Covid-19 တတိယလှိုင်းမှာ ဆေးဘက်ဆိုင်ရာစွမ်းရည်ကို လွှမ်းမိုးဖွယ် ခြိမ်းခြောက် လာသောကြောင့် တောင်ကိုရီးယား၌ အရေးပေါ်သယ်ပို့နိုင်သော ကွန်တိန်နာဆေးရုံ တည်ဆောက်၊ ကပ်ရောဂါအပေါ် ဆေးဘက်ဆိုင်ရာ တုန့်ပြန်မှုမှာ အကန့်အသတ်အဖြစ် မကြာမီရောက်ရှိလာတော့မည်ဟု ကြေညာ


နောက်ထပ်အရန်ဆေးရုံများ၏စွမ်းဆောင်ရည်ကို အမြန်ဆုံးတည်ဆောက်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ တတိယလှိုင်းကို ကိုင်တွယ်လျှက်ရှိပြီး “အတိမ်းအစောင်းမခံသောအခြေအနေ” သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးက ကြေညာသည်ဟု Russia Today က ယနေ့ရေးသားသည်။ 


ကြာသပတေးနေ့တွင် ကျန်းမာရေးဝန်ကြီး ပတ်နမ်ဟူက ကြေညာရာ၌ Covid-19 ကပ်ရောဂါအပေါ် တောင်ကိုရီးယားနိုင်ငံ၏ ဆေးဘက်ဆိုင်ရာ တုန့်ပြန်မှုမှာ အကန့်အသတ်အဖြစ် မကြာမီရောက်ရှိလာတော့မည်ဖြစ်ရာ အန္တရာယ်များသော အခြေအနေသို့ ကျရောက်နေပြီဖြစ်ကြောင်း၊ ရောဂါပျံ့နှံ့မှုနှေးကွေးစေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှု စွမ်းရည်ပိုမိုရရှိစေရေးအတွက် ဦးစားပေးရမည့်အရင်းအမြစ်များအားလုံးကို စုဆောင်းလျှက် ရှိကြောင်း၊ ပိုမိုကောင်းမွန်စွာ ကုသနိုင်ရန် ကုသရေးစင်တာများ အလုံအလောက်ရရှိရေးနှင့် အရေးကြီးကိစ္စ ရပ်များအတွက် ဆေးကုသမှုကုတင်များ အချိန်မီ ရရှိနိုင်ရန် လိုအပ်သည်ဟု ဖော်ပြပါရှိသည်။


ဆိုးလ်မြို့တော်၏ အစိုးရကွာရန်တင်းအရာရှိတစ်ဦးဖြစ်သူ ပတ်ယိုးမီက သတင်းထောက်များအား ပြောကြားရာတွင်မူ ဝေဒနာပြင်းထန်သည့် လူနာများအတွက် ဆေးရုံကုတင်များ၏ ၃ ရာခိုင်နှုန်းခန့်သာ နေရာပေးနိုင် ကြာင်း၊ ၎င်းမှာ လူနာအားလုံး၏ ၁၇ ရာခိုင်နှုန်း ရှိနေကြောင်း ရှင်းပြသည်။ 


ဆိုးရွားလှသော အဆိုပါ ပြတ်လပ်မှုများကို ဖြည့်ဆည်းနိုင်ရန် ရေကြောင်းဖြင့် သယ်ယူပို့ဆောင်နိုင်သော ကွန်တိန်နာများအား အရေးပေါ်ဆေးရုံများအဖြစ် ပြုပြင်မွန်းမံ၍ ္စစမ်းသပ်အသုံးပြုနိုင်ရန် ကျန်းမာရေးအာဏာပိုင်များက ကြံဆလျှက်ရှိရာ တည်ဆောက်လျှက်ရှိသည့် ၎င်းတို့၏ ဓါတ်ပုံများကို အွန်လိုင်းပေါ်တွင် တွေ့မြင်ကြရသည်။

