Covid-19 ကာကွယ်ဆေးနှင့် ဆက်စပ်၍ Facebook မှာ လူသတ်နေ ဟု ဂျိုးဘိုင်ဒင်စွပ်စွဲ။ သုံးစွဲသူ့ အမေရိကန်များ၏ ၈၅% မှာ ကာကွယ်ဆေးလိုလားသူများဖြစ်ကြောင်း Facebook ချေပ။ ဆေးပညာသတင်းမှားများ ဖော်ပြခြင်းဖြင့် လူသတ်လျှက်ရှိသဖြင့် ဆင်ဆာပြုလုပ်ရန် ညွှန်ကြားခဲ့


Covid-19 နှင့် ဆက်စပ်၍ Facebook သုံးစွဲမှုကို သမ္မတဂျိုးဘိုင်ဒင်က အပုပ်ချလျှက်ရှိသည်။ သို့သော် Facebook သုံးစွဲသည့် အမေရိကန်တို့အကြား ကာကွယ်ဆေးလိုလားလက်ခံသူ ၁၀-၁၅%သာရှိသည့် ဇန်နဝါရီလမှ နောက်ပိုင်းတွင် သိသာစွာ တိုးလာသည့်အချက်ကို ဆုပ်ကိုင်ကာ လူမှုကွန်ရက်ဘီလူးကြီးက သမ္မတဖြစ်သူအား တုန့်ပြန်လိုက်သည်ဟု Russia Today က ယနေ့ရေးသားသည်။

…  
အမေရိကန်များအနေဖြင့် Covid-19 ကာကွယ်ဆေးထိုးနှံရန် စိတ်ထက်သန်မှုမရှိခြင်းနှင့် ပတ်သက်၍ လူမှု ကွန်ရက်အပေါ် သမ္မတဘိုင်ဒင်က အပြစ်တင်လျှက်ရှိသော်လည်း အမေရိကန်နေ Facebook သုံးစွဲသူများ၏ ၈၅% မှာ COVID-19 ကာကွယ်ဆေး ထိုးနှံပြီးသူ သို့မဟုတ် ကာကွယ်ဆေးထိုးရန် လိုလားသူများဖြစ်ကြောင်း Facebook ထုတ်လုပ်မှုစီမံခန့်ခွဲရေး ဒုတိယဥက္ကဋ္ဌ ဂိုင်းရိုဆန်က ၎င်း၏ဘလော့စာမျက်နှာ၌ ငြင်းဆိုရေးသားထားကြောင်း တွေ့ရှိရသည်။


ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ သမားရိုးကျမဟုတ်သော ထင်မြင်ချက်ယူဆချက်များကို Facebook ကဲ့သို့ လူမှုကွန်ရက်တို့တွင် ရေးသားဖော်ပြလျှက် ဖြိုဖျက်နေကြောင်း၊ အများလူထုတို့မှာ လုံလောက်သော စိတ်ပါဝင်စားမှုမရှိ ဖြစ်လာကြောင်း၊ ကျွန်ုပ်တို့အကြား ကပ်ရောဂါဆိုက်ရောက်နေသည်မှာ ကာကွယ်ဆေးထိုးနှံခြင်း မရှိသူများသာဖြစ်၍ လူသတ်နေသည့် လူသတ်သမားများ ဖြစ်သည်ကို မြင်ကြစေလိုကြောင်း အမေရိကန်သမ္မတက သောကြာနေ့၌ ပြောဆိုခဲ့သည်။

…   
ထို့ပြင် လူမှုကွန်ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ ဆေးပညာဆိုင်ရာ သတင်းအချက်အလက်မှားများ ဖော်ပြနေသည်ကို သတိပြုမိကြောင်း ဆင်ဆာပြုလုပ်ရန် ညွှန်ကြားထားကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့သည်။

