ရှိတ်ဟာစီနာအား လုပ်ကြံရန်နှင့် ဘင်္ဂလားဒေ့ရှ်၌ အကြမ်းဖက်ကြရန် ဗြိတိန်တွင်နေ၍ လူမှု ကွန်ယက်မှ လှုံဆော်သူ လန်ဒန်တရားရုံးက ထောင်ဒဏ်ချမှတ်။ ၁-ပုဒ် ၁-နှစ်နှုန်းဖြင့် ထောင် ၃-နှစ်ကျ။ ပြစ်ဒဏ်ကျခံမှုပြီးဆုံးသည့်အခါ ပြင်ပ၌ ကောင်းမွန်စွာနေထိုင်ပါမည်ဟု ခံဝန်ရေးထိုးရမည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အကြမ်းဖက်မှုများဖြစ်ပေါ်စေရန် လှုမှုကွန်ယက်၌ ရေးသားလွှင့်တင်သူတစ်ဦးအား ဗြိတိန်တရားရုံးတော်က ထောင်ဒဏ် ၃-နှစ် အပြစ်ပေးလိုက်သည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 (24 Mar,2021) က ရေးသားသည်။…   
လန်ဒန်မြို့ တောင်ပိုင်းနေ အသက် ၅၀ အရွယ် မန်နာဟမ်ဇား ဆိုသူ၏ ပြုလုပ်မှု ၃-ခုတို့သည် အကြမ်းဖက်မှုကို လှုံဆော်အားပေးကြောင်း ထင်ရှားသဖြင့် ၂၀၀၆-ခုနှစ် အကြမ်းဖက်ဆန့်ကျင်ရေးအက်ဥပဒေအရ ထောင်ဒဏ် ၃-နှစ် ကျခံစေရန် အပြစ်ပေးလိုက်ကြောင်း၊ ပြစ်ဒဏ်ကျခံမှုပြီးဆုံးသည့်အခါ ပြင်ပ၌ ကောင်းမွန်စွာနေထိုင်ပါမည်ဆိုသည်ကို ခံဝန်ရေးထိုးရမည်ဟု ဝူးလ်ဝစ်ချ်ကရောင်းတရားရုံးတော်၏ မတ် ၁၄-၇က်နေ့ စီရင်ချက်၌ ပါရှိသည် ဆို၏။…   
ဟမ်ဇားသည် #ဝန်ကြီးချုပ်_ရှိတ်ဟာဆီနာနှင့် #ဘင်္ဂလားဒေ့ရှ်အစိုးရအား အကြမ်းဖက်ကြရန် လူမှုကွန်ယက်တွင် ရေးသားလွှင့်တင်ခဲ့ကြောင်း မက်ထရိုပိုလစ်တန်ရဲတပ်ဖွဲ့၏ တနင်္လာနေ့ ဝဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။…   
ဟမ်ဇားဆိုသူသည် ဘင်္ဂလားဒေ့ရှ်အစိုးရအား အကြမ်းဖက်ကြရန် အွန်လိုင်းတွင် ရေးသားလွှင့်တင်လျှက်ရှိကြောင်း လူမှုကွန်ယက်အသုံးပြုသူတစ်ဦး၏ သတင်းပေးချက်အရ မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဋ္ဌာနက ဟမ်းဇားအား ၂၀၁၈-ခုနှစ် ဇူလိုင်လ၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။…   
ဟမ်ဇား၏ အန္တရာယ်ရှိသည့် အစွန်းရောက်ပို့စ်များအကြောင်း သတိပေးသည့် ပြည်သူလူထုအား လေးစားဂုဏ်ယူပါကြောင်း၊ ဟမ်ဇားအား ဖမ်းဆီးနိုင်ခြင်းဖြင့် အကြမ်းဖက်မှုနှင့် ပျက်စီးဆုံးရှုံးစေမည့် နောက်ဆက်တွဲများ ဖြစ်ပေါ်စေရန် လှုံဆော်ဖြန့်ဝေကြခြင်းအပေါ် ထိရောက်စွာ ဟန့်တားနိုင်လိမ့်မည်ဖြစ်ကြောင်း၊ ဆိုးရွားသည့် အကြမ်းဖက်မှုကို လှုံ့ဆော်ရာရောက်သည့် အစွန်းရောက်သတင်းဖြန့်ဝေသူ မည်သူမဆို တရားစွဲဆိုခံရနိုင်သည်ကို အများသိရှိကြလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ အကြမ်းဖက်ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ အများပြည်သူတို့ထံမှ နှစ်စဉ်ထောင်ချီသည့် သတင်းပေးတိုင်ကြားချက်များက ရဲတပ်ဖွဲ့အား ကူညီလျှက်ရှိကြောင်း မက်ထရိုပိုလီတန်အကြမ်းဖက်တိုက်ဖျက်ရေးဋ္ဌာနမှူးက ပြောဆိုသည်။…    
မေ ၁၇၊ ၂၀၁၈ ရက်နေ့တွင် ဟမ်ဇား၏ ပို့စ်များအကြောင်း အွန်လိုင်းအသုံးပြုသူတစ်ဦးက သတင်းပေးခဲ့ခြင်းဖြစ်သည်။ မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဋ္ဌာနသည် လွှင့်တင်သူအားဖော်ထုတ်ခြင်း အပါအဝင် စေ့စပ်စွာ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဟမ်ဇား၏ ရေးသားချက်များအနက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အား အကြမ်းဖက်ရန် အခြားသူများအား တိုက်တွန်းသည့် စိုးရိမ်ဖွယ် အချက် ၅-ချက်ကို ကောက်ယူနိုင်ခဲ့ သည်။

