ကြားရသော သတင်းအတွက် အင်မတန် အံ့သြမိပါသည်။
ARSA အကြမ်းဖက်အဖွဲ့ကို အိန္ဒိယအခြေစိုက် RAW အဖွဲ့က စတင်ထူထောင်သည်ဟု Facebook တွင် မြန်မာဘာသာဖြင့် ရေးသားသည်ကို တွေ့ရ သောကြောင့်ဖြစ်သည်။
R.A.W ဆိုသည်မှာ နာမည်အပြည့်အစုံဆိုလျှင် Research and Analysis Wing ( India ) သုတေသနနှင် ခွဲခြမ်းစိတ်ဖြာရေး လက်ရုံးတပ်ဖွဲ့ ဖြစ်ပြီး အိန္ဒိယအမျိုးသားထောက်လှမ်းရေးအဖွဲ့ကြီး၏ ပြည်ပစစ်ထောက်လှမ်းရေး တရားဝင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
တရုတ်-အိန္ဒိယနယ်ခြားပဋိပက္ခကာလ ၁၉၆၈ တွင် စတင်ဖွဲ့စည်းကြောင်း တွေ့ရှိရပြီး တရုတ်နယ်စပ် Sikkin ဆစ်ကင်း ပြည်နယ်သို့ အိန္ဒိယတပ်များ ဝင်ရောက်နိုင်ခြင်းမှာ RAW ၏ စွမ်းဆောင်ချက်တစ်ခုဖြစ်သည်ဆို၏။
၉ နှစ်တာကာလအတွင်း RAW ၏ အရည်အသွေးမှာ ကမ္ဘာလုံးဆိုင်ရာထောက်လှမ်းရေးအသိုင်းအဝိုင်း၌ အလျင်အမြန်ထင်ရှားခဲ့သည်။၊ အေဂျင်စီ၏အဓိကတာဝန်မှာနိုင်ငံခြားထောက်လှမ်းရေး ၊ အကြမ်းဖက်မှုတိုက်ဖျက် ရေး၊ ၎င်းအတွက် အိန္ဒိယမူဝါဒချမှတ်သူများအား အကြံပေးခြင်းနှင် ့အိန္ဒိယ၏နိုင်ငံရပ်ခြားမဟာဗျူဟာအကျိုးစီးပွားတိုးတက်ရေးတို့ဖြစ်သည်။
RAW သည် အိန္ဒိယနိုင်ငံ၏ ညူကလီးယားစီမံကိန်း၏လုံခြုံရေးတွင်လည်းပါဝင်သည်။ ပါကစ္စတန်ထောက်လှမ်းရေးနှင့် RAW တို့ ဉာဏ်ကစားကြပုံ အိန္ဒိယရုပ်ရှင်များထွက်ဖူးပြီး၊ RAW အကြောင်း YouTube တွင် အပိုင်းလိုက်ရှိနေသည်။ Twitter တွင် Raw ၏ လိပ်စာမှာ https://twitter.com/raw_secret ဖြစ်သည်။
အစ္စလာမ်မစ်စစ်သွေးကြတို့က အိန္ဒိယ တာ့ချ်မဟာ ဟိုတယ်အပိုင်စီးမှု့၊ အိန္ဒိယပါလီမန်အား အကြမ်းဖက်မှုတွင် RWA ၏ အရည်အသွေးကို မြင်တွေ့ရသည်ဟု ပြောဆိုသည်။ နိုင်ငံတကာ လေ့လာသုံးသပ်သူအများစုက RAW သည် စွမ်းရည်မြင့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ထိရောက်သောအဖွဲ့အစည်းတစ်ခုအဖြစ်သတ်မှတ်သည်။ အိန္ဒိယ၏အမျိုးသားအင်အား၏ အဓိကယန္တယား တစ်ခုဖြစ်သည်ဟုပင် သတ်မှတ်ခြင်းခံရသည်။
နယူးဒေလီတွင် ရုံးချုပ်တည်ရှိပြီး RAW အကြီးအကဲသည် အိန္ဒိယဝန်ကြီးအဖွဲ့အတွင်းရေးမှုးရုံးတွင် အတွင်းရေးမှူးတစ်ဦးအဖြစ်တာဝန်ယူရသည်။ RAW အကြီးအကဲကို အိန္ဒိယဝန်ကြီးချုပ်က ခန့်အပ်၍ ဝန်ကြီးချုပ်၏ တိုက်ရိုက်ကွပ်ကဲမှု့အောက်တွင်ရှိသည်။ ထူးခြားထောက်လှမ်းရေးသတင်းတို့ကို အစိုးရအဖွဲ့အတွင်းရေးမှူးမှတဆင့် ဝန်ကြီးချုပ်အား အစီရင်ခံတင်ပြရသည်။
မြန်မာနှင့် ဘင်္ဂလားဒက်ရှ်ပြည်တွင်းအကြမ်းဖက်အဖွဲ့အစည်းများ၊ မြန်မာ-ဘင်္ဂလားဒက်ရှ်နှင့် မြန်မာ- အိန္ဒိယနယ်စပ်တစ်လျှောက် အကြမ်းဖက်အဖွဲ့အစည်းများသတင်းကို အိန္ဒိယမီဒီယာများက ရေးသားရာတွင် သတင်းရင်းမြစ်များမှာ RAW ထံမှ ရရှိကြောင်း သံသယရှိစရာ မလိုတော့ချေ။
