Covid-19 ကာကွယ်ဆေးမှာ ဖျားနာနေသူ အသက် ၈၀ ကျော်တို့၌ အန္တရာယ်ရှိကြောင်း နော်ဝေသတိပေး၊ လူ ၂၃-ဦး သေဆုံးပြီးနောက် ကာကွယ်ဆေး၏ ယေဘူယျဘေးထွက်ဆိုးကျိုးမှာ ခွန်အားဆုတ်ယုတ်လျှက်ရှိသော သက်ကြီးရွယ်အိုများတွင် ပြင်းထန်သည့် တုံ့ပြန်မှုများဖြစ်ပေါ်စေဟုဆို


လူ ၂၃-ဦးတို့သည် ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးနှံခံယူပြီး များမကြာမီ သေဆုံးခဲ့ပြီးနောက် Covid-19 ရောဂါကာကွယ်ဆေးမှာ အပြင်းအထန် နာဖျားလျှက် အားအင်ဆုတ်ယုတ်နေသူ အရွယ်လွန်ဘိုးဘွားတို့တွင် အလွန်အန္တရာယ်များဖွယ်ရှိကြောင်း နော်ဝေးနိုင်ငံ ကျန်းမာရေးစည်းကမ်း ကြပ်မတ်သူများက ပြောဆိုသည်ဟု Bloomberg က ယနေ့ရေးသားသည်။

..   
နော်ဝေးနိုင်ငံ၏ သတင်းထုတ်ပြန်ချက်မှာ ဥရောပကျန်းမာရေးအာဏာပိုင်အဖွဲ့၏ အတည်ပြုချက်မရရှိမီ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံလျှက်ရှိသည့် နိုင်ငံများအတွက် ကာကွယ်ဆေး၏ လက်တွေ့ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ အထူးသတိပြုရန် ဖြစ်လာစေခဲ့သည်။

..   
ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးနှံပြီး မကြာမီသေဆုံးသွားသူ ၂၃ ဦးအနက် ၁၃ ဦးတို့၏ ရုပ်အလောင်းအား ခွဲစိတ်စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း၊ ကာကွယ်ဆေး၏ ယေဘူယျဘေးထွက်ဆိုးကျိုးမှာ ခွန်အားဆုတ်ယုတ်လျှက်ရှိသော သက်ကြီးရွယ်အိုများတွင် ပြင်းထန်သည့် တုံ့ပြန်မှုများဖြစ်ပေါ်စေသည်ကို တွေ့ရှိရသည်ဟု နော်ဝေး ဆေးဝါးအေဂျင်စီ၏ အဆိုအရသိရသည်။

..

ပြင်းထန်မှုမှုမရှိသော ကာကွယ်ဆေးများ၏ ဘေးထွက်ဆိုးကျိုးသည်ပင်လျှင် အသည်းအသန် အားအင်နည်းပါးနေများအတွက် ဆိုးရွားသော နောက်ဆက်တွဲများ ဖြစ်ပေါ်စေနိုင်ရာ လူ့ဘဝကြီးအား မကြာမီစွန့်ခွာရတော့မည့်သူများအတွက် ကာကွယ်ဆေးမှာ အကျိုးမရှိ သို့မဟုတ် ဆီလျော်မှုမရှိ ဖြစ်နိုင်ကြောင်း၊ 

..

ယခုကဲ့သို့ ပြောဆိုခြင်းမှာ ငယ်ရွယ်သူများအား ရည်ညွှန်းခြင်း မရှိ၊ ကျန်းမာသူများအနေဖြင့် ကာကွယ်ဆေး မထိုးသင့်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း နော်ဝေး လူထုကျန်းမာရေးအင်စတီကျုက သောကြာနေ့၌ ပြောဆိုသည်။ 

..  
သို့သော်လည်း ကာကွယ်ဆေးထိုးနှံပြီးနောက် ဆေးဝါးဘေးအန္တရာယ်နှင့်ပတ်သက်၍ စောင့်ကြည့်လေ့လာလျှက်ရှိသည့် နိုင်ငံများအတွက် ပဏာမ လမ်းညွှန်ချက်တစ်ခုဖြစ်လာသည်။

