Covid-19 ကို ရာသီတုပ်ကွေးနှင့် မနှိုင်းယှဉ်အပ်ပါ။ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို “ ကမ္ဘာအနှံ့ဖြစ်ပွားသော ကပ်ရောဂါ “ အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာထားဆဲဖြစ်သည်။

လောလောဆယ် နိုင်ငံတကာတွင် ကူးစက်ပျံ့နှံ့လျှက်ရှိသော Covid-19 ရောဂါသည် ရာသီတုပ်ကွေး Seasonal Flu လုံး၀ မဟုတ်ပါ။ WHO, CDC နှင့် ဂျွန်ဟော့ပ်ကင်းကဲ့သို့ နိုင်ငံတကာ ရှေ့ဆောင် ဆေးပညာအဖွဲ့အားလုံးတို့ကလည်း တူညီသည်ဟု ဘယ်တုန်းကမှ မပြောပါ။ နှစ်မျိုးစလုံးသည် #အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများအဖြစ် တူညီသော်လည်း ကွဲပြားခြားနားချက် အများအပြားရှိပါသည်။

..

♦ Seasonal Flu ရာသီတုပ်ကွေးသည် influenza viruses ခေါ် တုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့် ဖျားနာရခြင်းဖြစ်ပြီး Covid-19 မှာ SARS-CoV-2 ခေါ် ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရခြင်းကြောင့် ဖျားနာကြခြင်းဖြစ်သည်။

..

♦ အဆိုပါ ဗိုင်းရပ်စ် ၂-မျိုးမှာ လုံး၀ မတူညီကြပါ။ တုပ်ကွေးဗိုင်းရပ်စ်အကြောင်း အတော်အတန် သိရှိပြီးဖြစ်သော် လည်း COVID-19 ဖြစ်ပေါ်စေသော SARS-CoV-2 ဗိုင်းရပ်စ်နှင့် ပတ်သက်၍ မသိသေးသောအရာ များစွာရှိနေသေးသည်။

..

♦ Covid-19 သည် တုပ်ကွေးရောဂါထက် ပိုမိုလွယ်ကူစွာ ပျံနှံ့နိုင်ပြီး၊ လူအချို့တွင် ပိုမိုပြင်းထန်သည့် ဖျားနာမှုကို ဖြစ်စေနိုင်သည်။

..

♦ Covid-19 သည် အချိန်ကြာမြင့်စွာ ရောဂါလက္ခဏာ မပြသပဲ ရှိနေနိုင်ပြီး လူအချို့အား ရေရှည် အလွယ်တကူ ကူးစက်စေနိုင်သည်။

..

♦ ရာသီတုပ်ကွေးကို ရှိနှင့်ပြီး ပဋိဇီ၀ ဆေးဝါးတစ်မျိုးမျိုးနှင့် ကုသပေးနိုင်သည်။ ♦ Covid-19 အတွက် ကာကွယ်ဆေးမှာ အချို့ဆိုလျှင် ယခုမှတီထွင်ဆဲဖြစ်၍ ဖွံ့ဖြိုးပြီးနိုင်ငံအချို့တွင် လူအနည်းငယ်မျှသာ ထိုးနှံပေးနိုင်ဆဲဖြစ်သည်။

..

♦ ရာသီတုပ်ကွေးနှင့် Covid-19 တွင် ဝေဒနာခံစားရပုံအချို့ တူညီသောကြောင့် ရောဂါလက္ခဏာတစ်ခုတည်းအပေါ် အခြေခံလျှက် ကွဲပြားခြားနားကြောင်း ပြောဆိုရန် ခဲယဉ်းသည်။ အတည်ပြုရန်စစ်ဆေးရန်လိုအပ်နိုင်သည်။

..

♦ ရာသီအကူးအပြောင်းတွင် တုပ်ကွေးဖျားနာဖြစ်ပွားနိုင်ကြောင်း WHO အပါအဝင် နိုင်ငံတကာကျန်းမာရေးဋ္ဌာနတှိ့က သတိပေးလေ့ရှိသည်။ ဤသည်မှာ သာမန် လုပ်ရိုးလုပ်စဉ်သဘောဆောင်ပါသည်။

..

