Covid-19 ကူးစက် ကပ်ရောဂါကြောင့် ၇ နှစ်တာအတွင်း ကမ္ဘာ့ဆန်ဈေးအမြင့်ဆုံး ရောက်ရှိ။ အသွားအလာတားဆီးပိတ်ပင်ခြင်းနှင့် စိုက်ပျိုးရာသီအလုပ်သမားရှားပါးမှု

Covid-19 ကူးစက် ကပ်ရောဂါကြောင့် ဆန်တင်ပို့သူများက ပြည်ပပို့ကုန် ကန့်သတ်လျှက်ရှိစဉ် ဆန်တင်သွင်းသူများက ကောက်ပဲသီးနှံတို့ကို အများအပြား စတင်သိုလှောင်လာခြင်းကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ၇- နှစ် တာကာလအတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိလာကြောင်း CNBC အား ကိုးကား၍ Dhaka Tribune က ယမန်နေ့ရေးသားသည်။

စက်မှုအခြေခံစံနှုန်းအရ ဆန်ဖြူကျိုး ၅ ရာခိုင်၏ ဈေးနှုန်းသည် မတ်လ ၂၅ မှဧပြီလ ၁ ရက်နေ့အတွင်း ၁၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ၎င်း ဈေးနှုန်းမှာ ၂၀၁၃-ခုနှစ်ဧပြီလနှောင်းပိုင်းမှစ၍ရေတွက်လျှင် အမြင့်ဆုံးဈေးသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းဆန်တင်ပို့သူများအသင်းက Reuters သို့ပြောကြားခဲ့သည်။

ဆန်တင်ပို့မှု ထိပ်တန်း နှစ်နိုင်ငံဖြစ်သည့် အိန္ဒိယနှင့် ဗီယက်နမ်တို့က ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ပို့ကုန်ပြတ်တောက်မှုကြုံတွေ့ခဲ့ရပြီးနောက် ထိုင်းနိုင်ငံထံမှ ဆန်ဝယ်လိုအားမြင့်လာမည်ဟု မျှော်လင့်ထားခြင်းကြောင့်လည်း ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်သည်။

ကမ္ဘာ့ဆန် လိုအပ်ချက် ၉၀- ရာခိုင်နှုန်းတွင် အာရှသည် အများဆုံးကို ထုတ်လုပ်ပြီး တူညီသောပမာဏကို စားသုံးသည်။ အိန္ဒိယဆန်ကုန်သည်များသည် အလုပ်သမားရှားခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးပြတ်တောက်ခြင်းများကြောင့် ဆန်တင်ပို့ရန် စာချုပ်အသစ်များချုပ်ဆိုခြင်းကို ရပ်ဆိုင်းလိုက်ရသည်။ အခြားတစ် ဖက်တွင် ဗီယက်နမ်အစိုးရက နိုင်ငံ၏ အဓိက၏တင်ပို့မှုကို ကန့်သတ်လိုက်သည်။

အိန္ဒိယပြီးလျှင် ဒုတိယအကြီးဆုံး ဆန်တင်ပို့သူ ထိုင်းနိုင်ငံ၌ ပြင်းထန်စွာ မိုးခေါင်ခြင်းနှင့် အာရှနှင့်အာဖရိက တင်သွင်းသူများ၏ ဝယ်လိုအားမြင့်မားခြင်းတို့ကြောင့် ၂၀၁၉- ခုနှစ်မှစ၍ မြင့်တက်ခဲ့သော ဆန်ဈေးနှုန်းများသည် မတ်လမတိုင်မီတွင် အမြင့်ဆုံးဈေးဖြစ်လာခဲ့သည်။

