ယခုရက်ပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သေဆုံးကြရခြင်းမှာ မြန်မာအပါအဝင် နိုင်ငံတကာအား ခြောက်လှန့်လျှက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ဗဟုသုတမျှဝေရေး၊ ကာကွယ်တားဆီးရေးအတွက် Facebook လူမှု့ကွန်ယက်၌ Post , Video လွှင့်တင်သည်များရှိခဲ့သည်။ ဤတွင် ဗိုင်းရပ်စ်ကာကွယ်ရေး ငရုတ်ကောင်းစေ့ ၇-စေ့စားကြရန် ရပ်ကွက်အတွင်း အသံချဲ့စက်ဖြင့် လိုက်လံဆော်သြခြင်း၊ “ ဝူဟန်မြို့ သို့အလည်တစ်ခေါက် “အရက်သောက်ခြင်းဖြင့် ကာကွယ်နိုင်ကြောင်း Post , Video လွှင့်တင်ခြင်းများကို New York Times , South China Morning Post ကဲ့သို့ နိုင်ငံတကာမီဒီယာကြီးများက ချက်ချင်းသိရှိပြီး ပြောင်လှောင်ပြက်ရယ်ပြုကြပါသည်။
ယခုအခါ မြန်မာနိုင်ငံသည် နိုင်ငံတကာတရားခုံရုံး ( ICJ ) နိုင်ငံတကာရာဇဝတ်တရားရုံး ( ICC ) ကဲ့သို့ နိုင်ငံတကာအမြင့်ဆုံးတရားရေးအဖွဲ့အစည်းများအပြင်၊ ကုလသမဂ္ဂအထွေထွေညီလာနှင့် အခြားနိုင်ငံတကာအရေးကြီးဆွေးနွေးပွဲများ၊ မီဒီယာတို့မျက်နှာဖုံးသတင်းတွင် ရှေ့တန်းရောက်နေသည်။
ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံအတွင်း အပါအဝင် အခြားနိုင်ငံတို့၏ သက်ဆိုင်ရာအစိုးရတို့၏ သတင်းထုတ်ပြန်ချက်များကို CNN, Guardian, New York Times, BBC စသည့်နိုင်ငံတကာမီဒီယာကြီးများက ပြန်လည်ဖော်ပြကြရာ၌ #Quarantine “ #ကွာရန်တင်း “ ဆိုသည့် စကားလုံးမှာ နေ့စဉ်လိုလို မတွေ့ချင်အဆုံးဖြစ်ရသည်။
ဝါးလုံးခေါင်းထဲ သာလျှက်ရှိသော ‘လ ‘ တို့သည် ၎င်းကို သိရှိကြပါသလား၊ သိလျှင်လည်း “ ကြွေးရှင်နှင့် မျက်နှာချင်းဆိုင်တွေ့ရသလို “ဘာ့ကြောင့်များ မျက်နှာလွှဲ လက်ရှောင်ရပါသနည်း။
နိုင်ငံတကာက သတိပြုစောင့်ကြည့်နေသည်ကို မမေ့သင့်။ သူများနည်းတူမဟုတ်လျှင် ခံလည်းခံ၊ နံလည်း နံရလိမ့်ရပါလိမ့်မည်။
ဆိုတော့ကာ ကျွန်တော်တို့အဖြစ်မှာ ကျွန်တော်တို့ဆီက သစ်ပင်တွေလို စိုက်တာ တစ်ဖွဲ့-ခုတ်တာက တစ်ဖွဲ့၊ အခုတ်ခံရတော့ အားလုံးဖြစ်နေလေသည်။
အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine
https://edition.cnn.com/asia/live-news/coronavirus-outbreak-02-05-20-intl-hnk/index.html
https://www.bbc.com/news/world-asia-china-51389490
https://www.aljazeera.com/podcasts/thetake/2020/02/life-coronavirus-quarantine-200204221533410.html