ပြည်တွင်း လူမျိုးခြားများအား နိုင်ငံသားအဖြစ် လျှင်မြန်လွယ်ကူစွာ ခံစားခွင့်ပြုသည့် အိန္ဒိယနိုင်ငံသား ဥပဒေပြင်ဆင်ချက် ( CAB ) သည် အိန္ဒိယ၏ ဂရုဏာယဉ်ကျေးမှု့ကို ဖော်ညွှန်းလိုခြင်းသာဖြစ်ပြီး ၎င်းအတွက် အကြမ်းဖက်အဓိကရုန်းများဖြစ်ပွားနေခြင်းအပေါ် စိတ်ထိခိုက်ရကြောင်း ဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။
အာသံပြည်နယ်မှ စတင်ခဲ့သည့် နိုင်ငံသားဥပဒေအပေါ် ကန့်ကွက်ဆန္ဒပြမှု့များသည် မြို့တော် နယူးဒေလီသို့ ကူးစက်လာပြီးနောက် ရက်သတ္တပတ်အတွင်း မွန်ဘိုင်း၊ ဟိုက်ဒရာဘတ်၊ ခိုးလ်ကတ္တားနှင့် အခြားမြို့ကြီးများသို့ ပြန့်နှံ့လျှက်ရှိသည်။ ထိုစဉ်အတောအတွင်း မမျှော်လင့်ပဲ အကြမ်းဖက်ကန့်ကွက်မှု့များဖြစ်ပွားလာသည့်အတွက် ပြင်းထန်စွာ စိတ်ထိခိုက်ရပါကြောင်း ဝန်ကြီးချုပ်မိုဒီ၏ ခံစားရေးသားချက်များကို ၎င်း၏ Twitter စာမျက်နှာ၌ တွေ့မြင်ရသည်။
နိုင်ငံသားဥပဒေအရ ၂၀၁၄-ခုနှစ် ဒီဇင်ဘာ ၃၁-ရက်နေ့မတိုင်မီ ပါကစ္စတန်-ဘင်္ဂလာဒက်ရှ်နှင့် အာဖဂန်နစ္စတန်တို့မှ ဝင်ရောက်လာခဲ့ပြီး ပြည်တွင်းနယ်မြေ အစိတ်အပိုင်း၌ အခြေချနေထိုင်သူများအား နိုင်ငံသားပြုခွင့်ပေးထားသည်။ ထို့သို့ နိုင်ငံသားပြုခွင့်ရရှိနိုင်သူများမှာ ဟိန္ဒူ-ခရစ်ယာန်-ဆစ်ခ်-ဗုဒ္ဓဘာသာ-ဂျိန်းနှင့် ဇိုရိုအက်စတာဘာသာဝင် စသည့်ဖြင့် ဘာသာဝင် ၆-မျိုးတို့အတွက်ဖြစ်သာဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များ ပါဝင်ခြင်း မရှိချေ။
အဆိုပါဥပဒေကြမ်းသည် အိန္ဒိယပါလီမန်တွင် အခြေအတင်ဆွေးနွေးကြပြီးနောက် ထောက်ခံမဲအများစုဖြင့် အတည်ပြုခဲ့သည်။ ထို့နောက်ပိုင်းတွင် သမ္မတက လက်မှတ်ရေးထိုးခြင်းဖြင့် တရားဝင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ဥပဒေအကောင်အထည်ပေါ်စေရန် ဟိန္ဒိူအမျိုးသာရေးဝါဒီ မိုဒီ၏ ဖိအားပေးမှု့ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
BJP ပါတီ၏ ဘာသာရေးဘက်လိုက်သည်ဆိုခြင်းကို မိုဒီက ငြင်းဆိုထားပြီး ညီညွတ်ခြင်း- မျှတခြင်းနှင့် ယိုင်းပင်းခြင်း လွှမ်းခြုံသော ရာစုနှစ်ချီယဉ်ကျေးမှု့တည်ရာ နိုင်ငံတစ်ဝှမ်း အေးချမ်းငြိမ်သက်စေရန် အားထုတ် လျှက်ရှိသည်ကို တွေ့ရှိရသည်။