ထိုသတင်းများတွင် ပါကစ္စတန်ပြည်တွင်း ထောက်လှမ်းနှင့် ချိတ်ဆက်- စစ်လေ့ကျင့်မှု့ရရှိသော အကြမ်းဖက်အဖွဲ့များ၊ အကြမ်းဖက်အဖွဲ့အစည်းများသို့ ငွေကြေးထောက်ပံ့သည့် ပါကစ္စတန်အခြေစိုက် အစွန်းရောက်အဖွဲ့အစည်းများ သတင်းတို့ ပါဝင်တတ်သည်။
ARSA သည် အရှေ့အလယ်ပိုင်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆော်ဒီအာရေးဗီးယားမှတဆင့် ချိတ်ဆက်ရှိသည်ဟု ပထမဆုံး စတင်ဖော်ပြသူမှာမူ International Crisis Group ,ICG ဘယ်လ်ဂျီယန်အခြေစိုက် သုတေသန အဖွဲ့ ဖြစ်သည်။ ICG သည် ARSA အဖွဲ့ဝင်များနှင့် လူတွေ့မေးမြန်းခဲ့ပြီး ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
ARSA ခေါင်းဆောင် အတ္တအူလာသည် ပါကစ္စတန်တွင် ဘင်္ဂါလီမိဘနှစ်ပါးမှ မွေးဖွားပြီး၊ ဆော်ဒီအာရေးဗီးယားတွင် ကြီးပြင်းသူဖြစ်သည်။
ARSA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အတ္တတားအူလာ၏ အကိုတစ်ဦးမှာ RAW အဖွဲ့မှ အေးဂျင့်တစ်ဦးဖြစ်၍ ယခုအခါ ကွယ်လွန်သွားပြီဆို၏။ အတ္တားအူလာကပင် ကျန်ရစ်သူမရီးကို ထောက်ပံ့နေသည်ဟု ဖော်ပြထား သည်။ RAW ကို ပါကစ္စတန်နှင့် ချိတ်ဆက်ရှိသော အိန္ဒိယပြည်တွင်းအဖွဲ့အစည်းအဖြစ်ဖော်ပြထားရာ တကယ့် မဟာရန်သူတော်နှစ်ဦး၏ ထောက်လှမ်းရေးအဖွဲ့ချင်း ပူးပေါင်းသလိုဖြစ်နေ၍ အလွန်အမင်း အံ့သြရ ခြင်းဖြစ် သည်။
မကြာသေးမီက မြန်မာနိုင်ငံအနောက်မြောက်ဖျားပိုင်း ကုလားတန်စီမံကိန်းအတွက် တာဝန်ထမ်းဆောင်နေသော အိန္ဒိယနိုင်ငံသား ၅-ဦးကို AA က ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးစဉ် ၁-ဦးသေဆုံးပြီး ကျန် ၄-ဦးကို AA က ပြန်လွှတ်ပေးခဲ့သည်။ ထိုအဖြစ်အပျက်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပနေဆဲကာလဖြစ်သည်။
အစည်းအဝေးသို့ လေ့လာသူအဖြစ်တက်ရောက်ခဲ့သော နာရန်ဒြာမိုဒီသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ညီလာခံပြင်ပတွင် တွေ့ဆုံခဲ့သည်။
နှစ်နိုင်ငံနယ်ခြားတွင် စစ်သွေးကြွများ၊ အကြမ်းဖက်လက်နက်ကိုင်များ ခိုအောင်းခြင်း၊ လှုပ်ရှားခြင်းမရှိရအောင် အိန္ဒိယ-မြန်မာ စစ်ရေးပူးပေါင်းဆော်ရွက်မှု့ မြှင့်တင်လိုကြောင်း မိုဒီက ကမ်းလှမ်းသည်ဟု သတင်းများထွက်ပေါ်သည်။
ထိုသို့သော အခြေအနေတွင် NLD အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် ARSA ကို အိန္ဒိယစစ်ဖက်ထောက်လှမ်းရေးက ဖွဲ့စည်းပေးသည်ဟု သတင်းထွက်ပေါ်ခြင်းမှာ တွေးရခက်ကြီးဖြစ်သည်။ သတင်း ရင်းမြစ်စစ်ဆေးရန် လိုအပ်မည်ဖြစ်သည်။
အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine
https://www.newindianexpress.com/magazine/2018/jun/10/the-secret-battlefield-1825074.html
https://www.jagranjosh.com/general-knowledge/life-style-of-raw-agents-1475562719-1
#RWAResearch&AnalisisWing #ARSA #အိန္ဒိယပြည်ပစစ်ဖက်ထောက်လှမ်းရေး #အိန္ဒိယ-မြန်မာနယ်စပ်စစ်သွေးကြွ