၎င်းနှစ် ဇူလိုင် ၄-ရက်နေ့တွင်  လန်ဒန်တောင်ပိုင်းရှိ ၎င်း၏ အလုပ်ခွင်တွင် ဟမ်ဇားအား ဖမ်းဆီးခဲ့ပြီး ကွန်ပျူ တာ၊ မီမိုရီစတစ်များအား သိမ်းဆည်း၍ မှုခင်းစစ်ဆေးရေးဋ္ဌာနသို့ ပေးပို့ခဲ့သည်။ ဟမ်ဇားက ၎င်းအနေဖြင့် ပို့စ်များ လွှင့်တင်ခဲ့ကြောင်း သက်သေခံထွက်ဆိုပြီးနောက် ၎င်းအား အာမခံပေးခဲ့သည်။…   
အကြမ်းဖက်မှုတိုက်ဖျက်ရေးဋ္ဌာန၏ အစိတ်အပိုင်းဖြစ်သော အင်တာနက်အကြမ်းဖက်မှုဆိုင်ရာယူနစ် (CTIRU) က ဟမ်ဇား၏ ပို့စ်များသည် ဗြိတိန်နိုင်ငံ၏ တည်ဆဲ အကြမ်းဖက်မှုဆိုင်ရာ ဥပဒေနှင့် ငြိစွန်းဖွယ်ရှိကြောင်း တွေ့ရှိသည်။…   
ထိုနောက်ပိုင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဟမ်ဇားအား အကြမ်းဖက်ရန် အားပေးလှုံ့ဆော်မှု စွဲချက် ၄ ခု ဖြင့် တရားစွဲဆိုသည်။ ဟမ်ဇား၏ ပို့စ် ၃-ခုတို့သည် အကြမ်းဖက်မှုဆိုင်ရာဥပဒေကို ဖောက်ဖျက်ကျူး ရာရောက်သည်ဟု ယခုနှစ် ဇန်နဝါရီလ ၁၃-ရက်နေ့တွင် ဝူးလ်ဝစ်ချ်ကရောင်း တရားရုံးတော်က စွဲချက်တင်ခဲ့သည်။ အဆိုပါ ပို့စ် ၃-ခုတို့ကို ဟမ်ဇားက ၂၀၁၅-ခုနှစ် စက်တင်ဘာလမှ ၂၀၁၈ ခုနှစ် ဇွန်လအတွင်း လွှင့် တင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

(( ယခုသတင်းနှင့် ပတ်သက်လျှက် မြန်မာပြည်နှင့်ပတ်သက်၍ အကြမ်းဖက်မှု လှုံဆော်ရာရောက်သော ပို့စ်များကို ဗြိတိန် နိုင်ငံနေထိုင်သူက အွန်လိုင်းမှ လွှင့်တင်ခဲ့လျှင် လန်ဒန်တရားရုံးများက အရေးယူနိုင်ခြင်း ရှိ-မရှိ သိရှိ လိုကြမည်ထင်ပါသည်။

ဗြိတိန်အပါအဝင် နိုင်ငံကြီးအတော်များများတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေများ ပြဋ္ဌာန်းထားပြီး အလွန်ကျယ်ပြန့်-အသေးစိတ်ကြောင်း ကျွန်တော်ကြားဖူးသော်လည်း အသေးစိတ် အတိအကျ ကိုမူ မသိရှိပါ။

ယခုဖြစ်စဉ်သည် ဗြိတိန်နိုင်ငံသား ဘင်္ဂါလီမျိုးနွယ်ဝင်တစ်ဦးက ဗြိတိန်နိုင်ငံအတွင်း နေထိုင်စဉ် အမှုကျူးလွန်ခြင်းဖြစ်ပြီး မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဋ္ဌာနက တရားစွဲဆို၍ လန်ဒန်တရားရုံးတော်က အပြစ်ပေးခြင်းဖြစ်ကြောင်း သတိပြုမိပါသည်။

ဗြိတိန်၏ အဆိုပါဥပဒေသည် ၎င်းနိုင်ငံပြင်ပကို ကျော်လွန်ကာ အခြားနိုင်ငံများ ပြည်တွင်း၌ အကြမ်းဖက်ခြင်း- အကြမ်းဖက်ရန်လှုံဆော်ခြင်းများကိုလည်း လွှမ်းခြုံခြင်း ရှိ-မရှိ ကျွန်တော် မသိပါ။

သို့သော် #ဘင်္ဂလားဒေ့ရှ်သည်_ဗြိတိသျှဓနသဟာယအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်နေ၍သာ ယခုကဲ့သို့ တရားစွဲဆိုခြင်း ဖြစ်နိုင်ကြောင်း မှန်းဆမိပါသည်။ ။ သတင်းဘာသာပြန်သူ ))

(((bdnews24., bdnews24, “UK jails man who encouraged terrorism in Bangladesh, violence against Hasina.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
…#ရှိတ်ဟာစီနာအားလုပ်ကြံရန်_လူမှု ကွန်ယက်မှ_လှုံဆော်သူ_လန်ဒန်တရားရုံးအမိန့်ချမှတ်

https://bdnews24.com/bangladesh/2021/03/24/uk-jails-man-who-encouraged-terrorism-in-bangladesh-violence-against-hasina 

Leave a Reply

Your email address will not be published.