Covid-19 ကူးစက်ကပ်ရောဂါကြောင့် နိုင်ငံတကာဆင်းရဲမွဲတေသူ သန်း ၅၀၀ အား ပြင်းထန်စွာ ရိုက်ခတ်မည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာအကျိုးသက်ရောက်မှုများကို ခုခံနိုင်စွမ်းမရှိလျှင် အကြပ်အတည်းများ ဆက်လက်ဖြစ်ပွားပြီး ဆင်းရဲ-ချမ်းသာအလွှာ နှစ်မျိုးလုံးအပေါ် ဂယက်ရိုက်ခတ်လိမ့်မည်။

Credit: Mal Nyeinn

လတ်တလော ကျရာက်လျှက်ရှိသော ကိုဗစ်-နိုင်တင်းကူးစက်ကပ်ရောဂါမှာ လူပေါင်း ၈၃,၀၀၀ ကို အသက် ဆုံးရှုံးစေခဲ့ပြီး ကမ္ဘာ့လူဦးရေ သန်း ၅၀၀ ခန့်အား ဆင်းရဲတွင်းသို့ တွန်းပို့လျှက်ရှိရာ ကမ္ဘာအနှံ့ ဆင်းရဲမွဲတေသူဦးရေ ၄၃၄ – သန်းမှ ၉၂၂ – သန်းသို့ တိုးမြင့်လာနိုင်ကြောင်း Oxfam က သတိပေးပြောကြားသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

လာမည့်ရက်သတ္တပတ်၌ ကျင်းပမည့် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးများမတိုင်မီ နိုင်ရိုဘီအခြေစိုက် ပရဟိတအဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာ၌ အိမ်ထောင်စုများ ဝင်ငွေကျဆင်းခြင်းနှင့် စားသုံးမှု့ လျှော့ကျခြင်းတို့ကြောင့် အကျိုးသက်ရောက်မှုဖြစ်ပေါ်လာနိုင်ကြောင်း၊ လျှင်မြန်စွာကျဆင်းနေသည့် စီးပွားရေးအကြပ်အတည်းသည် ၂၀၀၈-ခုနှစ် စီးပွားရေးပျက်ကပ်ထက် ပိုမို ဆိုရွားနိုင်ကြောင်း ဖော်ပြထားသည်ဆို၏။

ကမ္ဘာ့ဘဏ်၏ ဆင်းရဲမွဲတေမှုသက်မှတ်ချက်တွင် တစ်နေ့တာဝင်ငွေ ၁.၉ ဒေါ်လာ သို့မဟုတ် ၎င်းထက်နည်းလျှင် အလွန်အမင်းဆင်းရဲမွဲတေသူ ၅.၅ ဒေါ်လာထက်နည်းသူများကို ၎င်းသတ်မှတ်ချက်အထက် သာမန်ဆင်းရဲမွဲတေသူအဖြစ် ဖော်ပြထားသည်။

ခန့်မှန်းချက်အရဆိုလျှင် ကူးစက်သပ်ရောဂါကြောင့် ဝင်ငွေ ၂၀ ရာခိုင်နှုန်း ကျဆင်းသည့် အလွန်အမင်းဆင်းရဲနွမ်းပါးသူ ဦးရေမှာ ၄၃၄-သန်းမှ ၉၂၂ – သန်းအထိ မြင့်တက်သွားနိုင်သည်။ သာမန်ဆင်းရဲနွမ်းပါးသူ ၅၄၈- သန်းမှာလည်း သန်းပေါင်း ၄,၀၀၀ အထိ အရေအတွက် တိုးပွားလာနိုင်သည်။

ထိုအတွက် အကျိုးသက်ရောက်မှု လျော့ပါးသက်သာစေရန် လိုအပ်နေသူများနှင့် စီးပွားရေးလုပ်ငန်းများအား အာမခံထောက်ပံ့ပေးနိုင်မည့် အချက် ၆-ချက်ပါ အစီအစဉ်ကို Oxfam က အဆိုပြုထားသည်။

ကြွေးမြီများကို ပယ်ဖျက်ပေးရန်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က အထောက်အပံ့နှင့် အကူအညီများတိုးမြှင့်ပေးအပ်ရန်၊ ချမ်းသာကြွယ်ဝမှုနှင့်သက်ဆိုင်သော အခွန်များ၊ သာာမန်ထက်ပိုသော အမြတ်အစွန်း၊ ငွေကြေးမှန်းဆမှုလုပ်ငန်းများအပေါ် အခွန်ငွေကောက်ခံခြင်းဖြင့် လိုအပ်သော ရန်ပုံငွေများကို ရရှိနိုင်မည်ဟု အကြံပြုထားသည်။

ထိုအတွက် ကမ္ဘာတစ်ဝှမ်းရှိ ဖွံ့ဖြိုးပြီး နိုင်ငံများအနေဖြင့် ဖွံံဖြိုးဆဲနိုင်ငံများအားထောက်ပံရန် အမေရိကန်ဒေါ်လာ ၂.၅ ထရီလီယံ ရန်ပုံငွေ ထည့်ဝင်ရမည်ဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့်လည်း လက်ရှိကူးစက်ကပ်ရောဂါ ကာလ ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာအကျိုးသက်ရောက်မှုများကို ခုခံနိုင်စွမ်းမရှိလျှင် အကြပ်အတည်းများ ဆက်လက်ဖြစ်ပွားပြီး ဆင်းရဲ-ချမ်းသာအလွှာ နှစ်မျိုးလုံးအပေါ် ဂယက်ရိုက်ခတ်လိမ့်မည်ဖြစ်သည်။

((( Dhaka Tribune ., Apr 09, 2020, “Coronavirus crisis could plunge half a billion people into poverty “ ကို #MalNyeinn ဆီလျော်အောင် ကောက် နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/health/coronavirus/2020/04/09/coronavirus-crisis-could-plunge-half-a-billion-people-into-poverty

#ကိုရိုနာဗိုင်းရပ်စ်နိုင်ငံတကာဆင်းရဲမွဲတေသူများအားပြင်းထန်စွဂယက်ရိုက်မည်

0

Leave a Reply

Your email address will not be published.