သြစတြေးလျဝန်ကြီးချုပ်၏ ပို့စ်ကို တရုတ်ပိုင် WeChat က ဖျက်ချ။ အာဖဂန်တွင် အကျဉ်းသားနှင့် အရပ်သားများအား ကွက်မျက်ခဲ့သည့် သြစတြေးလျအထူးတပ်ဖွဲ့ဝင်တို့၏ စစ်ရာဇဝတ်မှုအား စစ်ဆေးနေခိုက် တရုတ်က ဖိုတိုရှော့ ဓါတ်ပုံလွှင့်တင်။

  
သြစတြေးလျဝန်ကြီးချုပ် မောရစ်ဆန်၏ ရေးသားချက်ကို တရုတ်ပိုင် ဘက်စုံသုံး လူမှုကွန်ယက်သတင်းပေး-သတင်းယူ အက်ပလီကေးရှင်းက ဖျက်ချခဲ့ရာ သြစတြးလျစစ်သားများကို တရုတ်သံတမန်တစ်ဦးက ထိုးနှက်လျှက်ရှိကြောင်း ဝန်ကြီးချုပ်က ရေးသားထားခြင်းဖြစ်သည်ဟု Russia Today ( Dec.2,2020 ) က ဖော်ပြသည်။ 

သြစတြေးလျဝန်ကြီးချုပ်ဖြစ်သူ၏ ရေးသားချက်များမှာ သမိုင်းဆိုင်ရာဖြစ်ရပ်များကို အများပြည်သူ ထင်ယောင်ထင်မှားဖြစ်ဝေရန် လှုံဆော်ခြင်း လှည့်စားခြင်းပြုရာရောက်ကြောင်း၊  WeChat၏ တားမြစ်သော လမ်းညွှန်များအား ဖောက်ဖျက်သည်ဟူသော အကြောင်းပြချက်ဖြင့် ဖယ်ရှားခံရခြင်းဖြစ်ကြောင်း သြစတြေးလျမီဒီယာများ၏ ရေးသားချက်အရ သိရှိရသည်။ 

သြစတြေးလျနှင့်အာဖဂန်အလံများပေါ်တွင် ပြုံးရယ်လျှက် ရပ်နေသူ သြစတေးလျစစ်သားက ကလေးငယ်တဦး၏ လည်မြိုပေါ်တွင် သွေးစွန်းနေသာ ဓားအား တင်ထားဟန် ဖိုတိုရှော့ဓါတ်ပုံမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်း၏ Twitter မှတစ်ဆင့် ပေကျင်းအစိုးရက လွှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း မောရစ်ဆန်က စွပ်စွဲခဲ့သည်။ 

သြစတြေးလျစစ်သားတစ်ဦး၏ ရုပ်ပုံကို အသုံးပြုလျှက် အတုအယောင်များဖြန့်ဝေခြင်းသည် တရုတ်နွယ်ဖွား သြစတြေးလျနိုင်ငံသားများအပေါ် လေးစားတန်ဖိုးထားမှု့ သို့မဟုတ် တရုတ်ပြည်သူများအပေါ် ကျွနု်ပ်တို့၏ ချစ်ကြည်မှုကို လျော့နည်းစေလိမ့်မည်မဟုတ်ဟု မောရစ်ဆန်က ရေးသားထားကြောင်း၊ ဗုဒ္ဓဟူးနေ့၌ ဝန်ကြီးချုပ်၏ ပို့စ်ကို WeChat အသုံးပြုသူ ၅၇,၀၀၀ -ဦးတို့က ဝင်ရောက်ဖတ်ရှု့ခဲ့ကြောင်း SBS News က ဖော်ပြခဲ့သည်။ 

နိုဝင်ဘာ ၃၀- ရက်နေ့တွင် ကျောက်လီကျန်း၏ tweeter ၌ လွှင့်တင်သောအကြောင်းအရာမှာ အာဖဂန်နစ္စတန်တွင် သြစတေးလျအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တို့က စစ်ရာဇဝတ်မှုကျူးလွန်ကြောင်း စွပ်စွဲချက်စာရွက်စာတန်းများ ထွက်ပေါ်လာသည့်အတွက် တရားဝင်စုံစမ်းစစ်ဆေးနေရခြင်းများကို တုန့်ပြန်ဖော်ပြထားခြင်းဖြစ်သည်၊ ထိုအတွက် တရုတ်နှင့် သြစတေးလျအကြား ပြင်းထန်သော အပြန်အလှန် မုန်းတီးမှုများ ဖြစ်ပေါ်စေခဲ့သည် ဆို၏။ 

တရုတ်၏ ဖိုတိုရှော့ဓါတ်ပုံနှင့်ပတ်သက်၍ အမှန်တကယ်ရွံရှာဖွယ်နှင့် သြစတြေးလျှ၏ ဂုဏ်သိက္ခာကြီးမားသော ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့အပေါ် အကြီးအကျယ်ထိခိုက်နစ်နာစေရန် တမင်ရည်ရွယ်သည့် စက်ဆုပ်ရွံရှာဖွယ် အမှန်ဖြစ်ကြောင်း ဝန်ကြီးချုပ်မောရစ်ဆန်က ရှုတ်ချလိုက်သည်။ တရုတ်နိုင်ငံအနေဖြင့် ဝန်ချတောင်းပန်ရန် တောင်းဆိုခဲ့ပြီး ကျောက်လီကျန်းကို ဖျက်သိမ်းပေးရန် Twitter အား တောင်းဆိုသည်။ 

