နိုင်ငံတကာ ပတ်စ်ပို့များတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံကူးလက်မှတ်မှာ ပါဝါအနည်းဆုံးတွင် အဆင့် ၉ သို့ ရောက်ရှိနေပြီး နယူးဇီလန်မှာ ကမ္ဘာ့ပါဝါအကြီးဆုံး နိုင်ငံကူးလက်မှတ်ဖြစ်၊ ဗီဇာမလိုပဲ ခရီးသွားနိုင်ခြင်းနှင့် နိုင်ငံ၏ ကူးစက်ကပ်ရောဂါ ဖြစ်ပွားမှုမှာ ကမ္ဘာ့နိုင်ငံကူးလက်မှတ် အညွှန်းကိန်းဖြစ်လာ

Global Passport Power Rank 2020 မှ ထုတ်ပြန်ချက်အရ နိုင်ငံတကာ ပတ်စ်ပို့များတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံကူးလက်မှတ်မှာ ပါဝါအနည်းဆုံးတွင် အဆင့် ၉ သို့ ရောက်ရှိနေပြီး နယူးဇီလန်မှာ ကမ္ဘာ့ပါဝါအကြီးဆုံး နိုင်ငံကူးလက်မှတ်ဖြစ်သည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။ 


လွန်ခဲ့သည့်နှစ်နှင့် ယှဉ်လျှင် ဘင်္ဂလားဒေ့ရ်ှသည် အမှတ် ၅၀ ရရှိခဲ့သဖြင့် ၂၃ ဆင့် ပိုမို မြင့်တက်လာခြင်းဖြစ်aသာ်လည်း အောက်တိုဘာ ၂ ရက်တွင်ထုတ်ပြန်သော နိုင်ငံကူးလက်မှတ် ပါဝါအဆင့်တွင်မူ ၄၃ မှတ်သာရ ရှိပြီး တောင်ဆူဒန်နှင့် တန်းတူ အဆင့် ၆၇-သို့ ရောက်ရှိနေသည်ဆို၏။ 

  
နိုင်ငံကူးလက်မှတ်များအတွက် အမှတ်ပေး သတ်မှတ်ရာတွင် မည်သည့်နိုင်ငံသို့မဆို ဗီဇာမလိုပဲ သွားရောက်နိုင်ခြင်းနှင့် ဆိုက်ရောက်ဗီဇာ ရရှိနိုင်ခြင်းများအပေါ် မူတည်ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

  
၎င်းသည် “ အာတွန်ကက်ပီတယ် “ အမည်ရှိ ကနေဒါအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသားများဘဏ္ဍာရေးအကြံပေး ကုမ္ပဏီက ဗီဇာမလိုပဲ နိုင်ငံတကာ ခရီးသွားလာနိုင်မှုပမာဏကို တိုင်းတာသည့် အညွှန်းကိန်းများအနက် တစ်ခုဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံနှင့် နယ်မြေ ၆ ခုပါဝင်တို့အပေါ် အကဲဖြတ်သုံးသပ်ထားခြင်းဖြစ်သည်။ 

  
အဆင့်သတ်မှတ်ရာတွင် အဓိကအားဖြင့် ခရီးသွားရောက်နိုင်မှု၊ ဗီဇာလိုအပ်ချက်၊ အီလက်ထရောနစ်နည်းပညာအသုံးပြုလျှက် ခရီးသွားလာနိုင်ခြင်း၊ နိုင်ငံကာခရီးသွားဝင်ရောက်ခွင့် ရရှိနိုင်မှု ရမှတ်တို့ပါဝင်သည်။ ယခုနှစ်တွင်မူ ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုင်ရာ ဆောင်ရွက်ချက်နှင့် ကန့်သတ်ချက်များကိုပါ အလေးထား ထည့်သွင်းသည်။ 

