မြို့ပြအခြေပြု ပြောက်ကြားစစ်နည်းဗျူဟာကို အကြမ်းဖက်ခြင်းအဖြစ် နိုင်ငံတကာ လက်ခံထားပါသလား

“ အကြမ်းဖက်ခြင်း “ အကြောင်း ၂၀၀၇-ခုနှစ်လောက်ကစပြီး စာအုပ်-သတင်းအထောက်အထားများ စတင်စုဆောင်းပါတယ်။ အသက်မွေးအလုပ်ကြောင့် တစ်ချို့နှစ်များမှာ စာရွက်တစ်ရွက်တောင် မစုမိကြောင်း ဝန်ခံပါတယ်။

ဝါသနာအရ “ အကြမ်းဖက်ခြင်း ““ အကြမ်းဖက်သမား “ အကြောင်း လေ့လာရင်း Civic Guerrilla warfare မြို့ပြအခြေပြု ပြောက်ကြားစစ်နည်းဗျူဟာ ခေါ် Modern Guerrilla warfare ခေတ်မီပြောက်ကြားစစ်နည်းဗျူဟာ ဆိုတာ ပြောက်ကြားစစ်ပါရဂူ ဥက္ကဋ္ဌကြီးမော်ရဲ့ ပြောက်ကြားစစ်နည်းဗျူဟာကို ပြောင်းပြန်လှန်ထားကြောင်း ကောင်းကောင်း သိပါတယ်။

“ အရင်းကပ်တော့-နာ၊ အဖျားကပ်တော့-သာ “ “ ကျေးရွာတွေကို အခြေပြု မြို့ကြီးတွေကို ဝိုင်းပတ် “ ဆိုတဲ့ ဥက္ကဋ္ဌကြီးမော်ရဲ့ လက်တွေ့အောင်မြင်ခဲ့တဲ့ အဆိုအမိန့်တွေကို ပြောင်းပြန်လှန်ထားခြင်းပါ။

မြို့ကြီးတွေမှာ မိမိရဲ့ အင်အားအနည်းငယ်မျှလောက်ကို အရပ်သားတွေနဲ့ ရောနှောနေစေရာက တစ်ဦးချင်း-တစ်ဖွဲ့ချင်း ရန်သူအပေါ် အလစ်အငိုက် ချောင်းမြောင်း သတ်ဖြတ်ခြင်းပါ။ တစ်ဆက်တည်းမှာပဲ လူစည်ကားတဲ့ ဈေး၊-ဘူတာရုံ- ဝတ်ပြုဆုတောင်းရာနေရာတို့လို တိုက်ပွဲဖြစ်လျှင် အများအာရုံစိုက်- ကန့်ကွက်ခံရမည့်နေရာမျိုးကို ရွေးခြယ် စစ်မြှူ- စစ်ထိုးလေ့ရှိပါတယ်။

ဒီနည်းလမ်းနဲ့ တန်ပြန်ချေမှုန်းသူမှာ အခက်ကြုံရပြီး၊ ပျက်စီးဆုံးရှုံးမှု့များကို အကြောင်းပြုလို့ ဝါဒဖြန့်-လူသစ်-ငွေကြေး စုဆောင်းဖို့လဲ လွယ်ကူစေပါတယ်။

ဖိလစ်ပိုင် မာရဝီမှာ မောတေသူပုန်တို့ရဲ့ မြို့ပြအခြေပြု ပြောက်ကြားစစ်နည်းဗျူဟာ မျိုး ဗီယက်နမ်-ဗီယက်ကောင်းတွေနဲ့ အိုင်ယာလန်တော်လှန်ရေးသမားတွေ ကျင့်သုံးမိခဲ့သလား လိုက်ရှာ ဖတ်နေပါတယ်။

တစ်ဆက်တည်းမှာပဲ မြို့ပြအခြေပြု ပြောက်ကြားစစ်နည်းဗျူဟာကို Terror , Terrorism “ အကြမ်းဖက်ခြင်း “ လို့ ကမ္ဘာက အဓိပ္ပါယ်ဖွင့်ဆိုထားသလားဆိုတာ လည်း ဆက်လက်လေ့လာနေပါတယ်။

အခုတွေ့ထားတာ တူရကီခွဲထွက်ရေးကာ့ဒ်သူပုန် PKK တွေဟာ နိုင်ငံတကာက ဘာ့ကြောင့် “ အကြမ်းဖက် အဖွဲ့အစည်း ” အဖြစ် ကြေညာ-သတ်မှတ်တာကို ခံလိုက်ရတယ်ဆိုတာပါပဲ။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

0

Leave a Reply

Your email address will not be published.