နိုင်ငံသားဥပဒေ ကန့်ကွက်မှု့ အဓိကရုန်းများ၌ လူ ၁၄ – ဦးထက်မနည်း သေဆုံးရပြီးနောက် နိုင်ငံတော်လုံခြုံရေးအခြေအနေဆွေးနွေးရန် ဝန်ကြီးများအား မိုဒီခေါ်ယူ။ နိုင်ငံသားဥပဒေနှင့် အိန္ဒိယ- ဘင်္ဂလားဒက်ရှ်ဆက်နွယ်မှု့

အိန္ဒိယ၏ နိုင်ငံသားဥပဒေပြင်ဆင်ချက် CAB အပေါ် ကန့်ကွက်ကြရာမှ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အကြမ်းဖက်အဓိကရုန်းများဖြစ်ပွားသဖြင့် သေဆုံးသူ ၁၄-ဦးထက်မနည်း ရှိပြီဖြစ်သည်။ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် နိုင်ငံသားဥပဒေကန့်ကွက်အဓိကရုန်းများနှင့် နိုင်ငံတော်လုံခြုံရေးအခြေအနေကို တနင်္ဂနွေနေ့၌ဆွေးနွေးရန် ဝန်ကြီး ၁၄-ဦးပါ ကောင်စီကို ဖိတ်ခေါ်ထားကြောင်း Reuters အား ကိုးကားလျှက် Dhaka Tribune က ယနေ့ရေးသားသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုက်ရှန်ကာသည် ကက်ရှ်မီးယားအရေးဆွေးနွေးရန် ရောက်ရှိနေသည့် အမေရိကန် ကွန်ဂရက်အမတ်နှင့် တွေ့ဆုံမည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။ CAB ဥပဒေသည် ဖွဲ့စည်းပုံနှင့် ညီညွတ်ခြင်းမရှိ၍ ဖျက်သိမ်းပေးရန် စုပေါင်းလက်မှတ်ရေးပေးပို့မှု့ပေါင်းများစွာတို့ကို အိန္ဒိယတရားလွှတ်တော်ချုပ်က လာမည့် ဗုဒ္ဓဟူးနေ့တွင် စတင်ကြားနာမည်ဖြစ်သည်။

အိန္ဒိယမြို့ကြီးများတွင် ကန့်ကွက်ဆန္ဒပြရာမှ အကြမ်းဖက်မှု့များဖြစ်ပွားပြီး ထိခိုက်ဒါဏ်ရာရရှိခြင်းနှင့် ဖမ်းဆီးမှု့ သတင်းများထွက်ပေါ်သည်။ နယူးဒေလီ၊ ခိုးလ်ကတ္တား၊ ချင်းနိုင် ( မဒရပ် ) မြို့များတွင် ရုန့်ရင်းဆန်ခတ်မှု့များ ဖြစ်ပွားပြီး အူတာပရာဒက်ရှ်ပြည်နယ်မြောက်ပိုင်း အဓိကရုန်းများ၌ ၄၈ နာရီအတွင်း သေဆုံးသူ ၁၁-ဦးအထိ ရှိခဲ့သည်။ ဒါဏ်ရာရရှိသူအများအပြားတွင် ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်သည်။ နိုင်ငံတစ်ဝှမ်း ခရိုင်ပေါင်း ၂၁-ခရိုင်တွင် အင်တာနက်အဆက်အသွယ်များ ထိန်းချုပ်ထားသည်ကို တွေ့ရှိရပြီး၊ ဖမ်းဆီးခံရသူ ၂၀၀ ခန့်ရှိ၍ ခြေချုပ်ထိန်းသိမ်းခံရသူ ၃,၃၀၅ – ဦး ရှိကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံအတွင်း ခိုးဝင် ၄-သန်းရောက်ရှိနေကြောင်း သတင်းများနှင့်အတူ နာရင်ဒြာမိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ ( BJP ) ပါတီမှာ ခိုးဝင်နှင်ထုတ်ရေးကြွေးကြော်သံဖြင့် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သည်။

