နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပေါက်ကြားစေမှုဖြင့် ဆက်နွယ်လျှက် ထောင်ဒါဏ် ကျခံလျှက်ရှိသူ ချယ်ဆီးမန်းနင်းမှာ ထောင်အတွင်း မိမိကိုယ်မိမိသေကြောင်းကြံစည်ပြီးနောက် ဒါဏ်ငွေ ၂ သိန်းခွဲကျော် တပ်ရိုက်ခံရ။ အိုဘားမားလက်ထက် ၇-နှစ်ဖြင့် လွတ်ငြိမ်းပေးခဲ့သူအား ဒေါ်နယ်ထရမ့်လက်ထက် တရားစွဲဆိုခံရမှု

အမေရိကန် နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားစေမှုနှင့် ဆက်နွယ်လျှက် တရားရုံးတော်ရှေ့မှောက် စစ်မေး သည်ကို ငြင်းဆိုသဖြင့် ချုပ်နှောင်ထားခြင်းခံရသူ ချယ်ဆီးမန်းနင်းအား တရားရုံးက လွှတ်ပေးမည်ဖြစ်သည်။ သို့သော်လည်း ရုံးတော်အား မထီမဲ့မြင်ပြုမှုဖြင့် ဒါဏ်ငွေ ၂၅၆,၀၀၀ ခန့် ဒေါ်လာပေးဆောင်ရန်ရှိနေသေး ကြောင်း Russia Today က ယနေ့ရေးသားသည်။

ဗာဂျီနီးယားပြည်နယ် ခရိုင်တရားသူကြီးအန်တိုနီထရီဂါက ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းမှာ အလက်ဇန္ဒြီး ယားထိန်းသိမ်းရေးစခန်း၌ ချုပ်နှောင်ထားခြင်းခံရသူ ချယ်ဆီးမန်းနင်းက အကျဉ်းထောင်အခန်းအတွင်း အိပ် ယာခင်းအားအသုံးပြု၍ ကြိုးဆွဲချသေရန် ကြံစည်ကြောင်း သတင်းထွက်ပေါ်ခဲ့ပြီး နောက်တစ်နေ့၌ဖြစ်သည် ဆို၏။

ချယ်ဆီးမန်းနင်း ( ၃၂-နှစ် ) အား ပြင်းထန်စွာအနိုင်အထက်ပြုရာရောက်သည်အထိ ရေရှည်ထိန်းသိမ်းထား ရန်မရှိကြောင်း အမိန့်တွင်ပါရှိသည်။ လွန်ခဲ့သည့်နှစ် ၁-ရက်လျှင် ဒေါ်လာ ၁,၀၀၀ နှုန်းဒါဏ်ငွေပေးဆောင်ရန် စီရင်ချက်ချမှတ်ခဲ့ပြီး ထောင်ဒါဏ်ပါ ပူးတွဲချမှတ်ခဲ့သော လက်ရှိတရားသူကြီး၏ အမိန့်မှာ ချယ်ဆီးမန်းနင်း အနေဖြင့် ဒေါ်လာ ၁-သန်း၏ ၄-ပုံ ၁-ပုံမျှရှိ သော ငွေကို ချက်ချင်းပေးဆောင်ရဖွယ်ရှိသည်။  

ထို့ပြင် နှစ်ရှည်ထောင်ကျခံခဲ့ရပြီးသော ချယ်ဆီးမန်းနင်းက ထောင်ကျခံမည့်အစား ဒါဏ်ငွေပေးဆောင်သည့် လမ်းကြောင်းအား ရွေးချယ်ခြင်း ရှိ-မရှိကိုလည်း ရှင်းလင်းစွာ မသိရချေ။ ဘဝတူဖြစ်သော အက်ဒ်ဝပ်စနိုးဒင်ကမူ ဒါဏ်ငွေအစား ထောင်ဒါဏ်ကို ရွေးချယ်ရန် ပြောဆိုသည်။

