CAB ဥပဒေအရ နိုင်ငံသားအဖြစ်သတ်မှတ်ခြင်းမခံရသူ အိန္ဒိယပြည်တွင်းနေ မွတ်စလင်များ မိမိတို့နိုင်ငံအတွင်း ပြေးဝင်လာမည်ကို ဘင်္ဂလားဒက်ရှ်လူနည်းစုတို့အလွန်အမင်းစိုးရိမ်၊ ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း လူနည်းစု အခြားဘာသာဝင်များ ခွဲခြား-အနိုင်ကျင့်ခံနေရသည့် အခြေအနေ ထည့်သွင်းဖော်ပြ။

အိန္ဒိယနိုင်ငံတွင်   ပြဋ္ဌာန်းလိုက်သော နိုင်ငံသားဥပဒေနောက်ဆက်တွဲပြင်ဆင်ချက် CAB အရ နိုင်ငံသားပြုခွင့် မရရှိသူ အိန္ဒိယမွတ်စလင်တို့အနေဖြင့် မိမိတို့နိုင်ငံအတွင်း ပြေးဝင်လာကြမည်ကို အလွန်အမင်း စိုးရိမ်ပူပန်လျှက်ရှိကြောင်း ဘင်္ဂလားဒက်ရှ်နိုင်ငံဆိုင်ရာ ခရစ်ယာန်-ဟိန္ဒူ-ဗုဒ္ဓဘာသာဝင်များညီညွတ်မှု့ကောင်စီတပ်ဦး ၏ အိန္ဒိယပါလီမန် သို့ ပေးပို့လွှာတွင် ဖော်ပြထားသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။

ကြာသပတေးနေ့ အမျိုးသားသတင်းကလပ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ တပ်ဦး ဆော်သြသူက အဆိုပါ အကြောင်းကြားစာကို အသေးစိတ်ကို ဖတ်ကြားရာတွင် အိန္ဒိယနိုင်ငံသားဥပေဒ၏ ခွဲခြားဆက်ဆံမှု့ ဥပဒေကို အိန္ဒိယနှင့် ဘင်္ဂလားဒက်ရှ်နှစ်နိုင်ငံလုံးရှိ လူများစုသာမက လူနည်းစုမျိုးနွယ်တို့ကပါ တုန်လှုပ်ဝမ်းနည်းစွာ ခံစားခဲ့ရကြောင်း ဖော်ပြပါရှိသည်။

နိုင်ငံသားပြုခွင့် မရရှိခြင်းကြောင့် မွတ်စလင်များနေ့စဉ်နှင့်အမျှ ထိတ်လန့်နေကြမည်ဖြစ်ပြီး ယခင်ကတည်းက ဝင်ရောက်လက်စရှိသည့်အတိုင်း ဘင်္ဂလားဒက်ရှ်အတွင်း ဝင်ရောက်လာကြလိမ့်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအစိုးရတို့သည် ထိုအတွက် အပြုသဘောဆောင်သော ခြေလှမ်းများ အကောင်အထည်ဖော်သင့်ကြောင်း၊ ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်းရှိ လူနည်းစုတို့၏ ဗုဒ္ဓဘာသာပုထိုးစေတီများ၊ ဟိန္ဒိူဘာသာရေးအဆောက်အအုံများ လက်သရမ်း ဖျက်ဆီးခံရမှု့ ပက်ဘနာဟိန္ဒူကောလိပ်ကျောင်းသူ အဓမ္မပြုကျင့်ခံရမှု့၊ ဘစ်ဆာဝါဂျစ် လူသတ်မှု့၊ အာဏာရပါတီ ပါလီမန်အမတ်နှင့် တာဝန်ရှိသူ၏ ပိုင်နက်ကျူးလွန်မှု၊ အခြားဘာသာဝင်များတိုက်ခိုက်-  နှိပ်စက်အနိုင်ကျင့်ခံနေရမှု တို့ကို ဖော်ပြလျှက်  ဘင်္ဂလားဒက်ရှ်နိုင်ငံသားတို့ လုံခြုံရေးကို အာမခံပေးစေလိုကြောင်း၊ဘင်္ဂလားဒက်ရှ်မှ ဟိန္ဒူတို့သည် အိန္ဒိယသို့ သွားရောက်လိုကြသည်ဖြစ်၍ အိန္ဒိယမှ မွတ်စလင်တို့ကလည်း ဘင်္ဂလားဒက်ရှ်သို့ ဝင်ရောက်လိုကြမည်ဖြစ်ရာ အလွန်အန္တရာယ်များသည့် အခြေအနေဖြစ်ကြောင်း တပ်ဦးခေါင်းဆောင်များက ပြောဆိုသည်။