ယမန်နေ့ အိန္ဒိယမြောက်ပိုင်း လခ်နောင်းမြို့တွင် ကန့်ကွက်ဆန္ဒပြသူ ကျောင်းသားများက လမ်းမပေါ်၌ အတားအဆီးများ ချထားကာ ပိတ်ဆို့ဟန့်တားလျှက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကျောက်ခဲများဖြင့် ပစ်ပေါက်ကြသည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 က ယနေ့ရေးသားသည်။ တနင်္ဂနွေနေ့ နယူးဒေလီ ဂျမီးယားမီလီယာအစ္စလာမ်မီးယားတက္ကသိုလ် သပိတ်မှောက်ကျောင်းသားများအား အကြမ်းဖက်ဖြိုခွင်းသည့် အတွက် ဒေါသဖြစ်လျှက်ရှိသော လခ်နောင်းကောလိပ်ကျောင်းသားများနှင့် မြို့ခံတို့ပါဝင်သည့် ကန့်ကွက်ဆန္ဒပြသူများသည် အဆိုပါတက္ကသိုလ်အကြမ်းဖက်ဖြိုခွင်းမှု့တွင် တာဝန်ရှိသူများအား အရေးယူပေးရန် တောင်းဆိုကြသည်။
အစ္စလာမ်မီးယားတက္ကသိုလ် သပိတ်ဖြိုခွင်းခံရပြီးနောက် နယူးဒေလီမြို့တော်တွင် ဆန္ဒပြသူများက ဘတ်စ်ကား အတော်များများကို မီးတင်ရှို့ခဲ့ကြသည်။ ကျဆုံးအိန္ဒိယစစ်သည်အထိမ်းအမှတ် နယူးဒေလီမြို့စစ်မုခ်ဦးရှေ့ စုရုံးဆန္ဒပြရာတွင် အတိုက်အခံ အိန္ဒိယနေရှင်နယ်ကွန်ဂရက်ပါတီ ဥက္ကဌ ( ဝန်ကြီးချုပ်ဟောင်းများဖြစ်ကြသော အင်ဒီရာဂန္ဓီ၏ မြေး၊ ရာဂျစ်ဂန္ဓီနှင့် ဆိုနီယာဂန္ဓီတို့၏ သား ) ရာဟူးလ်ဂန္ဓီ၏ ညီမဖြစ်သူ ပရီယန်ကာဂန္ဓီဗက်ထရာ ( ပါတီအထွေထွေအတွင်းရေးမှူး ) ကို ပါတီထောက်ခံသူများနှင့်အတူ တွေ့မြင်ကြရသည်။
အစ္စလာမီယားတက္ကသိုလ်ကန့်ကွက်ရာတွင် အာဏာရမိုဒီ၏ BJP ပါတီနှင့် ဆက်နွယ်သူ လက်ယာစွန်းကျောင်းသားအုပ်စုများက ဆန္ဒပြခြင်း မပြုလုပ်ရန်နှင့် ကန့်ကွက်သူများအား တိုင်းပြည်မှ နှင်ထုတ်မည်ဖြစ်ကြောင်း၊ ပါကစ္စတန်သို့ သွားနေကြခြိမ်းခြောက်ခဲ့ကြကြောင်း၊ ကန့်ကွက်သူများတွင် ဟီဂျပ်ခေါင်းမြီးခြုံ ဝတ်ဆင်ထားသူ မိန်းကလေးများအား တမင်ရွေးချယ်ကာ လူအုပ်အတွင်းမှ ဆွဲထုတ်ကြသည်ဟု ဆန္ဒပြသူများက ပြောဆိုသည်။
အနောက်ဘင်္ဂလားတွင် အဆောက်အအုံအချို့နှင့် မီးရထားများ မီးရှို့ခံရပြီး၊ မီးရထားဘူတာရုံများ၌ စုဝေးဆန္ဒပြသူများ အား ရဲတပ်ဖွဲ့ဝင်များက နံပတ်ဒုတ်များဖြင့် ရိုက်နှက် လူစုခွဲခဲ့ကြောင်း သတင်းရရှိသည်။
((( Russia Today., 16 Dec, 2019, “‘Deeply distressing’ to see violent riots against citizenship bill aimed at shielding victims of persecution outside India – Modi.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
#အိန္ဒိယနိုင်ငံသားဥပဒေကန့်ကွက်ဆန္ဒပြမှု့နိုင်ငံတစ်ဝှမ်းပြန့်နှံ့
https://www.rt.com/news/475979-modi-laments-citizenship-protests/
https://bdnews24.com/neighbours/2019/12/16/india-citizenship-law-protests-spread-across-campuses