…  
ဇူလိုင်လ ၄ ရက်နေ့ အရောက်တွင် အမေရိကန် ၇၀% အား ကာကွယ်ဆေးထိုးနှံပြီးဖြစ်စေရန် အိမ်ဖြူတော်၏ ရည်မှန်းချက် ပျက်ပြားရခြင်းအတွက် ဘိုင်ဒင်က စွပ်စွဲခဲ့ကြောင်း၊ Facebook အနေဖြင့် ထိုသို့ပြုလုပ်ရန် အကြောင်း မရှိပဲ အိမ်ဖြူတော်က အရောင်တင်ရမည့် အခြားအကြောင်းပြ ဇာတ်လမ်းများရှိနေပါကြောင်း၊ အမေရိကန်သုံးစွဲသူများအကြား ကာကွယ်ဆေးအပေါ် ယုံကြည်မှုမှာ ဘိုင်ဒင်သမ္မတဖြစ်ချိန် လွန်ခဲ့သည့် ဇန်နဝါရီတွင် ၁၀-၁၅% သာရှိခဲ့ကြောင်း၊ နောက်ပိုင်း ၆-လအတွင်း ၇၀-၈၀% အထိ သိသာစွာ တိုးမြင့်လာသည်ကို ပင်ဆယ်ဗေးနီးယားရှိ Carnegie Mellon တက္ကသိုလ်မှ ကောက်ယူသည့် စစ်တမ်း၌ ဖော်ပြထားကြောင်း၊ ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ပတ်သက်၍ လူမျိုးခွဲခြားမှုနှင့် လူမျိုးရေးပြဿနာများသည်လည်း သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း၊

…   
ကပ်ရောဂါအား တိုက်ဖျက်ရာတွင် အများလူထုတို့အတွက် ယုံကြည်စိတ်ချရသည့် အချက်အလက်များကို ညွှန်ပြခြင်း၊ ကာကွယ်ဆေးထိုးနှံရာ၌ လွယ်ကူချောမွေ့စေရန် Facebook က မယုံကြည်နိုင်လောက်ပင် သတင်းဖြန့်ချီပေးခဲ့ကြောင်း၊ ကာကွယ်ဆေးတို့ ထိရောက်မှုအစွမ်းနှင့် ဘေးအန္တရာယ်ဆိုင်ရာတို့ကို သိရှိရန် လူအများကို ဆွဲဆောင်ခဲ့ကြောင်း တစ်ချိန်တည်းမှာပင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သို့မဟုတ် ဒေသန္တရ အစိုးရတို့၏ တရားဝင်ရပ်တည်ချက်နှင့် မကိုက်ညီသောသတင်းအချက်အလက်များကို ဖြုတ်ချပေးရန် စစ်ခင်းလျှက်ရှိနေကြောင်း၊ Covid-19 အကြောင်းအရာ ပါဝင်မှုအစိတ်အပိုင်းပေါင်း ၁၆၇ သန်းကို စစ်ဆေးခဲ့ရပြီး မှားယွင်းသော အချက်အလက် ၁၈-သန်းကို ဖျက်ချပေးခဲ့ပြီးဖြစ်ကြောင်း Facebook က ရှင်းလင်းပြောဆိုသည်။

…   
Facebook တွင် အလားတူ နည်းဗျူဟာများကို အသုံးချ၍ အနည်းဆုံး ကာကွယ်ဆေးတစ်ကြိမ် ရရှိပြီးသူ ၇၀% လွှမ်းခြုံပြီးဖြစ်သော ဗြိတိန်၊ ကနေဒါတို့နှင့် အလားတူ အရွယ်ရောက်ပြီးသူ ၆၈% ကို ကာကွယ်ဆေး လွှမ်းခြုံ စေခဲ့သည် ဘိုင်ဒင်အစိုးရ၏ ပါးနပ်မှု နည်းပါးနေသေးပုံကို Facebook က နှိုင်းယှဉ်ပြသခဲ့သည်။

…   
သောကြာနေ့တွင် ကနေဒါနိုင်ငံသည် ကာကွယ်ဆေးထိုးနှံသင့်သူ နိုင်ငံသားများ၏ ၄၈.၄၅% ကို ၂-ကြိမ်အပြည့် ထိုးနှံပေးခြင်းဖြင့် ၄၈.၀၅% ရှိသူ အမေရိကန်အား ကျော်တက်သွားသည်။

