ဝါးတားဂိတ်နှင့် နှိုင်းယှဉ်ကာ ဒေါ်နယ်ထရမ့် တရားစွဲခံရကိန်းဆိုက်စေသည့် ယူကရိန်းသမ္မတအား ဖိအားပေးမှု

နိုင်ငံရေးအကျိုးဆက်ဖြစ်ပေါ်လာမည်ကို သမ္မတဒေါ်နယ်ထရမ့်က တာဝန်မဲ့စွာလုပ်ဆောင်ခဲ့မှုအပေါ် ဖွဲ့စည်း ပုံဥပဒေအရ ရှေ့ဆက်ဆောင်ရွက်မည်ဖြစ်ပြီး လွှတ်တော်နှစ်ရပ်၌ ဒီမိုကရက်တစ်တို့ လွှမ်းမိုးနိုင်မှုကို ဆုံးရှုံးသည်တိုင် စိုးရိမ်ပူပန်မှု မရှိကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ ဒီမိုကရက်တစ် နန်စီပလိုဆီက နိုင်ငံရေးသမားနှင့် သတင်းမီဒီယာတို့အား ပြောကြားသည်ဟု USA Today က ယနေ့ရေးသားသည်။  နိုင်ငံရေးအကျိုးဆက်ဖြစ်ပေါ်လာမည်ကို သမ္မတဒေါ်နယ်ထရမ့်က တာဝန်မဲ့စွာလုပ်ဆောင်ခဲ့မှုအပေါ်…

View More ဝါးတားဂိတ်နှင့် နှိုင်းယှဉ်ကာ ဒေါ်နယ်ထရမ့် တရားစွဲခံရကိန်းဆိုက်စေသည့် ယူကရိန်းသမ္မတအား ဖိအားပေးမှု

မြန်မာနိုင်ငံမြို့ကြီး ၃-မြို့၌ အကြမ်းဖက်တိုက်ခိုက်မှဖြစ်နိုင်ခြေရှိကြောင်း ဗြိတိသျှဓနသဟာယနိုင်ငံကြီးများက ၎င်းတို့နိုင်ငံသားများအား သတိပေးချက်ထုတ်ပြန်

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်နိုင်ခြေရှိကြောင်း အမေရိကန်နည်းတူ ကနေဒါ၊ သြစတေးလျှ၊ ဗြိတိန်နိုင်ငံတို့က ၎င်းတို့နိုင်ငံသားများအား သတိပေးချက်ထုတ်ပြန်လိုက်သည်ဟု AP အားကိုးကား၍ Russia Today က ယနေ့ရေးသားသည်။ လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် အကြမ်းဖက်တိုက်ခိုက်ဖွယ်အလားအလာ သတင်းရရှိမှုအပေါ် စုံစမ်းစစ်ဆေးလျှက်ရှိသည့်  နေပြည်တော်မြန်မာလုံခြုံရေးတပ်ဖွဲ့၏ သတိပေးချက်နှင့်ပတ်သက်၍ ရန်ကုန်မြို့ အမေရိကန်သံရုံးက ၎င်းနိုင်ငံသားများအတွက် အကြံပြုတိုက်တွန်းချက်ထုတ်ပြန်ခဲ့သည်။…

View More မြန်မာနိုင်ငံမြို့ကြီး ၃-မြို့၌ အကြမ်းဖက်တိုက်ခိုက်မှဖြစ်နိုင်ခြေရှိကြောင်း ဗြိတိသျှဓနသဟာယနိုင်ငံကြီးများက ၎င်းတို့နိုင်ငံသားများအား သတိပေးချက်ထုတ်ပြန်

ပညာတတ်သူများက အကျင့်ပျက်ခြစားမှုများ၌ ပိုမိုပါဝင်နေသည်ကို တွေ့ရဟု ဘင်္ဂလားဒက်ရှ် ဥပဒေရေးရာဝန်ကြီးပြောဆို

အစဉ်အလာအားဖြင့် နိုင်ငံတိုင်းတွင် စာတတ်မြောက်မှုနှုန်းများလေလေ ရာဇဝတ်မှုဖြစ်ပွားနှုန်း နည်းလေလေ ဖြစ်သော်လည်း ဘင်္ဂလားဒက်ရှ်အတွင်း အကျင့်ပျက်ခြစားမှုများ၌ စာတတ်မြောက်သူများပါဝင်ပတ်သက်နှုန်း ပိုမိုလျှက်ရှိကြောင်း၊ ပညာတတ်သူများတွင် ရာဇဝတ်မှုကျူးလွန်နှုန်းတိုးမြင့်လာနေခြင်းကို ဘင်္ဂလားဒက်ရှ် ဥပဒေရေးရာဝန်ကြီး အနီသူလ်ဟက်က အလေးအနက်တင်ပြလိုက်သည်ဟု ဘင်္ဂလားအခြေစိုက် The Daily Star က ယနေ့ရေးသားသည်။ ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် စာတတ်မြောက်မှုနှုန်း မြင့်တက်လာသော်လည်း…