ဒီမိုကရေစီအိန္ဒိယတွင် နိုင်ငံသားတိုင်း တန်းတူအခွင့်အရေး ခံစားထိုက်ကြောင်း၊ အိန္ဒိယနိုင်ငံတွင် ကန့်ကွက်ဆန္ဒပြမှု့များဖြစ်ပွားလျှက်ရှိရာ  တန်းတူအခွင့်အရေး တိုက်ပွဲဝင်သူများနှင့် တစ်သားတည်း ရပ်တည်သည်ဟု တပ်ဦးခေါင်းဆောင်တို့က သတင်းစာကွန်ဖရင့်၌ ပြောဆိုကြောင်း ဆက်လက်ဖော်ပြသည်။ 

(( ဘင်္ဂလားဒက်ရှ်အင်္ဂလိပ်ဘာသာသတင်းစာများတွင် တွေ့မြင်ရနည်းပါးသဖြင့်  “ဘင်္ဂလားဒက်ရှ်နိုင်ငံဆိုင်ရာ ခရစ်ယာန်-ဟိန္ဒူ-ဗုဒ္ဓဘာသာဝင်များညီညွတ်မှု့ကောင်စီတပ်ဦး” ကိုလည်း ကျွန်တော်တို့ဆီတွင် ကြားဖူးသူ အလွန်နည်းပါမည်။ သို့သော် လွန်ခဲ့သည့် ဇူလိုင်လ အမေရိကန်သမ္မတအိမ်တော်တွင် ဒေါ်နယ်ထရမ့်နှင့် တွေ္ပဆုံ၍ ဘင်္ဂလားဒက်ရှ်ပြည်တွင်းနေ အခြားဘာသာဝင်လူနည်းစုများအား အကာအကွယ်ပေးပါရန် ပြောကြားခဲ့သည့်ဟိန္ဒူအမျိုးသမီး ပရီယာဆာဟာမှာ အဆိုပါတပ်ဦးမှ အထွေထွေအတွင်းရေးမှုးဖြစ်သည်။

ဘင်္ဂလားဒက်ရှ်အစိုးရသည် ပရီယာဆာဟာ၏ ပြောဆိုချက်ကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး၊ နိုင်ငံအတွင်း ဆာဟာ ပြန်လည်ဝင်ရောက်လာလျှင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမည်ဟု မှတ်ချက်ပြုခဲ့သည်။ ထို့နောက်ပိုင်း ပရီယာဆာဟာ၏သတင်းများ မတွေ့ရတော့ပေ။

၁၇-နိုင်ငံမှ ကိုယ်စားလှယ်များနှင့်အတူ ဒေါ်နယ်ထရမ့်အား တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ ညှင်းပန်းဖိနှပ်ခံ ဒုက္ခသည်ဘင်္ဂါလီတို့အား အကူအညီပေးပါရန် ပြောဆိုသူမှာ မူဟစ်ဘူလာ ( မိုဟီအူလာ ) ဖြစ်သည်။

( ဆက်လက်ဖတ်ရှု့နိုင်ပါရန် )