♦ Covid-19 ကိုမူ Public Health Emergency of International Concern နိုင်ငံတကာနှင့်သက်ဆိုင်သော အများပြည်သူဆိုင်ရာ ကျန်းမာရေးအရေးပေါ် သတိပေးချက်ကို ၂၀၂၀-ပြည်နှစ် ဇန်နဝါရီတွင်၎င်း၊ ( Pandemic ) ဟု ၂၀၂၀-ပြည့်နှစ် မတ်လတွင် သတ်မှတ်ကြေညာသည်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ဖြစ်ပြီးလျှင် #ကမ္ဘာအနှံ့ဖြစ်ပွားသော _ကပ်ရောဂါ “ ကျရောက်ပြီ ဟု အဓိပ္ပါယ်ရရှိပါသည်။

..

♦ ရာသီတုပ်ကွေးရောဂါကြောင့် လူသေဆုံးမှုမှာ လူ ၁၀၀ လျှင် ဝ.၁ ဦးနှုန်းထက် နည်းသည်။

..

♦ Covid-19 သည် တုပ်ကွေး အထူးသဖြင့် ရာသီတုပ်ကွေးထက် သေဆုံးနှုန်း ပိုမိုမြင့်မားပုံရပြီး အပြည့်အ၀ နားလည်ရန် အချိန်အတော်ယူရမည်ဖြစ်ကြောင်း WHO ကိုယ်တိုင် ဝန်ခံထားပါသည်။ သက်ဆိုင်ရာ နိုင်ငံအသီးသီးတို့က WHO ထံ အစီရင်ခံသည့် ( ကူးစက်ခံရသူနှင့် သေဆုံးအရေအတွက် ) ကိန်းဂဏန်းများအရ အကြမ်းအားဖြင့် လူ ၁၀၀ လျှင် ၃-ဦးမှ ၄-ဦး သေဆုံးသည်။ ထိုအရေအတွက်မှာ တစ်ကမ္ဘာလုံးအားပျမ်းမျှအချိုးချထားခြင်းဖြစ်ပြီး နိုင်ငံအချို့တွင် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီခြင်းအပေါ် မူတည်၍ အဆိုပါနှုန်းထက် ပိုမိုသေဆုံးလျှက်ရှိသည်။

..

♦ နိုင်ငံများစွာတို့သည် ကမ္ဘာကြီးတွင် မရှိခဲ့ဖူးသော ဗိုင်းရပ်စ်ပိုးအသစ်အပေါ် ကြိုတင်ပြင်ဆင်ချိန်ရပါလျှက် လျှော့ပေါ့ တွက်ဆခဲ့သည်။ ပေါ်လစီအမှားများ ချမှတ်ခဲ့ကြသည်။ ထိုအတွက်ရလဒ်အဖြေမှာ #ကူးစက်ကပ်ရောဂါကျရောက်ချိန် #ကြာမြင့်လာသည်နှင့်အမျှ #ကျန်းမာရေး_ပညာရေး_စီးပွားရေး_လူမှုရေး အလဲလဲအပြိုပြိုဖြစ်ရခြင်းနှင့် ရင်ဆိုင်ရတော့သည်။

..

♦ WHO အဆိုအရ ကမ္ဘာ့လူဦးရေ၏ ၁၀ ရာနှုန်းသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရနိုင်ခြေရှိသည်ဆို၏။ လူဦးရေ ၇.၈ ဘီယီယံခန့်ရှိသော ကမ္ဘာကြီးတွင် အထက်ပါနှုန်းအရ လူ ၁၀၀ လျှင် ၃ ယောက်နှုန်းနှင့် တွက်လျှင် လူပေါင်း ၂၃၄-သန်းခန့် သေဆုံးရမည့် ကိန်းဆိုက်နေလေသည်။

..