View More ပညာတတ်သူများက အကျင့်ပျက်ခြစားမှုများ၌ ပိုမိုပါဝင်နေသည်ကို တွေ့ရဟု ဘင်္ဂလားဒက်ရှ် ဥပဒေရေးရာဝန်ကြီးပြောဆို

ဗင်နီဇွဲလားသည် အမေရိကန်၏ စိတ်ပုပ်စိတ်ယုတ်ဖြင့် ဘက်စုံကန့်လန့်တိုက်ခံရသော စမ်းသပ်ခံအမှန်ဖြစ်နေဟု ကုလသမဂ္ဂညီလာခံရှေ့မှောက်တွင် ဗင်နီဇွဲလားဒုသမ္မတပြောဆို

အမေရိကန်သည် ဗင်နီဇွဲလားအပေါ် ဒေါ်လာငွေအားကိုး အနိုင်ကျင့်ခြင်းအပါအဝင် ဒါဏ်ခတ်ပိတ်ဆို့မှုပေါင်း ၃၅၀ ကျော်ချမှတ်လျှက်ရှိရာ မိမိနိုင်ငံမှာ အစီအစဉ်တကျ ထိုးနှက်ခြင်းခံရသည့် စမ်းသပ်ရာမြေပြင်ဖြစ်လျှက်ရှိ ကြောင်း ကျင်းပဆဲကုလသမဂ္ဂအထွေထွေညီလာခံတွင် တက်ရောက်သူနိုင်ငံတကာအကြီးအကဲများ ရှေ့မှောက်၌ ဗင်နီဇွဲလားဒုတိယသမ္မတက ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။ သောကြာနေ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင်…

View More ဗင်နီဇွဲလားသည် အမေရိကန်၏ စိတ်ပုပ်စိတ်ယုတ်ဖြင့် ဘက်စုံကန့်လန့်တိုက်ခံရသော စမ်းသပ်ခံအမှန်ဖြစ်နေဟု ကုလသမဂ္ဂညီလာခံရှေ့မှောက်တွင် ဗင်နီဇွဲလားဒုသမ္မတပြောဆို

ဟေတီနိုင်ငံတွင် သမ္မတနှုတ်ထွက်ပေးရန် ဆန္ဒပြနေသူများက အဆောက်အအုံများအား မီးတင်ရှို့၊ ရဲစခန်းအား လုယက်

ဟေတီနိုင်ငံတွင် အကျင့်ပျက်ခြစားမှုစွပ်စွဲချက်ဖြင့် သမ္မတခိုဗင်နဲလ်မွိုက်စ်နှုတ်ထွက်ပေးရန် တောင်းဆိုလျှက်ရှိသည်။ ထောင်နှင့်ချီသော လူစုလူဝေးတို့သည် လမ်းမများပေါ်သို့ ထွက်လာကြပြီးလျှင် စီးပွားရေးလုပ်ငန်းများ၊ အစိုးရအဆောက်အအုံများကို မီးတင်ရှို့ကြခြင်းဖြင့် ပရမ်းပတာဖြစ်လျှက်ရှိသည်ဟု Russia Today က ယနေ့ ရေးသားသည်။  သောကြာနေ့တွင် မြို့တော်ပို့အော့ဖ်ပရင်စ်၌ ဆန္ဒပြသူများက ရဲစခန်းအားဝင်ရောက်စီးနင်းကြပြီး၊ ခဲယမ်းများ၊ ကျည်ကာအင်္ကျီများကို ယူဆောင်သွားကြယုံမက ရဲတပ်ဖွဲ့ဝင်နေအိမ်မှ…

View More ဟေတီနိုင်ငံတွင် သမ္မတနှုတ်ထွက်ပေးရန် ဆန္ဒပြနေသူများက အဆောက်အအုံများအား မီးတင်ရှို့၊ ရဲစခန်းအား လုယက်

