“ တရုတ်ကို မည်သည့်အင်အားကမျှ ရပ်တန့်စေနိုင်မည်မဟုတ် “၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ထူထောင်ခြင်း နှစ် ၇၀ ပြည့် စစ်ရေးပြပွဲ ကြီးကျယ်ခန်းနားစွာ ကျင်းပ

တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ထူထောင်ခြင်း နှစ် ၇၀ ပြည့် စစ်ရေးပြအခန်းအနားကို ပေကျင်းမြို့တော် တိန့်အန်မင်ရင်ပြင်၌ ကျင်းပရာ ညူကလီယာထိပ်ဖူးသယ်ဆောင်နိုင်သာ ဟိုက်ပါဆောနစ်လျှောစီးယာဉ်များ၊ ကိုယ်ပျောက်ဒရုန်းများနှင့် စစ်ဖက်နောက်ဆုံးပေါ်နည်းပညာသုံးပစ္စည်းများကို ထုတ်ဖော်ပြသည်ဟု Russia Today က ယနေ့ရေးသားသည်။ အလံတင်အခန်းအနားဖွင့်လှစ်ပြီးနောက် မော်စီတုန်းပုံစံ နက်ပြာရောင်ဝတ်စုံဝတ် သမ္မတရှီကျင့်ဖျင်က နိုင်ငံ တော်သို့ မိန့်ခွန်းပြောကြားရာတွင် ဆယ်စုနှစ်…

View More “ တရုတ်ကို မည်သည့်အင်အားကမျှ ရပ်တန့်စေနိုင်မည်မဟုတ် “၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ထူထောင်ခြင်း နှစ် ၇၀ ပြည့် စစ်ရေးပြပွဲ ကြီးကျယ်ခန်းနားစွာ ကျင်းပ

ဘင်္ဂလားဒက်ရှ်တပ်မတော် တောင်အာရှ၌ အိန္ဒိယ-ပါကစ္စတန်ပြီးလျှင် တတိယအင်အားအကြီးဆုံးဖြစ်ပြီ။ ကမ္ဘာ့အဆင့် ၁၃၇ နိုင်ငံတွင် ၁၁-ဆင့် ခုန်တက်၍ စစ်အင်အားအဆင့် ၄၅ ဖြစ် လာ။

၂၀၁၉-ခုနှစ် နိုင်ငံတကာစစ်အင်အားအညွှန်းကိန်းသတ်မှတ်ရာတွင် ဘင်္ဂလားဒက်ရှ်တပ်မတော်သည် တောင် အာရှဒေသတွင်း၌ အိန္ဒိယ-ပါကစ္စတန်ပြီးလျှင် တတိယအင်အားအကြီးဆုံးဖြစ်လာသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။ ဘင်္ဂလားဒက်ရှ်တပ်မတော်သည် နိုင်ငံတကာစစ်အင်အားအညွှန်းကိန်း Global Firepower တွင် ယခင်နှစ် အဆင့် ၅၆ ရှိခဲ့ပြီး ယခုနှစ်တွင် ၁၁ ဆင့် ခုန်တက်ကာ အဆင့်…

View More ဘင်္ဂလားဒက်ရှ်တပ်မတော် တောင်အာရှ၌ အိန္ဒိယ-ပါကစ္စတန်ပြီးလျှင် တတိယအင်အားအကြီးဆုံးဖြစ်ပြီ။ ကမ္ဘာ့အဆင့် ၁၃၇ နိုင်ငံတွင် ၁၁-ဆင့် ခုန်တက်၍ စစ်အင်အားအဆင့် ၄၅ ဖြစ် လာ။

ဂရိနိုင်ငံဒုက္ခသည်စခန်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားစဉ် ရွှေ့ပြောင်းနေထိုင်သူများက ရဲနှင့် မီးသတ်သမားတို့အား တိုက်ခိုက်။ မီးသတ်များနှင့် စခန်းဝန်ထမ်းများ ထွက်ပြေးကြရ။ လူ ၂-ဦးသေဆုံး

  ဂရိနိုင်ငံအတွင်း လူအမြောက်အများစုပြုံပြွတ်သိပ်နေထိုင်ပြီး အာရုံစိုက်ဖွယ် ရက်စက်ကြမ်းကြုတ်မှုများ၌ နာမည်ဆိုးနှင့်ကျော်ကြားသော လက်ဘော့စ်ကျွန်း မော်ရီယာဒုက္ခသည်စခန်းတွင် မီးလောင်မှုဖြစ်ပွားနေစဉ် ဆူပူသောင်းကျန်းသူများက ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှုဖြစ်ပွားကြောင်းနှင့် အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦၤးသေဆုံးသည်ဟု Russia Today က ယနေ့ရေးသားသည်။  တနင်္ဂနွေနေ့ ညနေ ၄း၄၅ နာရီခန့်တွင် ဒုက္ခသည်စခန်းနှင့် ကိုက်…