ယခုနှစ်တွင် သီးနှံထွက်နှုန်း ကောင်းပြီး ဆန်နှင့်ဂျုံတို့ ယခင်ထက် ပိုမိုထွက်ရှိမည်ဟု မျှော်လင့်ရသော်လည်း ယခုအချိန်တွင် ဆန်ဈေးသည်အမြင့်ဆုံးဖြစ်နေကြောင်း ပီရူးအခြေစိုက်နိုင်ငံတကာ အာလူးစိုက်ပျိုးထုတ်လုပ်မှု စင်တာမှ အာရှဒေသတွင်းညွှန်ကြားရေးမှူးက ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် သိုလှောင်ဆန်များလုံလောက်စွာရှိနေသည်။ သို့သော် တစ်နိုင်ငံလုံး တားဆီးပိတ်ဆို့ခဲ့ရပြီးနောက် ကမ္ဘောဒီးယား အလုပ်သမားများ နေရပ်ပြန်ကြသဖြင့် အလုပ်သမားရှားပါး ပြတ်လပ်မှုအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း၊ Lockdown ပြုလုပ်ခြင်းကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ အခြား ကဏ္ဍများနှင့် မတူပဲ ထူးခြားစွာထိခိုက်ခဲ့ရကြောင်း၊ စပါးစိုက်ပျိုးချိန် လွဲချော်သွားပြီး တစ်နှစ်လုံးလုံး သီးနှံရိတ်သိမ်းရန် မရှိတော့ကြောင်း ထိုင်းဆန်တင်ပို့သူများအသင်းက ရှင်းပြသည်။

မြောက်အမေရိက၊ ဥရောပနှင့်တရုတ်နိုင်ငံတို့သည်လည်း နွေဦးစိုက်ပျိုး ရာသီအတွက် အလုပ်သမားရှားပါးမှုနှင့် ထောက်ပံ့ရေးလမ်းကြောင်း ပြတ်တောက်မှုများကိုရင်ဆိုင်နေရသည်။ အကယ်၍ စိုက်ပျိုးချိန်ကာလ လွဲချော်ခဲ့လျှင် ၎င်းသည်တစ်နှစ်လုံး ဆက်လက်ကြုံတွေ့နေမည်ဖြစ်ကြောင်း ရာသီဥတုအလိုက်စိုက်ပျိုးရသောကြောင့် ရိတ်သိမ်းမည့်အချိန်တွင်ထိခိုက်နိုင်သည်ဆို၏။

အိန္ဒိယနှင့်အခြားတောင်အာရှနိုင်ငံများအပါအဝင်ကမ္ဘာ့အခြားဒေသများ၌ ကောက်ပဲသီးနှံများတွင်ဂျုံ၊ အာလူး၊ ဝါဂွမ်း၊ သစ်သီးနှင့်ဟင်းသီးဟင်းရွက်စသည့် ဆောင်းသီးနှံများအတွက်ရိတ်သိမ်းချိန်ရောက်ပြီဖြစ်သည်။ သို့သော် လယ်သမားများအနေဖြင့် စက်ယန္တရားများ မောင်းနှင်ရန်နှင့် အခြားလက်အားသုံး၍ လုပ်ဆောင်ရန် ရွှေ့ပြောင်းအလုပ်သမားများလိုအပ်သည်။

အပြည်ပြည်ဆိုင်ရာကောက်ပဲသီးနှံကောင်စီ၏ မကြာသေးမီကထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများအရ လွန်ခဲ့ သောရက်သတ္တပတ်များအတွင်း သွားလာမှုအကန့်အသတ်များနှင့် ရောဂါခြေချုပ် အစီအမံများကျယ်ပြန့်လာချိန်တွင် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာစိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ၎င်းအချိန်၌ပင် ကုန်ပစ္စည်းအချို့အတွက် အဝယ် မြင့်တက်လာခဲ့ကြောင်း၊ ဆန်နှင့် ဂျုံကို အခြေခံပြုလုပ်သည့် စားစောက်ကုန်တို့၏ ဝယ်လိုအားမှာလည်း တိုးမြင့်လာခဲ့ကြောင်း ဖော်ပြထားည်။

((( Dhaka Tribune., Apr 9th, 2020, “ Coronavirus: Global rice prices surge to 7-year high,” #HtayOung, #OungMarine နှင့် #MalNyeinn ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/world/2020/04/09/coronavirus-global-rice-prices-surge-to-7-year-high

#ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ဆန်ဈေးနှုန်းအမြင့်ဆုံးသို့ရောက် #ကိုရိုနာဗိုင်းရပ်စ်လယ်ယာစိုက်ပျိုးရေးအခက်အခဲ

0

Leave a Reply

Your email address will not be published.