၂၀၀၇-ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် ဘာသာရေးကွဲပြားမှု့အပေါ် ခွဲခြားဆက်ဆံခြင်း ဖိနှိပ်ရက်စက်ခံရသည်ဆိုသော ရခိုင်မြောက်ပိုင်းမှဆိုသူ မွတ်စလင်များမှာ သြစတေးလျှ နယူးဇီလန်ကဲ့သို့ စက်မှု့ဖွံ့ဖြိုးပြီး နိုင်ငံကြီးများတွင် ခိုလှုံခဲ့ကြသည်။ ၂၀၁၀ မတိုင်မီ ၎င်းတို့သည် လူမျိုးတစ်မျိုးဖြစ်သည်ဟု ဆိုလျှက် ထိုင်း-မလေးရှားနှင့် အခြားနိုင်ငံတို့တွင် ဒုက္ခသည်အဖြစ် ခိုလှုံခွင့် ရရှိခဲ့ကြသည်။

အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒက်ရှ်နိုင်ငံလွတ်မြောက်သည့် ၁၉၇၁-ခုနှစ် မတ်လ ၂၅ ရက်နေ့မတိုင်မီ ၎င်းနိုင်ငံအတွင်းရောက်ရှိနေသော ဘင်္ဂါလီများအား အိန္ဒိယနိုင်ငံသားအဖြစ် အသိအမှတ်ပြုခဲ့သည်။

အိန္ဒိယ၏ လွန်ခဲ့သည့် သြဂုတ်လ အာသံပြည်နယ် လူဦးရေစစ်ဆေးရာတွင် မွတ်စလင်အများစုဖြစ်သော လူပေါင်း ၁.၉ သန်းမှာ နိုင်ငံသားအဖြစ် အတည်ပြုရန် ခိုင်လုံခြင်းမရှိသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

၎င်းတို့သည် ရက်ပေါင်း ၁၂၀ အတွင်း သက်ဆိုင်ရာ တရားရုံးခွဲများ၌ အထောက်အထားပြသ၍ နိုင်ငံသား လျှောက်ထားကြရမည်ဖြစ်သည်။ နိုင်ငံမဲ့အဖြစ် သတ်မှတ်ခံရသူများသည် လူဝင်မှု့ကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်ခံရဖွယ်ရှိသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်တွင် အိန္ဒိယက နိုင်ငံသားခံယူခွင့် နောက်ဆက်တွဲပြင်ဆင်ချက်ဥပဒေကြမ်း CAB ကို အတည်ပြုခဲ့သည်။ အဆိုပါဥပဒေအရ ၂၀၁၄-ခုနှစ် ဒီဇင်ဘာ ၃၁-ရက်နေ့မတိုင်မီ ပါကစ္စတန်-ဘင်္ဂလာ ဒက်ရှ်နှင့် အာဖဂန်နစ္စတန်တို့မှ ဝင်ရောက်လာခဲ့ပြီး ပြည်တွင်းနယ်မြေ အစိတ်အပိုင်း၌ အခြေချနေထိုင်သူများအား နိုင်ငံသားပြုခွင့်ပေးထားသည်။ ထို့သို့ နိုင်ငံသားပြုခွင့်ရရှိနိုင်သူများမှာ ဟိန္ဒူ-ခရစ်ယာန်-ဆစ်ခ်-ဗုဒ္ဓဘာသာ-ဂျိန်းနှင့် ဇိုရိုအက်စတာဘာသာဝင် စသည့်ဖြင့် ဘာသာဝင် ၆-မျိုးတို့အတွက်ဖြစ်သာဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များ ပါဝင်ခြင်း မရှိချေ။

ထိုအတွက် အာသံပြည်နယ်တွင် CAB ဥပဒေကို ကန့်ကွက်ဆန္ဒပြမှု့များ ဖြစ်ပွားခဲ့ပြီး ပြည်နယ်အတွင်း တင်းမာမှု့များမှာ ရက်သတ္တပတ်အတွင်း လျှင်မြန်စွာ ပြန့်နှံ့ကြီးထွားလာခဲ့သည်။