  
နယူးဇီလန်နိုင်ငံသည ်နိုင်ငံပေါင်း ၁၂၉ နိုင်ငံသို့ ဗီဇာမလိုပဲ ဝင်ရောက်ခွင့်ဖြင့် ၁၂၉-မှတ် ရရှိကာ ထိပ်ဆုံးမှ အဆင့် ( ၁ ) အဖြစ် ရပ်တည်လျှက်ရှိသည်။ အဆင့် ( ၂ ) တွင် ၁၂၈ -မှတ်အသီးသီးရရှိသော ဂျာမနီ၊ သြစတြီးယား၊ လူဇင်ဘတ်၊ ဆွစ်ဇာလန်၊ အိုင်ယာလန်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် သြစတေးလျတို့ဖြစ်သည်။ 

  
အဆင့် ( ၃ ) ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဖင်လန်၊ အီတလီ၊ အဆင့် ( ၄ ) နယ်သာလန်၊ ဒိန်းမတ်၊ ပေါ်တူဂီ၊ လစ်သူ၊ နော်ဝေး၊ အိုက်စလန်၊ ကနေဒါ တို့ဖြစ်သည်။ 


မှတ်သားဖွယ်ရာမှာ အမေရိကန်သည် နိုင်ငံပေါင်း ၅၂ နိုင်ငံသို့ ဗီဇာမလိုပဲ သွားရောက်နိုင်ပြီး ဆိုက်ရောက်ဗီဇာရရှိနိုင်သည့် နိုင်ငံ ၄၀ ရှိသဖြင့် မလေးရှားနှင့်အတူ အဆင့် ၂၁ တွင် တည်ရှိနေခြင်းဖြစ်သည်။ အိန္ဒိယသည် အခြား ၄ နိုင်ငံနှင့်အတူ ၅၈ မှတ် ရရှိကာ အဆင့် ၅၂ တွင် နေရာရရှိခဲ့သည်။ 

အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံတို့မှာ ရမှတ် ၃၁ သာရှိပြီး ဆီးရီးယား (၃၄)၊ ဆိုမာလီယာ (၃၅) နှင့်ယီမင် (၃၆) တို့၏ အောက်ဆုံးတွင် ရောက်ရှိနေသည်။ 


လွန်ခဲ့သောတစ်နှစ်ပတ်လုံးတွင် ကမ္ဘာတစ်ဝှမ်း နိုင်ငံကူးလက်မှတ်ပါဝါအနေဖြင့် မတည်ငြိမ်မှုများရှိနေသော်လည်း နိုင်ငံကူးလက်မှတ်အညွှန်းကိန်းမှာမူ ကူးစက်ကပ်ရောဂါကာလ၌ နိုင်ငံကူးလက်မှတ်အဆင့်အတန်း အပေါ် အမှန်တကယ် အကျိုးသက်ရောက်မှုကို ပြသနိုင်သည်။ 

  
အချက်အလက်များအရ ခရီးသွားလာခွင့် ယာယီပိတ်ပင်ခြင်းနှင့် ဗီဇာကန့်သတ်ချက်များသည် တစ်ချိန်က အင်အားကြီး နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့်နိုင်ငံများစွာတို့အား ယခုအခါ ကမ္ဘာ့အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိစေသည်။ 


နိုင်ငံကူးလက်မှတ်အညွှန်းကိန်းသည် နိုင်ငံတစ်နိုင်ငံ၏ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေနှင့် ၎င်း၏နိုင်ငံကာခရီးသွားဝင်ရောက်ခွင့် ရရှိနိုင်မှု (WOS) တို့ဖြင့် ဖော်ပြလျှက်ရှိသည်။ 
စတင်မှတ်သားသည့် ၂၀၁၅ ခုနှစ်မှစ၍ WOS သည် တစ်နှစ်လျှင်ပျမ်းမျှနှုန်း ၆% ဖြင့် ပုံမှန် တိုးတက်လျှက်ရှိပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံကာခရီးသွားဝင်ရောက်ခွင့် ရရှိနိုင်မှု ှု ၅၄% သို့ရောက်ရှိခဲ့သည်။ 


