နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် အမေရိကန်တွင် ထောင်ဒါဏ် ၁၇၅-နှစ် ကျခံရမည့် ဝီကီလိခ်ပူးတွဲတည်ထောင်သူအား တရားခံအဖြစ် လွှဲပြောင်းပေးအပ်ရန် ကြားနာစဉ် လန်ဒန်တွင် ဆက်လက်ချုပ်နှောင်ထားခြင်းခံရ

ဝီကီလိခ်ပူးတွဲ တည်ထောင်သူမှာ ဗြိတိန်တွင် ပြစ်ဒါဏ်ကျခံကာလ ပြီးဆုံးပြီဖြစ်သော်လည်း အမေရိကန်သို့ တရားခံအဖြစ် လွှဲပြောင်းပေးအပ်ရန် ကြားနာလျှက်ရှိစဉ် လန်ဒန်အကျဉ်းထောင်တွင် ဆက်လက်ချုပ်နှောင်ထားရန် စီရင်ချက် ချမှတ်ခြင်းခံရသည်ဟု Russia Today က ယနေ့ရေးသားသည်။ 

၂၀၁၂-ခုနှစ်ကတည်းက လန်ဒန်အီကွာဒိုသံရုံးတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေသော ဂျူလီယန်အက်ဆေ့န့်မှာ အီကွာဒိုနိုင်ငံက ခိုလှုံခွင့် ရုတ်သိမ်းပြီးနောက် ဧပြီ ၁၁၊ ၂၀၁၉ ၌ လန်ဒန်ရဲတို့ ဝင်ရောက်ဖမ်းဆီးခြင်းခံခဲ့ရသည်။ အသက် ၄၈ နှစ်အရွယ် ဝီကိလိခ်ပူးတွဲတည်ထောင်သူအား သတင်းပေးရန်ပျက်ကွက်မှုဖြင့် ထောင်ဒါဏ်ကျခံစေရန် လန်ဒန်ရာဇဝတ်တရားရုံးက စီရင်ချက်ချမှတ်ခဲ့ရာ လွန်ခဲ့သည့် စက်တင်ဘာ ၂၂-ရက်နေ့တွင် ပြစ်ဒါဏ်ကျခံကာလ ပြီးဆုံး၍ ပြန်လွှတ်ပေးရမည်ဖြစ်သည်။ 


သို့သော်လည်း ထိုပြန်လွှတ်ပေးခဲ့လျှင် ထွက်ပြေးသွားနိုင်ကြောင်း ယုံကြည်ရန်အကြောင်း ခိုင်လုံသဖြင့် ဘဲလ်မတ်ရှ်အကျဉ်းထောင်တွင် ဆက်လက်ထိန်းသိမ်းထားရန် ဝက်စ်မင်နစ္စတာတရားရုံး အကြီးတန်း ခရိုင်တရားသူကြီးက သောကြာနေ့၌ အမိန့်ချမှတ်ခဲ့သည်။ 

ရမန်ကာလအတွင်း အမည်နှင့် အသက်ကိုသာ ထုတ်ဖော်ထွက်ဆိုခဲ့သော အက်ဆေန့်သည် ယခင်နည်းတူပျက်ကွက်လျှက်ရှိခြင်းကြောင့် ဆက်လက်ချုပ်နှောင်ထားရန်နှင့် လာမည့် အောက်တိုဘာ ၂၂- ရက်နေ့၌ ထပ်မံ ကြားနာရန် ချိန်းဆိုကြောင်း တရားသူကြီး၏ ၅-မိနစ်ခန့်သာရှိသည့် စီရင်ချက်၌ ဖော်ပြထားသည်။ 



၂၀၀၇-ခုနှစ် အီရတ်နိုင်ငံတွင် အမေရိကန်စစ်ဖက်က ဂျာနယ်လစ်များနှင့် အရပ်သားများအပေါ် တိုက်ခိုက်ခဲ့ပုံအထောက်အထားများကို ‘Collateral Murder’ အမည်ရှိ ဗွီဒီယိုဖြင့် ဝီကီလိခ်က ဖွင့်ချခဲ့သည်။ ဂျူလီယန်အက်ဆေန့်သည် အမေရိကန်နိုင်ငံ၏ လျှို့ဝှက်အဆင့်အတန်းသတ်မှတ်ထားသော သတင်းများကို လက်ဝယ်ပိုင်ဆိုင်ထားရှိခြင်း၊ ဖြန့်ဝေခြင်းဖြင့် နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုကျူးလွန်သည်ဟု စွဲချက်တင်ခြင်း ခံရသည်။ ထိုအတွက် ဂျူလီယန်အက်ဆေန့်အား တရားခံအဖြစ် လွှဲပြောင်းရရှိနိုင်ရန် အမေရိကန် အစိုးရအဆက်ဆက်တို့က အားထုတ်ခဲ့ကြသည်။ အကယ်၍ အပြစ်ကျူးလွန်ကြောင်း ပေါ်ပေါက်သည်ဟု ဆုံးဖြတ်ခြင်း ခံရလျှင် အက်ဆေန့်အနေဖြင့် ထောင်ဒါဏ် ၁၇၅-နှစ် ကျခံရမည်ဖြစ်သည်။ 

လွန်ခဲ့သည့် ၆-လ ယနေ့အချိန်တွင် အက်ဆေ့န်အား အီကွာဒိုသံရုံးအတွင်း ဝင်ရောက်၍ ဥပဒေမဲ့ဖမ်းဆီးခဲ့ကြသည်။ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ဂျူလီယန်အက်ဆေ့န့်အား အမေရိကန်တွင် ထောင်ဒါဏ် ၁၇၅-နှစ် အပြစ်ပေးနိုင်သည့် တရားခံအဖြစ် လွှဲပြောင်းပေးမည်ဖြစ်သည်။ အက်ဆေ့န့်အား မည်သည့်ပြစ်မှုကျူးလွန်ကြောင်း မခိုင်လုံပဲ ဘယ်လ်မတ်ရှ်အကျဉ်းထောင်တွင် ချုပ်နှောင်ထားကြောင်း စီရင်ချက်ချမှတ်အပြီး ဝီကိလိခ်က ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားထားသည်ကို တွေ့ရှိရသည်။ 


(( မြန်မာနိုင်ငံ လျှို့ဝှက်ချက်ပေါက်ကြားမှုဥပဒေသည် ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်၍ ပုဒ်မ ၁၅-ခုခန့်သာ ပါရှိသည်။ အမေရိကန် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို အမေရိကန် ပထမကမ္ဘာစစ်အတွင်း ဝင်ရောက်ချိန် ၁၉၁၇-ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ဖြစ်သည်။ ၎င်းဥပဒေသည် အင်္ဂလိပ်ကိုလိုနီအဖြစ် အမေရိကန် ကျရောက် စဉ် ၁၈၈၉-ခုနှစ် ဗြိတိသျှတရားဝင်လျှို့ဝှက်ချက် အက်ဥပဒေ British Official Secrets Act အပေါ် အခြေခံထားခြင်းဖြစ်ပြီး ပုဒ်မ ၅၀ ခန့်ပါဝင်သည်။ ။ သတင်းဘာသာပြန်သူ ))

((( အောက်တိုဘာ – ၁၂၊ ၂၀၁၉ ၊ Russia Today., 11 Oct, 2019 , “ Julian Assange to remain locked up in UK prison following brief court appearance ahead of US extradition hearing” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 


https://www.rt.com/news/470708-assange-remanded-custody-extradition/https://www.rt.com/news/470708-assange-remanded-custody-extradition/ 

0

Leave a Reply

Your email address will not be published.