အိန္ဒိယအာသံပြည်နယ်ရှိ မွတ်စလင် ၁.၉ သန်းမှာ အိန္ဒိယနှင့် ဘင်္ဂလားဒက်ရှ်အကြား စိတ်အနှောက်အယှက် ဖြစ်ရန် ဖန်တီးလျှက်ရှိသည်။ အဆို ပါမွတ်စလင်များတွင် မိမိနိုင်ငံသားဖြစ်ကြောင်း ခိုင်လုံလျှင် ပြန်ခေါ်မည်ဟု ဘင်္ဂလားဒက်ရှ်က ပြောဆိုသော်လည်း ထိုနည်းလမ်းအတိုင်းမဟုတ်ပဲ ဝင်ရောက်လာသူများကို ပြန်ပို့မည်ဟုဆိုသည်။

အိန္ဒိယ၏ ယခင်နှင့် ယခုနိုင်ငံသားဥပဒေများတွင် ရိုဟင်ဂျာလူမျိုးအမည်ရှိသူများမှာ နိုင်ငံသားအဖြစ် မည်သည့်အခါမျှ ထည့်သွင်းစဉ်းရန်မရှိကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးက ပြောဆိုပြီးဖြစ်သည်။

ဘင်္ဂလားဒက်ရှ်တွင် ရွေးကောက်ပွဲဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၀၄-သန်းရှိရာ ၎င်းတို့တွင် ရိုဟင်ဂျာဆိုသူတစ်ဦး တစ်ယောက်မျှမပါဝင်ကြောင်း ဘင်္ဂလားဒက်ရှ်ရွေးကောက်ပွဲကော်မရှင်က ပြောဆိုသည်။ ဆိုလိုသည်မှာ ဘင်္ဂလားဒက်ရှ်က ပြောဆိုသည့် ရိုဟင်ဂျာဆိုသူများမှာ မြန်မာနိုင်ငံစစ်ဖက်ဖြိုခွင်းမှု့ကြောင့် ထွက်ပြေးလာသည်ဆိုသော ကော့ခ်ဘဇားဒုက္ခသည်စခန်းရှိတွင် ခိုလှုံနေသူများသာဖြစ်ပြီး ဘင်္ဂလားဒက်ရှ်တရားဝင်လူမျိုးစာရင်းတွင် ရိုဟင်ဂျာ မရှိချေ။ ( အောက်-၉၊ ၂၀၁၉။ Ukhia News & Dhaka Tribune “ Rohingya NID fraud: CEC says EC not at fault.” ကို ရှု့ )

ထို့ကြောင့် အိန္ဒိယနိုင်ငံအတွင်း တရားမဝင်မွတ်စလင်များ၌ ရိုဟင်ဂျာဆိုသူများ ပါလာခဲ့လျှင် ဘင်္ဂလားဒက်ရှ် အစိုးရအနေဖြင့် ကော့ခ်ဘဇားဒုက္ခသည်စခန်းသို့ ပို့ဆောင်ယုံမှတစ်ပါး အခြားနည်းလမ်းမရှိချေ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., Dec. 21, 2019. “Modi summons ministers to discuss security situation following protests.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/world/south-asia/2019/12/21/modi-summons-ministers-to-discuss-security-situation-following-protests

https://www.dhakatribune.com/world/south-asia/2019/12/18/india-citizenship-law-sc-to-hear-petitions-challenging-amended-law

https://www.dhakatribune.com/world/2019/12/20/indian-fm-cancels-meet-with-us-lawmakers-explains-why

https://www.dhakatribune.com/world/south-asia/2019/12/21/caa-protests-hospitals-list-11-dead-in-up-cops-say-6

bdnews24.com/world/south-asia/2019/12/20/six-killed-in-protests-over-india-citizenship-law-in-uttar-pradesh

https://www.dhakatribune.com/bangladesh/nation/2019/09/30/rohingya-nid-fraud-cec-claims-ec-not-at-fault

https://time.com/5665262/india-national-register-of-citizens-stateless-assam/

https://bdnews24.com/neighbours/2019/12/16/india-citizenship-law-protests-spread-across-campuses

#ဘင်္ဂလားဒက်ရှ်တရားဝင်လူမျိုးစာရင်း #အိန္ဒိယနိုင်ငံသားဥပဒေနှင့်ဘင်္ဂလားဒက်ရှ်

0

Leave a Reply

Your email address will not be published.