သို့သော် ( ယခု သတင်းဘာသာပြန်နေချိန် ) အထိ တွစ်တာက ဖယ်ရှားခြင်း မပြုသေးချေ။ 
ပေကျင်းအစိုးရကလည်း တောင်းပန်ရန်ငြင်းဆန်ခဲ့ပြီး၊ သြစတြေးလျအစိုးရအနေဖြင့် အာဖဂန်နစ္စတန်တွင် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ထင်ရှားလျှက်ရှိသူများအတွက် တရားမျှတရေးအပေါ်၌သာ အာရုံစိုက်သင့်ကြောင်း တုန့်ပြန်ပြောဆိုသည်။ 

လောလောဆယ်တွင် တရုတ်နှင့် သြစတြေးလျအကြား ဆက်ဆံရေးတင်းမာလျှက်ရှိသည်။ ယခုနှစ် စောစောပိုင်းတွင် သြစတြေးလျ၏ အမဲသားနှင့် အခြားထုတ်ကုန်များတင်သွင်းမှုကို တရုတ်က ပိတ်ပင် သို့မဟုတ် လျှော့ချခဲ့သည်။ လွန်ခဲ့သည့်လတွင် ၎င်း၏ ဝိုင်အရက်ပေါ်၌ အခွန် ၂၁၂.၁ ရာခိုင်နှုန်း အထိတိုးမြှင့်ခဲ့ပြန်သည်။ တရုတ်၏ မုယောစပါးထွက်ပစ္စည်းအပေါ် အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ထံ အယူခံဝင်မည်ဖြစ်ကြောင်း သြစတြေးလျကုန်သွယ်ရေးဝန်ကြီး ဆိုင်မွန်ဘာမင်ဂမ်က ပြောဆိုသည်။

ကျောက်လီကျန်းက Twitter တွင် ဖိုတိုရှော့ပုံလွှင့်တင်သည့်အတွက် တရုတ်ကုန်ပစ္စည်းများကို သပိတ်မှောက်ရန် သြစတြေးလျနိုင်ငံရေးသမားအချို့က ဆော်သြသည်အထိ နှစ်နိုင်ငံအကြား ရန်ငြိုးများကို ပိုမိုဆိုးရွားစေခဲ့ရသည်။ 

သို့သော် သြစတြေးလျအနေဖြင့် နှစ်နိုင်ငံတင်းမာမှုများကြားမှ တရုတ်နှင့် အပြုသဘောဆောင်၍ ပွင့်လင်းသော ပုံမှန်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်မည်ဖြစ်ကြောင်း၊ သြစတြေးလျ၏ အကျိုးစီးပွားသည် တရုတ်၏ အကျိုးစီးပွားဖြစ်သည်ကို နားလည်စေရန် သည်းခံ၍ ပွင့်လင်းစွာ ဆက်လက်ရှင်းပြမည်ဖြစ်ကြောင်း၊ ၎င်းတို့၏လုပ်ရပ်နှင့်ပတ်သက်၍ ရှင်းပြရန် WeChat ၌ ရေးသားခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် မောရစ်ဆန်က ကြာသပတေးနေ့၌ သတင်းထောက်များအား ရှင်းပြသည်။ 

အာဖဂန်နစ္စတန်တွင် သြစတြေးလျစစ်သားများ၏ လုပ်ကိုင်ဆောင်ရွက်ခဲ့မှုများမှာ သြစတြေးလျ လက်နက်ကိုင်တပ်များ၏ စုံစမ်းစစ်ဆေးရေးမှူးချုပ်က စစ်ကြောရာမှ ပြဿနာနှင့် စတင်ရင်ဆိုင်နေရသည်။ လွန်ခဲ့သည့်လ၌ ထုတ်ဝေခဲ့သော လျှို့ဝှက်ချက်များအား ဖယ်ရှားထားသည့် အစီရင်ခံစာအရ အာဖဂန်နစ္စတန်တွင် သြစတြေးလျတပ်ဖွဲ့ဝင်တို့က အကျဉ်းသားများနှင့် အရပ်သားများအား ကွပ်မျက်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ အစီရင်ခံစာပါ ကြောက်မက်ဖွယ်စွပ်စွဲချက်များသည် တစ်နိုင်ငံလုံးကိုထိတ်လန့်စေခဲ့ပြီး သြစတြေးလျအစိုးရအနေဖြင့် ကဘူးလ်အစိုးရနှင့် အာဖဂန်ပြည်သူများအား ဝန်ချတောင်းပန်ရေး လှုံ့ဆော်မှုများ ဖြစ်ပေါ်စေခဲ့သည်။ 

#အာဖဂန်တွင်သြစတြေးလျအထူးတပ်ဖွဲ့ဝင်တို့က_စစ်ရာဇဝတ်မှုကျူးလွန် #တရုတ်နိုင်ငံရေးဝန်ကြီးဋ္ဌာနပြောခွင့်ရပုဂ္ဂိုလ် #တရုတ်သံတမန်ကတွီတာ၌ဖိုတိုရှော့ဓါတ်ပုံလွှင့်တင် 

((( Russia Today., 3 Dec, 2020,” WeChat deletes Australian PM Morrison’s post on China amid row with Beijing over doctored image of Aussie soldier and trade.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.rt.com/news/508527-australia-wechat-china-row/ 
https://www.rt.com/op-ed/508216-china-australia-soldier-afghanistan/ 
https://twitter.com/zlj517/status/1333214766806888448/photo/1 
https://www.rt.com/news/508310-china-australia-afghanistan-war-crimes/ 
https://www.rt.com/news/508310-china-australia-afghanistan-war-crimes/ 

0

Leave a Reply

Your email address will not be published.