..  
ဥရောပဆေးဝါးအေဂျင်စီ၏ အကြီးအကဲသစ် အီမာကွတ်ကီကမူ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးများ အထူးသဖြင့် #messenger_RNA ခေါ် #ဗီဇသတင်းအချက်အလက်များကိုသယ်ဆောင်ပေးသည့်_RNA ကို နည်းပညာသစ်များအပေါ် တည်မှီလျှက် ဖန်တီးထားသည့် ကာကွယ်ဆေးများ၏ ဆေးဝါးဘေးအန္တရာယ်ဆိုင်ရာ လမ်းကြောင်းဆိုသည်မှာ လူအများအပြား ကျယ်ပြန့်စွာ ထိုးနှံသည်နှင့်တပြိုင်နက် အလွန်ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာကြောင်း ရှင်းပြသည်။ 

..
နော်ဝေး ကျန်းမာရေးစည်းကမ်းကြပ်မတ်သူတို့နှင့်အတူ Pfizer နှင့် BioNTech ဆေးကုမ္ပဏီတို့ကလည်း ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။ ယခုအချိန်အထိဖြစ်ရပ်များအတွက် အထူးတလည် စိုးရိမ်ဖွယ်ရာမရှိကြောင်း၊ မျှော်လင့်ထားခဲ့ပြီးဖြစ်ကြောင်း Pfizer အေဂျင်စီက အီးမေးလ်ဖြင့် ပြန်ကြားသည်။ 

..   
ဓာတ်မတည့်မှုသည် ယခုအကြိမ်သည် ပထမဆုံး မဟုတ်ချေ။ အမေရိကန်တွင် နိုင်ငံတွင်း အခြေစိုက် Pfizer နှင့် ဂျာမန်မိတ်ဖက် BioNTech တို့မှ ဖန်တီးသော ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။ ဒီဇင်ဘာ ၁၄-ရက်မှ ၂၃-ရက်နေ့အတွင်း ကနဦး ကာကွယ်ဆေးထိုးနှံခံယူသူ ၁.၉ သန်းတွင် ပြင်းထန်သည့် ဓါတ်မတည့်မှု ၂၁-မှု တွေ့ရှိခဲ့ရကြောင်း၊ ဆိုလိုသည်မှာ ကြိမ်ရေ ၁-သန်းထိုးနှံမှုတွင် ဆိုးရွားသည့် ဓါတ်မတည့်မှု ၁၁.၁ ကြိမ် ဖြစ်ပွား သည့် အဓိပ္ပါယ်ဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ CDC အဆိုအရ သိရှိရ သည်။

..  
ဥရောပတစ်ခွင်လုံးအတွက် Pfizer-BioNTech ကာကွယ်ဆေးများ၏ ဘေးအန္တရယ်ကင်းရှင်းမှုဆိုင်ရာအစီရင်ခံစာကို ယခုဇန်နဝါရီလကုန်ပိုင်းတွင် ထုတ်ပြန်နိုင်လိမ့်မည်ဟု ဥရောပကျန်းမာရေးစည်းကမ်း ကြပ်မတ်သူများ၏ ဆေးဝါးကော်မတီက သောကြာနေ့၌ ပြောဆိုသည်။

..

ဆေးဝါးထုတ်လုပ်သူများကလည်း အချက်အလက်များ လစဉ်ထုတ်ပြန်မည်ဖြစ်သည်။ 

..  
ဥရောပမှလွဲလျှင် လူတစ်ဦးချင်းကာကွယ်ဆေးထိုးနှံမှု များပြားသော ဗြိတိန်နိုင်ငံ၌မူ ကာကွယ်ဆေးများ၏ ဘေးအန္တရယ်ကင်းရှင်းမှုဆိုင်ရာ အစီရင်ခံစာကို အတိအကျ ရက်စွဲသတ်မှတ်ခြင်း မရှိပဲ၊ အခါအားလျော်စွာ အသေးစိတ်ပုံမှန် ထုတ်ပြန်ရန် စီစဉ်ထားသည်။ 

..

#ဖျားနာနေသူသက်ကြီးရွယ်အိုများတွင်_ကာကွယ်ဆေးဘေးထွက်ဆိုးကျိုးပြင်းထန်

…   
((( Bloomberg., 16 JAN 2021,” Norway flags vaccine risk in the very old. 23 deaths being investigated, as regulators start to learn more about side effects.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
.. 
https://www.bloombergquint.com/business/norway-warns-of-vaccination-risks-for-sick-patients-over-80

..  
https://www.bangkokpost.com/world/2052035/norway-flags-vaccine-risk-in-the-very-old 

0

Leave a Reply

Your email address will not be published.