View More ဂရိနိုင်ငံဒုက္ခသည်စခန်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားစဉ် ရွှေ့ပြောင်းနေထိုင်သူများက ရဲနှင့် မီးသတ်သမားတို့အား တိုက်ခိုက်။ မီးသတ်များနှင့် စခန်းဝန်ထမ်းများ ထွက်ပြေးကြရ။ လူ ၂-ဦးသေဆုံး

ထောင်ဖောက်ထွက်ပြေးနေသော လူကုန်ကူးမှု တရုတ်အကျဉ်းသားအား ကျောက်ဂူတစ်ခုတွင် ၁၇-နှစ်ကြာ ပုန်းအောင်းနေပြီးမှ ရဲတပ်ဖွဲ့က ဒရုန်းဖြင့် ရှာဖွေဖမ်းဆီးနိုင်

အသက် ၆၃-နှစ်အရွယ် အကျဉ်းသားတစ်ဦးသည် ထောင်ဖောက်ထွက်ပြေးပြီးနောက် ၁၇ နှစ်ကြာ လွတ်မြောက်နေခဲ့ရာ ဝရမ်းပြေးပုန်းအောင်းနေသည့် ကျောက်ဂူကို ရဲတပ်ဖွဲ့ဝင်များက ဒရုန်းအသုံးပြု ရှာဖွေပြီး ဖမ်းဆီးနိုင်ခဲ့သည်ဟု Russia Today က ယနေ့ရေးသားသည်။  တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ဆွန်ဂျန်းအမည်ရှိ ဝရမ်းပြေးအကျဉ်းသား ပုန်းအောင်းနေသော တောတောင်ထူထပ်သည့်နေရာကို စက်တင်ဘာ ၁၉…

View More ထောင်ဖောက်ထွက်ပြေးနေသော လူကုန်ကူးမှု တရုတ်အကျဉ်းသားအား ကျောက်ဂူတစ်ခုတွင် ၁၇-နှစ်ကြာ ပုန်းအောင်းနေပြီးမှ ရဲတပ်ဖွဲ့က ဒရုန်းဖြင့် ရှာဖွေဖမ်းဆီးနိုင်

မြန်မာကိုယ်စားလှယ်က ကုလအထွေထွေညီလာခံတွင် Safe Zone အကြောင်း ပြောဆိုသည်မှာ အရှက်ရစရာဖြစ်ဟု ရှိတ်ဟာစီနာပြော။ မြန်မာနိုင်ငံအနေဖြင့် ဒုက္ခသည်ဘင်္ဂါလီများကြား ယုံကြည်မှုတည်ဆောက်သင့်ဟုဆို

ဘင်္ဂလားဒက်ရှ်နိုင်ငံသည် အကျင့်ပျက်ခြစားမှုမှန်သမျှကို ပြစ်ဒါဏ်ပေးလျှက်ရှိပြီး ဇန်နဝါရီ ၁၁ ရက်နေ့ ပြည် တွင်းမြို့ကြီးများတွင် နိုင်ငံတော်အရေးပေါ်အခြေအနေပြဋ္ဌာန်းခဲ့ရသကဲ့သို့ မတည်ငြိမ်မှုများ ဖြစ်လာနိုင်စရာ မရှိကြောင်း ဝန်ကြီးချုပ်ရှိတ်ဟာစီနာက ပြောဆိုသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။ ဘင်္ဂါလားဒက်ရှ်အမျိုးသားပါတီ ( BNP ) အစိုးရသက်တမ်းကုန်ဆုံးသည့် ၂၀၀၆ ခုနှစ်တွင်…

View More မြန်မာကိုယ်စားလှယ်က ကုလအထွေထွေညီလာခံတွင် Safe Zone အကြောင်း ပြောဆိုသည်မှာ အရှက်ရစရာဖြစ်ဟု ရှိတ်ဟာစီနာပြော။ မြန်မာနိုင်ငံအနေဖြင့် ဒုက္ခသည်ဘင်္ဂါလီများကြား ယုံကြည်မှုတည်ဆောက်သင့်ဟုဆို

ဆော်ဒီနယ်စပ်ခရိုင်ဒေသအနီးတိုက်ပွဲ၌ ဆော်ဒီစစ်ယာဉ်များချေမှုန်းခံရပြီး တပ်ဖွဲ့ဝင်များအပြားဖမ်းဆီးခံရ၊ ယီမင်သူပုန်တို့ အောင်ပွဲခံ