သူသည် လွန်ခဲ့သည့် သြဂုတ် ၂၅-ရက် တက္ကနဖ် အူခီယာ ဒုက္ခသည်စခန်းတွင် ဒုက္ခသည်ဘင်္ဂါလီများ အစုအဝေးလိုက် ထွက်ခွာရခြင်း၂-နှစ်ပြည့် အထိန်းအမှတ်ပွဲ ကျင်းပရာ၌ ဦးဆောင်သူဖြစ်သည်။

အဆိုပါ လူထုစည်းဝေးပွဲတွင် Arakan Rohingya Society for Peace and Human Rights ငြိမ်းချမ်းရေးနှင့် လူ့အခွင့်ရေးဆိုင်ရာ အာရကန်ရိုဟင်ဂျာအသင်း၏ ဥက္ကဋ္ဌအဖြစ် မိုဟီဘူလာကို ထင်ရှားစွာတွေ့မြင်ရခြင်းဖြစ်သည်။ မောင်တောနယ်သား ကျောင်းဆရာတစ်ဦးဖြစ်သူ မိုဟီဘူလာသည် ရခိုင်မြောက်ဖျား၌ရှိစဉ် ကုလသမဂ္ဂအေဂျင်စီတွင် တာဝန်ထမ်းဆောင်ဖူးသည်ဆို၏။ ၂၀၁၇-ခုနှစ် သြဂုတ်လတွင် ကော့ခ်ဘဇားသို့ ထွက်ပြေးသွားပြီး တက္ကနဖ်နိုင်ငံတကာအေဂျင်စီတစ်ခုတွင် အလုပ်လုပ်ကြောင်း သိရှိရသည်။

အဆိုပါ လူထုအစည်းအဝေးကို အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်နွယ်သော  ပါကစ္စတန်အခြေစိုက် အယ်လ်ခစ်မက်ဖောင်ဒေးရှင်း Al-Khidmat Foundation က ဦးဆောင်စီစဉ်ပေးခဲ့ပြီး စင်ပေါ်တက်ခဲ့သူ မိုဟီဘူလာသည် ၎င်းတို့လေ့ကျင့်ပေးထားသော အကြမ်းဖက်သမားဖြစ်သည်ဟု United News of India  အိန္ဒိယနှင့် ဘင်္ဂလားဒက်ရှ်မီဒီယာများက ဖော်ပြကြသည်။ ( United News, NDTV, Economic Times  နှင့် UKhia  ရေးသားချက် Links များ ရှု့ )

ထိုနောက်ပိုင်း ဘင်္ဂလားဒက်ရှ်အစိုးရက ဒုက္ခသည်များဆိုင်ရာ ဘင်္ဂလားဒက်ရှ်အရာရှိများအား ရာထူးမှ ပြောင်းရွေ့ခြင်း ဝန်ထမ်းအချို့အား အလုပ်မှ ထုတ်ပယ်ခြင်းများပြုလုပ်ခဲ့ပြီး အကူအညီပေးရေး နိုင်ငံတကာ NGO ၄၁-ခုခန့် ပိတ်သိမ်းခဲ့ရသည်။ ဒုက္ခသည်စခန်းအတွင်း ကန့်သတ်ချုပ်ချယ်မှု့များ တင်းကြပ်ခဲ့ပြီး ကော့ခ်ဘဇားမှ မိုဟစ်ဘူလာတစ်ယောက် ပျောက်ကွယ်သွားခဲ့သည်။ အသတ်ခံရသည်ဟုလည်း ပြောကြပြီး၊ ဖမ်းဆီးထိန်းသိမ်း- ထွက်ပြေးတိမ်းရှောင်သည်လည်း သတင်းများကြားသိရသည်။

လွန်ခဲ့သည့် ဒီဇင်ဘာ ၁၀-၁၁-၁၂ ရက်နေ့ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ ICJ နိုင်ငံတကာ တရားခုံရုံးတွင်  ဂမ်ဘီယာဘက်မှ ကော့ခ်ဘဇားမှ ဒုက္ခသည် ၃-ဦးနှင့် ဒေါက်တာဝါကာအူဒင်အပါအဝင် ၎င်းတို့ လော်ဘီများအား စုံလင်စွာ တွေရှိရသည်။

