AA တပ်ပြေး ၃-ဦးကို ဖမ်းဆီးရမိထားကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ပြော။ AA စစ်စခန်းတွင် ၃-လကြာ သင်တန်းတက်ရောက်ပြီး ထွက်ပြေးလာခဲ့ကြဟု ဆို။ ဘင်္ဂလားဒေ့ရှ်နေ ဆွေမျိုးထံ သွားရောက်ရန် ကြိုးစားစဉ် ကိုဗစ် လော့ဒေါင်းချမှတ်ထားသော နယ်မြေ၌ ဖမ်းဆီးရမိဟု ဖော်ပြ


မြန်မာအစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် #ရက္ခိုင့်တပ်တော် #AA တပ်ဖွဲ့ဝင် ၃-ဦးတို့သည် မြန်မာနိုင်ငံမှ ထွက်ပြေး၍ #ဘန်ဒရာဘန် ဒေသအတွင်း ဝင်ရောက်ရန် ကြိုးစားစဉ် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့များက ဗုဒ္ဓဟူးနေ့၌ ဖမ်းဆီးရမိသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။


ဖမ်းဆီးခံထားရသူများမှာအသက် Niwai ( ၂၉ နှစ် ) Chassi ( ၃၂ နှစ် ) နှင့် Chalumang ( ၂၈ နှစ် ) တို့ ဖြစ်ကြောင်း Dhaka Tribune က ၎င်းတို့၏ အမည်ကို အင်္ဂလိပ်ဘာသာဖြင့် စာလုံးပေါင်းဖြင့် ဖော်ပြထားသည်။

…  
လွန်ခဲ့သည့် ရက်အနည်းငယ်က ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံနယ်စပ်ရှိ #ဝါလိဒေါင်ဧရိယာအား ဖြတ်သန်းလာကြသူများဖြစ်ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုဖြင့် အရေးယူထားကြောင်း #ဘန်ဒရာဘန်ဆတ်ဒါ နယ်မြေစခန်းမှူးက ရှင်းပြသည်။

…  
ဗုဒ္ဓဟူးနေ့ ညနေပိုင်း၌ ဘန်ဒရာဘန်ဆတ်ဒါ မြို့နယ် ဝင်ပေါက်တွင်  စစ်ဆေးရေးတာဝန်ရှိသူများက သံသယရှိသူများကို နေ့စဉ် စစ်မေးလျှက်ရှိကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသခံများအဆိုအရ သိရှိရသည်။

…   
ဘေးတွဲဆိုင်ကယ်ဖြင့် လိုက်ပါလာသူများကို စစ်ကြောစဉ် ၎င်းတို့ ၃-ဦးမှာ မြန်မာနိုင်ငံအတွင်း ပုန်ကန်သူအုပ်စုမှဖြစ်ပြီး ပဋိပက္ခများဖြစ်ပွားစဉ် ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်ကြောင်း၊ ထိန်းသိမ်းခံရသူများအနက် Chassi ဆိုသူ၏ အစ်မမှာ ဘန်ဒရာဘန်တွင်နေထိုင်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါတားဆီးကာကွယ်ရေးအတွက် လော့ဒေါင်းပြဋ္ဌာန်းထားစဉ် #ကော့ခ်ဘဇားမှ ဘန်ဒရာဘန်သို့ ဘေးတွဲဆိုင်ကယ်ဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဝန်ခံသဖြင့် ဖမ်းဆီးပြီးနောက် ရဲစခန်းသို့ အပ်နှံခဲ့သည်ဆို၏။

…    
ယခုနှစ်များအတွင်း ရက္ခိုင့်တပ်တော်အပါအဝင် လက်နက်ကိုင်သောင်းကျန်းသူအုပ်စုဝင်များစွာတို့မှာ ဘင်္ဂလားဒေ့ရှ် ခရိုင်အတွင်းရှိ မြို့နယ်များသို့ ထိုးဖောက်ဝင်ရောက်၍ လူသတ်မှု၊ ငွေညှစ်ခြင်းနှင့် ပြန်ပေးဆွဲခြင်းများ ကျူးလွန်လျှက်ရှိကြသည်။

#AA_တပ်ပြေး_၃-ဦးကို_ဘင်္ဂလားဒေ့ရှ်ဖမ်းဆီးရမိ

(((Dhaka Tribune., May 6th, 2021,” Police: 3 members of Arakan Army held in Bandarban.By: S Basu Das.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/bangladesh/nation/2021/05/06/3-members-of-arakan-army-held-while-entering-bandarban 

+2

Leave a Reply

Your email address will not be published.