ဒုက္ခသည်ဘင်္ဂါလီများ ဘေးအန္တရာယ်ကင်းရှင်းရေး ဥရောပ ၄-နိုင်ငံ ဦးဆောင်မစ်ရှင်က နည်းလမ်းရှာဖွေမည်ဟုဆို။

ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) များ ဆန္ဒအလျှောက်၊ ဘေးကင်း၍ ဂုဏ်သိက္ခာရှိစွာဖြင့် ရေရှည်တည်တန့်မည့် နေရပ်ပြန်ရေးဖြစ်ထွန်းရန်အတွက် နိုင်ငံတကာပူးပေါင်းမှုဖြင့် ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်နှင့် ဆွစ်ဇာလန် ဥရောပ ၄-နိုင်ငံဦးစီးသည့် မစ်ရှင်အဖွဲ့က နည်းလမ်းရှာဖွေမည်ဖြစ်ကြောင်း ပူးတွဲသတင်းထုတ်ပြန်သည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။  ဒုက္ခသည်ဘင်္ဂါလီများ…

View More ဒုက္ခသည်ဘင်္ဂါလီများ ဘေးအန္တရာယ်ကင်းရှင်းရေး ဥရောပ ၄-နိုင်ငံ ဦးဆောင်မစ်ရှင်က နည်းလမ်းရှာဖွေမည်ဟုဆို။

၀န်ကြီးချုပ်၏ အမိန့်အရ ဒုက္ခသည်ဘင်္ဂါလီများ ပြန့်နှံ့ချဲ့ထွင်မလာအောင် ခိုလှုံရာ စခန်းပတ်လည်၌ သံဆူးကြိုးများ ကာရံမည်ဟု ဘင်္ဂလားဒက်ရှ်ဝန်ကြီး ပြောဆို

  ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ဒုက္ခသည်ဘင်္ဂါလီ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) များ ပြန့်နှံ့ချဲ့ထွင်မလာအောင် ၎င်းခိုလှုံရာတဲအိမ်များတည်ရှိသည့် စခန်းပတ်လည်၌ သံဆူးကြိုး ကာရံရန်စီစဉ်လျှက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး အာဆဒူဂျာမမ်က ပြောဆိုသည်ဟု Russia Today ယနေ့ရေးသားသည်။  ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ ညွှန်ကြားချက်အရ ယခုကဲ့သို့ စည်းရိုးကာရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၂-နှစ်ကမူ ဝန်ကြီးချုပ်အနေဖြင့်…

View More ၀န်ကြီးချုပ်၏ အမိန့်အရ ဒုက္ခသည်ဘင်္ဂါလီများ ပြန့်နှံ့ချဲ့ထွင်မလာအောင် ခိုလှုံရာ စခန်းပတ်လည်၌ သံဆူးကြိုးများ ကာရံမည်ဟု ဘင်္ဂလားဒက်ရှ်ဝန်ကြီး ပြောဆို

ဆော်ဒီအာရေးဗီးယားတွင် ရေဒါ ၄-ခု၊ ပက်ထရီယော့ခ်ဒုံးကျည်စံနစ်တစ်ခု ထပ်မံဖြန့်ချကြောင်း ပင်တာဂွန်ကြေညာ

အီရန်အား ထပ်မံဖိအားပေးသည့်အနေဖြင့် ဆော်ဒီအာရေးဗီးယားနိုင်ငံအစွန်ဖျားတွင် ဖြန့်ချထားရန် တပ်ဖွဲ့ဝင် ၂၀၀၊ ပက်ထရီယော့ခ်ဒုံးကျည်စံနစ်တစ်ခု၊ ရေဒါ ၄-ခုနှင့်တပ်ဖွဲတစ်ခွဲစာတပ်ဖွဲ့ဝင်အင်အားကို စေလွှတ်လိုက်ကြောင်း ပင်တာဂွန်က ကြေညာသည်ဟု Russia Today က ယနေ့ရေးသားသည်။  လေကြောင်းရန်ကာကွယ်ရေးအတွက် အဆိုပါအင်အားအပြင် ပက်ထရီယော့ခ်ဒုံးကျည်စံနစ် ၂-ခုနှင့် အမြင့်ပျံ ဒုံးကျည် အဆင့်မြင့်ကာကွယ်ရေးစံနစ် ( THADD…

View More ဆော်ဒီအာရေးဗီးယားတွင် ရေဒါ ၄-ခု၊ ပက်ထရီယော့ခ်ဒုံးကျည်စံနစ်တစ်ခု ထပ်မံဖြန့်ချကြောင်း ပင်တာဂွန်ကြေညာ