♦ COVAX Facility ဆိုသည်မှာ WHO, EU နှင့် ချမ်းသာစီးပွားရေးအဖွဲ့အစည်းကြီး ၆၄ -ခုတို့ ပူးပေါင်းအဖွဲ့ကြီး ဖြစ်ပြီးလျှင် Covid-19 ကာကွယ်ဆေး ဖြန့်ဝေမည်ဖြစ်ပါသည်။ ယခင် ကမ္ဘာအရပ်ရပ်သို့ ကာကွယ်ဆေး၊ ကုသဆေးများ ဖြန့်ဝေပေးခဲ့ရာတွင် အကြိမ်ကြိမ် နာမည်ကောင်း ရရှိခဲ့ဖူးသည်။ သို့သော် COVAX ၏ ယခုတစ်ကြိမ် ကာကွယ်ဆေးဖြန့်ဝေမည့်အစီအစဉ်မှာ အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်နေရကြောင်း နိုင်ငံတကာသတင်းများ၌ ဖတ်ရှု့ရပါသည်။

..

♦ ကာကွယ်ဆေးများ အလီလီရရှိခြင်း၊ ထုတ်လုပ်သမျှကာကွယ်ဆေးများကို ချမ်းသာသူများက ဈေးကြီးပေးကာ ဝယ်ယူနေခြင်း၊ အပူချိန်အမျိုးမျိုးတွင် ထိန်းသိမ်းရမည့် ကာကွယ်ဆေးကို ကမ္ဘာအရပ်ရပ်သို့ အချိန်မီပို့ဆောင်ရမည်ဖြစ်ခြင်း၊ မူလကတည်းက ဆင်းရဲသောနိုင်ငံများသည် ကိုဗစ်ကြောင့် စီးပွားရေး ဘုံးဘုံးလဲကာ ဆေးဝယ်ယူရန် ငွေကြေး မပြည့်စုံခြင်းစသည့် အခက်အခဲမျာနှင့် ရင်ဆိုင်နေရသည်။

..

♦ ထို့ကြောင့်လည်း နိုင်ငံအတော်များများသည် WHO ၏ ကာကွယ်ဆေး ခွဲတမ်းကို အသေခံ၍ ငုတ်တုပ်ထိုင် စောင့်မနေပဲ ပိုက်ဆံထုပ်ကိုင် လူလွှတ်ကာ ဆေးဝယ်ယူနေကြပြီဖြစ်သည်။ ၎င်းတို့ပင်လျှင် အချို့မှာ မေ-ဇွန်ခန့်ရောက်မှ ကာကွယ်ဆေး ရရှိဖွယ် ရင်ဆိုင်နေရပါသည်။

..

♦ ကျွန်တော်များ မျှော်လင့်နိုင်သည်မှာ သယ်ယူသိုလှောင်လွယ်ကူ၍ အကျိုးများဖွယ်ရှိသော ကာကွယ်ဆေး ထုတ်လုပ်သည့် နည်းပညာကို ကမ္ဘာ့နိုင်ငံအတော်များများက ရရှိကာ အမြန်ဆုံး ဆေးဝါးထုတ်လုပ်နိုင်ကြရန်ဖြစ်ပါသည်။

..

♦ ဗိုင်းရပ်စ်တို့၏ သဘာဝမှာကြာလေ Mutation ဗီဇပြောင်းလေဖြစ်တတ်ပြီး ကာကွယ်ကုသရန် ရှုတ်ထွေးခက်ခဲ လာနိုင်ပါသည်။

..

#ရာသီတုပ်ကွေးနှင့်ကိုရိုနာဗိုင်းရပ်စ်ရောဂါ #COVAX

..

အစဉ်လေးစားစွာဖြင့်

..

#HtayOung, #OungMarine

https://www.cdc.gov/flu/symptoms/flu-vs-covid19.htm#:~:text=What%20is%20the%20difference%20between,by%20infection%20with%20influenza%20viruses.

..

https://www.hopkinsmedicine.org/health/conditions-and-diseases/coronavirus/coronavirus-disease-2019-vs-the-flu

..

https://www.who.int/news-room/q-a-detail/coronavirus-disease-covid-19-similarities-and-differences-with-influenza

..

https://apnews.com/article/virus-outbreak-archive-united-nations-54a3a5869c9ae4ee623497691e796083

..

https://www.devex.com/news/accessibility-concerns-about-promising-pfizer-biontech-covid-19-vaccine-98515

0

Leave a Reply

Your email address will not be published.