သို့သော်  ကော့ခ်ဘဇားရောက် ခေါင်းဆောင်တစ်ဦးဖြစ်လည်းဖြစ် အတော်အရေးပါသည်ဆိုနိုင်သူ မိုဟီဘူလာအား လုံးဝမတွေ့ရခြင်းမှာ ထူးဆန်းသလိုရှိသော်လည်း ၎င်း၏ ကံကြမ္မအား တပ်အပ်သေချာ ပြောနိုင်ခြင်း မရှိပါ။   ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., Dec- 19, 2019, “Hindu Buddhist Christian Council concerned over Indian Citizenship Act.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/bangladesh/2019/12/19/hindu-buddhist-christian-council-concerned-over-indian-citizenship-act .

https://www.thehindu.com/news/international/bangladeshi-hindu-woman-to-be-tried-for-sedition-for-telling-trump-minorities-being-persecuted/article28621459.ece

http://www.ntvbd.com/bangladesh/269455/%e0%a6%b0%e0%a7%8b%e0%a6%b9%e0%a6%bf%e0%a6%99%e0%a7%8d%e0%a6%97%e0%a6%be%e0%a6%a6%e0%a7%87%e0%a6%b0-%e0%a6%ac%e0%a6%bf%e0%a6%b6%e0%a6%be%e0%a6%b2-%e0%a6%b8%e0%a6%ae%e0%a6%be%e0%a6%ac%e0%a7%87%e0%a6%b6%e0%a7%87%e0%a6%b0-%e0%a6%a8%e0%a7%87%e0%a6%aa%e0%a6%a5%e0%a7%8d%e0%a6%af%e0%a7%87-%e0%a6%aa%e0%a6%be%e0%a6%95%e0%a6%bf%e0%a6%b8%e0%a7%8d%e0%a6%a4%e0%a6%be%e0%a6%a8%e0%a7%87%e0%a6%b0-%e0%a6%86%e0%a6%b2-%e0%a6%96%e0%a6%bf%e0%a6%a6%e0%a6%ae%e0%a6%be%e0%a6%a4-%e0%a6%ab%e0%a6%be%e0%a6%89%e0%a6%a8%e0%a7%8d%e0%a6%a1%e0%a7%87%e0%a6%b6%e0%a6%a8

http://www.uniindia.com/pakistan-based-al-khidmat-foundation-mastermind-behind-rohingya-rally-in-cox-s-bazar/world/news/1711940.html

https://economictimes.indiatimes.com/news/politics-and-nation/bangladesh-accuses-pakistan-of-interfering-in-its-internal-affairs/articleshow/70899944.cms

https://zeenews.india.com/india/pakistans-isi-backed-jem-radicalising-rohingya-muslims-to-carry-out-attacks-in-india-warns-bsf-2230187.html

https://www.indiatoday.in/india/story/jaish-mohammed-jem-terrorist-arrested-baramulla-jammu-kashmir-1592280-2019-08-27

http://www.uniindia.com/pakistan-based-al-khidmat-foundation-mastermind-behind-rohingya-rally-in-cox-s-bazar/world/news/1711940.html

https://www.latimes.com/world-nation/story/2019-09-15/we-live-like-animals-refugee-leader-gives-rohingya-a-voice

https://www.bnionline.net/en/news/41-ngos-withdraw-rohingya-refugee-camps

#ဘင်္ဂလားဒက်ရှ်နိုင်ငံဆိုင်ရာခရစ်ယာန်-ဟိန္ဒူ-ဗုဒ္ဓဘာသာဝင်များညီညွတ်မှု့ကောင်စီတပ်ဦး # ငြိမ်းချမ်းရေးနှင့် လူ့အခွင့်ရေးဆိုင်ရာအာရကန်ရိုဟင်ဂျာအသင်းARSPH) #ဒေါက်တာဝါကာအူဒင် # မိုဟီဘူလာ(မူဟစ်အူလာ)

0

Leave a Reply

Your email address will not be published.