
သြစတေးလျပြည်ထဲရေးဝန်ကြီး ပီတာဒတ်တန်က ၎င်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှက်ရှိကြောင်း အတည် ပြုခဲ့ပြီးနောက် ဝန်ကြီးအားဆေးရုံသို့ ပို့ဆောင်ထားပြီး လန်းဆန်းစွာရှိနေကြောင်း အစိုးရအဖွဲ့အရာရှိတစ်ဦးက ပြောကြား သည်ဟု Russia Today က ယနေ့ ရေးသားသည်။
ကိုယ်အပူချိန်မြင့်တက်၍ လည်ချောင်းနာခြင်းကို သတိပြုမိ၍ ဆေးစစ်ရာမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လျှက်ရှိ သည်ကို တွေ့ရှိရကြောင်း ဝန်ကြီးက ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားထားခြင်းဖြစ်သည်ဆို၏။
သြစေးလျနိုင်ငံတွင် ရုပ်ရှင်လာရောက်ရိုက်ကူးနေသာ သရုပ်ဆောင်ထူးချွန်ဆုရှင် ဟောလိဝုဒ်သရုပ်ဆောင် မင်းသားကြီး တွမ်ဟင့်နှင့် ၎င်း၏ ဇနီးဖြစ်သူ ရီတာဝီလ်ဆင်တို့နှစ်ဦးလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်လျှက်ရှိ ကြောင်း မီဒီယာများက ရေးသားကြပြီးဖြစ်သည်။ နောက်တစ်ရက်တွင် သြစတေးလျအစိုးရအဖွဲ့ အကြီးအကဲ တစ်ဦး၌ပါ ဗိုင်းရပ်စ်စွဲကပ်ခံရကြောင်း ယခုကဲ့သို့ ဖြစ်ပွားသည်ကို တွေ့ရှိရသည်။
သြစတေးလျတွင် လူ ၅၀၀ ထက်ပိုသော လူစုလူဝေးအပြုလုပ်ကြရန် တနင်္လာနေ့မှစတင်တားမြစ်ဖွယ်ရှိသည်။ ၎င်းနိုင်ငံကျန်းမာရေးဝန်ကြီးဋ္ဌာနသတင်းထုတ်ပြန်ချက်၌မူ (သောကြာ ) ယနေ့နံနက်ပိုင်းအထိ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်လျှက်ရှိကြောင်း အတည်ပြုခံရသူ ၁၅၆-ဦးနှင့် သေဆုံးသူ ၃-ဦးရှိကြောင်း ဖော်ပြထားသည်။
((( Russia Today., 13 Mar, 2020, “Australia’s home affairs minister tests positive for coronavirus.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))
#ကိုရိုနာဗိုင်းရပ်စ်သြစတေးလျပြည်ထဲရေးဝန်ကြီး
https://www.rt.com/news/483000-australias-home-affairs-minister-coronavirus-positive/