ဆော်ဒီအာရေးဗီးယားတောင်ပိုင်းနယ်စပ် နာ့ဂျ်ရမ် ခရိုင်ဒေသအနီးတိုက်ပွဲ၌ ယီမင်သူပုန်တို့၏ ထိုးစစ်အောင် မြင်ပုံ ဟူသီတို့က ဗွီဒီယိုရုပ်သံမှတ်တမ်းလွှင့်တင်ခဲ့ရာ ဆော်ဒီစစ်ယာဉ်များဖျက်ဆီးခံရပြီး၊ ဆော်ဒီအရာရှိများအ ပါဝင်  တပ်ဖွဲ့ဝင်များအပြား ဖမ်းဆီးခံရပုံကို တွေ့မြင်ရသည်ဟု Russia Today က ယနေ့ရေးသားသည်။ မြေပြင်တိုက်ပွဲဖြစ်ပွားစဉ် မှတ်တမ်းအသေးစိတ်ကို ဟူသီသူပုန်တို့၏  Al Masirah TV က…

View More ဆော်ဒီနယ်စပ်ခရိုင်ဒေသအနီးတိုက်ပွဲ၌ ဆော်ဒီစစ်ယာဉ်များချေမှုန်းခံရပြီး တပ်ဖွဲ့ဝင်များအပြားဖမ်းဆီးခံရ၊ ယီမင်သူပုန်တို့ အောင်ပွဲခံ

ဆော်ဒီဘုရင်၏ ယုံကြည်စိတ်ချရဆုံး ကာလရှည် အနီးကပ်သက်တော်စောင့် ဗိုလ်ချုပ် လူသတ်ခံရ၍ သေဆုံး၊ ကျူးလွန်ကြောင်း ယူဆရသူအား ရဲတပ်ဖွဲ့များက အသေဖမ်းဆီးရမိ

ဆော်ဒီအာရေးဗီးယားဘုရင်၏ ယုံကြည်စိတ်ချရဆုံး ကာလရှည် အနီးကပ်သက်တော်စောင့်အရာရှိမှာ ဒေါသဖြစ်နေသောမိတ်ဆွေတစ်ဦး၏ လက်ချက်ဖြင့်သေဆုံးကြောင်း၊ လူသတ်မှုကျူးလွန်သည်ဟု ယူဆရသူသည် ရဲတပ်ဖွဲ့ဝင်များအား အပြင်းအထန်ခုခံပြီးနောက် အသေဖမ်းဆီးရမိသည်ဟု Russia Today က ယနေ့ရေး သားသည်။ အနီးကပ်လုံခြုံရေးအရာရှိ ဗိုလ်ချုပ် အဗ္ဗဒူလဇစ်အယ်လ်ဖက်ဟမ်သည် ပင်လယ်နီကမ်းခြေ ဂျက်ဒါးမြို့ ရှိမိတ်ဆွေဖြစ်သူ၏နေအိမ်တွင် ပုဂ္ဂိုလ်ရေးစကားများရာမှ အသတ်ခံရ၍သေဆုံးကြောင်း ဆော်ဒီနိုင်ငံပိုင်ရုပ်သံက…

View More ဆော်ဒီဘုရင်၏ ယုံကြည်စိတ်ချရဆုံး ကာလရှည် အနီးကပ်သက်တော်စောင့် ဗိုလ်ချုပ် လူသတ်ခံရ၍ သေဆုံး၊ ကျူးလွန်ကြောင်း ယူဆရသူအား ရဲတပ်ဖွဲ့များက အသေဖမ်းဆီးရမိ

ပြည်တွင်းကြက်သွန်နီဈေး မြင့်တက်လျှက်ရှိစဉ် အိတ်စ်ပို့ တင်ပို့ခြင်းကို အကန့်အသတ်မရှိ အိန္ဒိယပိတ်ပင်

အိန္ဒိယထုတ်ကုန်/သွင်းကုန်အုပ်စုခွဲခြားသတ်မှတ်ခြင်းနည်းဥပဒေ ITC (HS) ပါ  အစီအစဉ်-၂၊ အခန်း-၇၊ ကြက်သွန်နီပြည်ပတင်ပို့ခြင်း  အမှတ်စဉ် ၅၁ နှင့်  ၅၃ ဖော်ပြချက်မှ လွတ်လပ်စွာတင်ပို့နိုင်ခြင်းကို ပြင်ဆင်၍ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မီအထိ တားမြစ်လိုက်ကြောင်း အိန္ဒိယအစိုးရက ကြေညာသည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 က ယနေ့ ရေးသားသည်။ အထက်ဖော်ပြသည့်အတိုင်း…

View More ပြည်တွင်းကြက်သွန်နီဈေး မြင့်တက်လျှက်ရှိစဉ် အိတ်စ်ပို့ တင်ပို့ခြင်းကို အကန့်အသတ်မရှိ အိန္ဒိယပိတ်ပင်