လွန်ခဲ့သည့်နှစ် မတ်လ ၉-ရက်နေ့တွင် အမေရိကန်စစ်ဖက်ထောက်လှမ်းရေးအမှုထမ်းဟောင်း ချယ်ဆီးမန်းနင်း သည် ဗာဂျီးနီးယားပြည်နယ်၊ အလက်ဇန္ဒြီးယား ဒိစတြိတ်တရားရုံးတော်၏ တရားသူကြီးနှင့် ဂျူရီအဖွဲ့ဝင်များ ရှေ့မှောက်၌ ဝီကိလိခ်သို့ ပေးအပ်ခဲ့သည့် စာရွက်စာတန်းများနှင့်ပတ်သက်၍ အသေးစိတ်ထွက်ဆိုရန် ငြင်းဆန် ခဲ့သည်။

မန်းနင်းက ဝီကီလိခ်သို့ ၎င်းပေးအပ်ခဲ့သည့် စာရွက်စာတန်းများနှင့် ပတ်သက်၍ အစိုးရ၏ ကာလကြာမြင့်စွာ စုံစမ်းစစ်ဆေးလျှက်ရှိခြင်းကို အမေရိကန်ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ချက် ပထမ၊ စတုတ္ထနှင့် ဆဋ္ဌမပုဒ်မများပါ ကင်းလွတ်ခွင့်များအား ကိုးကားလျှက် ဖြေဆိုရန် ငြင်းပယ်ခဲ့သည်။ ထိုအတွက် တရားရုံးတော်အား မထီမဲ့မြင်ပြု ကာ တရားစီရင်ရေးတွင် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဟု ထိုစဉ်မှစကာ ဖမ်းဆီးခြင်းခံထားရသည်။

၂၀၀၉-ခုနှစ် အီရတ်နိုင်ငံ အမေရိကန်စစ်စခန်းတွင် ထောက်လှမ်းရေးဆိုင်ရာ သတင်းသရုပ်ခွဲဆန်းစစ်ရေးဌာန၌ ဘရက်ဒလီအက်ဒဝပ်မန်းနင်းအမည်ဖြင့် တပ်သားအဖြစ် အမှု့ထမ်းခဲ့သူ ချယ်ဆီးမန်းနင်းသည် အစိုးရလျှို့ဝှက် ချက်ဆိုင်ရာ စာရွက်စာတန်းများ ပေါက်ကြားစေမှု့ဖြင့် ၂၀၁၀-ခုနှစ်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။

ဖက်ဒရယ်စစ်ခုံရုံးတွင် ၃-နှစ်ကြာ စစ်ဆေးပြီးနောက် အက်ဒဝပ်မန်းနင်းသည် စစ်ဖက်နှင့် သံတမန်ရေးရာ ကြေး နန်းများ၊ စစ်မြေပြင်ဆိုင်ရာပုဂ္ဂိုလ်တို့အမည်ပါ စာရွက်စာတန်း ၇၀၀,၀၀၀ ကျော်ကို ဝီကီလိခ်သို့ ပေးအပ် ခြင်း ဖြင့် ၁၉၁၇-ခုနှစ် ပြည်ထောင်စုလျှို့ဝှက်ချက်အက်ဥပဒေအား ဖေါက်ဖျက်ကျူးလွန်ကြောင်း ထင်ရှားသည်ဟု ၎င်းအား ထောင်ဒါဏ် ၃၅-နှစ် ပြစ်ဒါဏ်ချမှတ်ခဲ့သည်။

၂၀၁၃-ခုနှစ်၌ ၎င်းအား ပြစ်ဒါဏ်ချမှတ်သည့်နေ့မှာပင် သူသည် မွေးရာပါ ဒွိလိင်ပိုင်ရှင်ဖြစ်ပြီး မအင်္ဂါ ထင်ရှားသူ ဖြစ်ကြောင်း၊ ဆေးကုသမှု့ခံ၍ မိန်းမဘဝအဖြစ်သို့ပြောင်းလဲခွင့်ပြုပါရန် မန်းနင်းက လျှောက်ထားရာ ခွင့်ြ့ပုချက် ရရှိခဲ့သည်။