((တစ်ချိန်က ဆိုရှယ်လစ်စံနစ် မအောင်မြင်ရခြင်းမှာ မဏ္ဍိုင်အဖြစ်သတ်မှတ်သည့် အလုပ်သမားတို့ကို အလုပ်ဖြုတ်ရန် မလွယ်ကူသော #သံမဏိထမင်းအိုး #Iron_Rice_bowl မူဝါဒကြောင့် ဖြစ်သည်ဟု ဆိုကြပါသည်။

…  
ထိုအားနည်းချက်ကို တရုတ်ကွန်မြူနစ်တို့က စတင်ပြုပြင်ခဲ့သည်ဟု သိရှိရသည်။ ယခုဖြစ်ပွားဆဲ ကပ်ရောဂါ အချိန်သမယတွင် ဈေးကွက်စီးပွားရေးဟု ယဉ်ကျေးစွာခေါ်ဆိုကြသည့် အရင်းရင်နိုင်ငံကြီးများဖြစ်သည့် အမေရိကန်၊ ကနေဒါ၊ ဥရောပနှင့် အိန္ဒိယအပါဝင်နိုင်ငံများတွင် ကူးစက်-သေဆုံးမှုပမာဏမှာ နိုင်ငံချင်း အချိုးချလျှင် တရုတ်-ဗီယက်နမ်တို့နှင့် အပြတ်အသတ် ကွာခြားနေလေသည်။ ထို့ကြောင့် ကပ်ရောဂါအား တားဆီးချေမှုန်းရာတွင် တရုတ်ကွန်မြူနစ်ပါတီ၏ သဘောထားနှင့် စီမံခန့်ခွဲပုံမှာ အလွန်အရေးပါကြောင်း ရှီကျင့်ဖျင်က ကြွားလုံးထုတ်ခြင်းဖြစ်ဟန်တူ၏။


မူလအစတည်းက တာဝန်မကျေလျှင် အလုပ်ဖြုတ်လက်မြန်သော အမေရိကန်၌ Facebook ထုတ်လုပ်မှု စီမံခန့်ခွဲရေး ဒုတိယဥက္ကဋ္ဌမှာ ပေးထားရသည့် လခနှင့် ထိုက်တန်သည်ဟု ချီးကျူးမိပါသည်။

#အလုပ်ခွင်ထဲ_အိပ်လဲ_ဒီလခ၊ #မအိပ်လဲ_ဒီလခဟု_ပြက်လုံးထုတ်ရလောက်အောင် ပြန်ကြားရန် တာဝန်ရှိပါလျှက် #မလုပ်_မရှုပ်_မပြုတ်တို့နှင့် #ကြီးကြပ်ရန်_တာဝန်မဲ့သူတို့နှင့်စာလျှင် အပုံကြီး တော်ပါပေသည်။

…  
ကိုရိုနာဗိုင်းရပ်စ်နှင့် လားလားမှ မသက်ဆိုင်သည့် ဓါတ်ပုံတစ်ပုံ၊ မန့်ကလေးတစ်ကြောင်းနှင့် ကျွန်တော့် အကောင့်အား တစ်လတိတိပိတ်ပစ်ခြင်းကတော့ ခွဲခြမ်း ခွဲခြမ်း သဘောထားသည်ဟု မှန်းဆရပါ သည်။    ။သတင်းဘာသာပြန်သူ))


#ကာကွယ်ဆေးနှင့်ဆက်စပ်၍_လူသတ်နေသည်ဟု_ဘိုင်ဒင်စွပ်စွဲချက်_#Facebook_ပယ်ချ
#ကာကွယ်ဆေးလွှမ်းခြုံမှု_အမေရိကန်_ဗြိတိန်_ကနေဒါ

(((Russia Today., 18 Jul, 2021,” Facebook says 85% of US users are pro-vaccine as it rejects Biden’s criticism of ‘killing people’ with Covid-19 misinformation.” ကို #HtayOung #OungMarine ဆီလျော်အောင် အကျဉ်းချုံးဘာသာပြန်ဆိုသည်။)))

https://www.rt.com/usa/529512-facebook-missed-vaccination-goal-blame/
https://www.rt.com/usa/529448-biden-psaki-misinformation-censorship/
https://www.rt.com/usa/529325-white-house-flagging-facebook-misinformation/ 

Leave a Reply

Your email address will not be published.