှ်အား နိုင်ငံသားဖြစ်မှုမှ ရုတ်သိမ်းခဲ့ဖူးသည်။ 

နေးလ်ပရာကတ်ရှ်သည် ဖခင် အင်ဒို-ဖီဂျီယန်နှင့် ကမ္ဘောဒီယားမိခင်တို့က မဲလ်ဘုန်းမြို့တွင် မွေးဖွားသည့် သြစတေးလျနိုင်ငံသားဖြစ်သည်။ 

#အစ္စလာမ်တရားဟောဆရာအားနိုင်ငံသားအဖြစ်မှသြစတေးလျပယ်ဖျက် 
#အိုင်အက်စ်အတွက်လူသစ်စုဆောင်းပေးမှုဖြင့်သြစတေးလျနိုင်ငံသားတူရကီ၌အကျဉ်းကျ 

((( Russia Today., 25 Nov, 2020 ,” Australia strips Muslim cleric of citizenship in unprecedented move.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.rt.com/news/507752-muslim-cleric-australian-citizenship-cancellation/ 


https://www.aljazeera.com/news/2020/11/25/australia-cancels-citizenship-of-muslim-scholar-in-local-first 

0

Leave a Reply

Your email address will not be published.