လိင်ပြောင်းလဲ၍ ချယ်ဆီးအဲလိဇဘက်မန်းနင်းအမည်ဖြင့် မိန်းမတစ်ဦးဖြစ်လာသူအား အမေရိကန်ပြည်တွင်းနှင့် ကမ္ဘာအရပ်ရပ်မှ ဂရုဏာသက်ကာ ပြစ်ဒါဏ်မှ လွတ်ငြိမ်းခွင့်ပြုရန် တောင်းဆိုမှု့ ပြင်းထန်သွားခဲ့သည်။ နိုင်ငံတ ကာ အဖွဲ့အစည်းအချို့က ဆုတံဆိပ်များ ချီးမြှင့်ကြပြီး နိုဘယ်ငြိမ်းချမ်းရေးဆု အမည်စာရင်းတင်သွင်းရန်အထိ ပြောဆိုသူ ထွက်ပေါ်ခဲ့သည်။

၂၀၁၇-ခုနှစ်တွင် ရွေးကောက်ပွဲအနိုင်ရသူ ဒေါ်နယ်ထရမ့်သို့ ရာထူး အပြောင်းအလဲပြုလုပ် ပေးရတော့မည့် ဆဲဆဲ သမ္မတအိုဘားမားသည် ပြည်တွင်းပြည်ပဖိအားများကြောင့် ချယ်ဆီးမန်းနင်းအား ပြစ်ဒါဏ်မှ လျှော့ပေါ့ ပေးခဲ့ရာ ထိုအချိန်တွင် ၎င်း၏ အကျဉ်းကျ သက်တမ်း မှာ ၇-နှစ် ရှိနေပြီဖြစ်သည်။

ဒုတိယအကြိမ် ချယ်ဆီးမန်းနင်းအဖမ်းခံရခြင်းနှင့် မရှေးမနှောင်း အဖမ်းခံရသူမှာ ဝီကီလိခ်ပူးတွဲတည်ထောင်သူ ဂျူလီယန်အက်ဆေ့န်ချ် ( ၄၈-နှစ် ) ဖြစ်သည်။ ၂၀၁၉-ခုနှစ် ဧပြီ ၁၁-ရက်နေ့တွင် လန်ဒန်မြို့ အီကွာဒိုနိုင်ငံသံရုံး အတွင်း ပုန်းအောင်းခိုလှုံနေသူ ဂျူလီယန်အက်ဆေ့န်ချ်ကို လန်ဒန်ရဲတို့က ဝင်ရောက်ဖမ်းဆီးခဲ့သည်။ အီကွာဒိုး က နိုင်ငံရေးခိုလှုံခွင့် ရုတ်သိမ်းပြီး နာရီပိုင်းအတွင်း အဖမ်းခံရခြင်းဖြစ်ပြီး ဗြိတိသျှ အာမခံအက်ဥပဒေအား ချိုး ဖောက်မှု့ဖြင့် ထောင်ဒါဏ် ရက်သတ္တပတ် ( ၅၀ ) ချမှတ်ခြင်းခံရသည်။

အက်ဆေ့န့်ချ်အား လုံခြုံရေးအကြောင်းပြချက်ဖြင့် လန်ဒန်မြို့ ဘဲလ်မက်ရှ်အကျဉ်းထောင်တွင် ယခုထိ ဆက် လက်ချုပ်နှောင်ထားပြီး အမေရိကန်ပြည်ထောင်စုအား တရားခံအဖြစ် လွှဲပြောင်းပေးရန် စစ်ဆေးကြားနာ လျှက်ရှိသည်။