ကူးစက်ကပ်ရောဂါဖြစ်ပွားသည်နှင့် ဗီဇာသဘောတူညီချက်များမပြောင်းလဲသော်လည်း နိုင်ငံတွင်း ဝင်ရောက်ခွင့် ယာယီပိတ်ပင်မှုများနှင့် နယ်စပ်များ ပိတ်ရခြင်းတို့ကြောင့် WOS တွင် သိသိသာသာ ကျဆင်းသွားပြီး၊ ရက်သတ္တပတ်အနည်းငယ်အတွင်း ၆၅% အထိ ထိုးဆင်းသွားရသည်။ 

  
ပါဝါ အနည်းဆုံးနိုင်ငံကူးလက်မှတ်များအဖြစ် ( ၁ ) အာဖဂန်နစ္စတန်နှင့် အီရတ် ( ၂ ) ဆီးရီးယား ( ၃ ) ဆိုမာလီ ( ၄ ) ယီမင် ( ၅ ) အီရန်နှင့် ပါလက်စတိုင်းနယ်မြေ ( ၆ ) ပါကစ္စတန် ( ၇ ) #မြန်မာနှင့်_မြောက်ကိုရီးယား #ရမှတ်_၄၁၊အဆင့်_၇၀၊ ( ၈ ) အီသီယိုးပီးယား၊ လက်ဘနွန်၊ လစ်ဗျား၊ နီပေါ၊ အီရစ်ထရီးယာား ( ၉ ) ဘင်္ဂလားဒေ့ရှ်နှင့် တောင်ဆူဒန် ( ၁၀ ) ဆူဒန်နိုင်ငံတို့ဖြစ်သည်။ 

  
(( ကိုရိုနာဗိုင်းရပ်စ်ရောဂါမှာ ကာကွယ်ဆေးရရှိသည့်တိုင် နောင် ၃ – ၄နှစ်ခန့်အထိ အရှိန်ရိုက်ခတ်နိုင်ပါသည်။ နိုင်ငံများစွာတို့သည် စိတ်ပိုင်းဆိုင်ရာဖိစီးမှု၊ စီးပွားရေးနှင့် လူမှုရေး ထိခိုက်ပျက်ပြားမှုဒါဏ်ကို မခံနိုင်တော့သည့်အဆုံး ရောဂါမပြန့်ပွားရေး တားဆီးပိတ်ဆို့မှုများကို ဖြေလျှော့ပေးရတော့မည်ဖြစ်သည်။ 


နိုင်ငံတကာ ကူးလူးသွားလာမှုများ အကန့်အသတ်ဖြင့် ပြန်လည်စတင်မည်ဖြစ်သော်လည်း ကာကွယ်ဆေးလည်း များများ မဝယ်နိုင်၊ ဗီဇာကန့်သတ်ချက်လည်းများပြား၊ စီမံခန့်ခွဲမှု ညံ့ဖျင်း၍ ကိုရိုနာဗိုင်းရပ်စ်နှင့် ဒလိမ်းထိုးနေသော န ိုင်ငံမှ နိုင်ငံသားများသည် အများတန်းတူ အခွင့်အရေး မရရှိနိုင်ချေ။ “ နူရာဝဲစွဲ၍ လဲရာ သူခိုးထောင်း ခံရသည့် ကိန်း “ ဆိုက်ရလိမ့်မည်ဖြစ်သည်။ ။ သတင်းဘာသာပြန်သူ )) 

#ကမ္ဘာ့နိုင်ငံကူးလက်မှတ်ညွှန်းကိန်း_ဘင်္ဂလားဒေ့ရှ်_မြန်မာ

  
((( Dhaka Tribune., Oct 06, 2020,” Bangladesh passport 9th least powerful.By: Md Saidun Nabi” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/bangladesh/2020/10/06/bangladesh-passport-9th-least-powerful 


https://www.passportindex.org/byRank.php 

https://www.passportindex.org/byIndividualRank.php

1+

Leave a Reply

Your email address will not be published.