အမေရိကန်အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ အီရတ်နှင့်အာဖဂန်နစ္စတန်ဆိုင်ရာစစ်ရေးနှင့် နိုင်ငံ ၁၂-နိုင်ငံကျော်ရှိ သံတမန်ရေးရာလျှို့ဝှက်အဆင့်အတန်းသတ်မှတ်ခံ စာရွက်စာတမ်းများအား ၂၀၁၁-ခုနှစ်တွင် အများသူငါသိရှိစေရန် ထုတ်ဝေဖြန့်ချီခဲ့သူ ဂျူလီယန်အက်ဆေန့်ချ်သည် ၁၉၁၇-ခုနှစ် အမေရိကန်နိုင်ငံ တော်လျှို့ဝှက်ချက်အက်ဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာရောက်သဖြင့် စွဲချက်ပေါင်း ၁၈-ချက်ဖြင့် တရား စွဲဆိုမည်ဖြစ်ပြီး ထောင်ဒါဏ် ၁၇၅-နှစ် အပြစ်ပေးခံရဖွယ်ရှိကြောင်း သိရှိရသည်။

(( အမေရိကန်နိုင်ငံ၏ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေကို ပထမကမ္ဘာစစ်တွင် အမေရိကန်နိုင်ငံ စစ်အတွင်း ပါဝင်လာပြီးနောက် ၁၉၁၇-ခုနှစ်၌ ပြဌာန်းခဲ့ခြင်း ဖြစ်သည်။ ယခင် ဗြိတိသျှလက်အောက် ဥပဒေကို အခြေခံ ထားခြင်းဖြစ်သည်။ ဗြိတိသျှကိုလိုနီဟောင်းများဖြစ်ကြသော အိုင်ယာလန်၊ ဟောင်ကောင်၊ မြန်မာ၊ အိန္ဒိယ၊ မလေးရှား၊ စင်္ကာပူတို့တွင် ကာလတစ်ခုထိ အသုံးပြုခဲ့ကြ၍ သြစတေးလျှနှင့် နယူးဇီလန်တို့ကလည်း အသုံး ပြုခဲ့ဖူးသည်။   ။ သတင်းဘာသာပြန်သူ ))

 ((( Russia Today., 12 Mar, 2020,” Chelsea Manning RELEASED from jail after suicide attempt, still must pay $256k fine – judge” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာ သာပြန်ဆိုသည်။ အကြောင်းအရာတူဖော်ပြချက်များမှာ ကိုးကားပါ Links များအတိုင်းဖြစ်သည်)))

#အမေရိကန်နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ #ချယ်ဆီးအဲလိဇဘက်မန်းနင်း #ဂျူလီယန်အက်ဆေ့န့်ချ်

https://www.rt.com/usa/482983-manning-release-suicide-attempt-jail/ .

https://www.rt.com/news/483039-chelsea-manning-snowden-principles/

https://www.rt.com/usa/457261-manning-appeal-federal-court/

https://www.reuters.com/article/us-usa-manning-idUSKCN1QP1ZO?utm_campaign=trueAnthem%3A+Trending+Content&utm_content=5c82bd1d3ed3f00001b28f3e&utm_medium=trueAnthem&utm_source=facebook&fbclid=IwAR0V1s0RWcVQMvLehFCDswA3Gx13FTvlHwTzKCEQSGnR6Mgh78PQLKrpotU

https://www.freemalaysiatoday.com/category/world/2017/05/19/chelsea-manning-unveils-post-jail-look/

https://www.theguardian.com/commentisfree/2019/may/26/prosecuting-julian-assange-for-espionage-poses-danger-freedom-of-press

https://www.washingtonpost.com/outlook/2019/05/28/indictment-assange-is-blueprint-making-journalists-into-felons/?noredirect=on&utm_term=.bd31b03daf0b

https://www.rt.com/news/460117-us-charges-julian-assange-classified/

https://psmag.com/social-justice/what-julian-assanges-indictment-means-for-journalism

https://www.rt.com/usa/457261-manning-appeal-federal-court/oday.com/category/world/2017/05/19/chelsea-manning-unveils-post-jail-look/

https://www.reuters.com/article/us-usa-manning-idUSKCN1QP1ZO?utm_campaign=trueAnthem%3A+Trending+Content&utm_content=5c82bd1d3ed3f00001b28f3e&utm_medium=trueAnthem&utm_source=facebook&fbclid=IwAR0V1s0RWcVQMvLehFCDswA3Gx13FTvlHwTzKCEQSGnR6Mgh78PQLKrpotU

0

Leave a Reply

Your email address will not be published.