မြို့တော်ဆိုးလ်တွင် ရောဂါကူးစက်မှုနှုန်းမှာ အထူးစိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ထင်မြင်သည်။ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း အတည်ပြုခံရမှုမှာ မြို့တော်ဧရိယာ၌ နေ့စဉ် အများဆုံး အရေအတွက်ဖြစ်နေပြီး လွန်ခဲ့သည့် ရက်သတ္တပတ်၌ ကူးစက်မှု ၃,၀၀၀ ကျော် ထပ်မံဖြစ်ပွားခဲ့သည်။ 

ကြာသပတေးနေ့တွင် တောင်ကိုရီးယားနိုင်ငံ၌ Covid -19 ရောဂါကူးစက်ခံရသူ ၆၈၂ -ဦး ထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူ ၈-ဦး ရှိသည်။ အဆိုပါ ကိန်းဂဏန်းများမှာ အနောက်နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ လျော့နည်းနေသော်လည်း ယခုနှစ် မတ်လတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု စတင်တွေ့ရှိခဲ့သည့် တောင်ကိုရီးယားအတွက်မူ နေ့စဉ်ကူးစက်မှုတွင် အများဆုံးနှုန်းဖြစ်နေသည်။ 

(( ကြာသပတေးနေ့တွင် တောင်ကိုရီးယား၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုမှာ ၂၄-နာရီအတွင်း ပိုးတွေ့သူ ၆၈၂-ဦးဖြစ်ပြီး ၈-ဦး သေဆုံးသည်။ ထိုသို့သောနိုင်ငံမျိုး၌ Covid-19 တတိယလှိုင်းကျရောက်၍ ဆေးဘက်ဆိုင်ရာ တုန့်ပြန်မှုမှာ အကန့်အသတ်အဖြစ် မကြာမီရောက်ရှိလာတော့မည်ဟု ကြေညာခြင်းမှာ အကဲပိုလွန်းသည်ဟု ကျွန်တော် မထင်ပါ။ 

ကျွန်တော်တို့၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်တွင် နေ့စဉ် ပိုးတွေ့သူ ၂,၀၀၀ ဝန်းကျင်ရှိနေပြီး သေဆုံးသူအရေအတွက်မှာလည်း ၂၀ ခန့် ရှိနေသည်။ ကူးစက်ကပ်ရောဂါကို ခုခံရင်ဆိုင်နေရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်းလုံးတွင် ဆရာဝန်၊ သူနာပြု၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ၊ ဆေးရုံအကူဝန်ထမ်းနှင့် ကျန်းမာရေးလုပ်သား ၅,၀၀၀ ကျော်လိုအပ်လျှက်ရှိကြောင်း Dhaka Tribune ( Nov.18, 2020 ) ၌ ဖတ်ရှု့ရပါသည်။ 


လိုအပ်သည့် ဆရာဝန်အရေအတွက်မှာ ၁၁,၃၅၄- ဦး ဖြစ်သော်လည်း ၂၆၅,ဝ-ဦးသာလျှင် ဖြည့်ဆည်းခန့်ထားနိုင်သည်။ ဒါကာမြို့တော်သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုအပြင်းထန်ဆုံးဖြစ်ပြီး ဆရာဝန် ၃,၁၈၅-ဦး လိုအပ်နေဆဲဖြစ်သည်ဆိူ၏။

၂၀၁၆-ခုနှစ် လေ့လာတွေ့ရှိချက်များအား အခြေခံ၍ Lancet ဆေးပညာဂျာနယ်က ၂၀၁၈-ခုနှစ် မေလတွင် ထုတ်ပြန်သည့် ( Measuring performance on the Healthcare Access and Quality Index for 195 countries and territories and selected subnational locations: a systematic analysis from the Global Burden of Disease Study 2016 ) ကမ္ဘာနိုင်ငံ ၁၉၅-နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာစောင့် ရှောက်မှုစွမ်းရည်တွင် တောင်ကိုရီးယားသည် အဆင့် ၂၅၊ ဘင်္ဂလားဒေ့ရှ်သည် ၁၃၃ ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ။ သတင်းဘာသာပြန်သူ )) 


#ကိုရိုနာဗိုင်းရပ်စ်ရောဂါတတိယလှိုင်းနှင့်တောင်ကိုရီးယား 


((( Russia Today., 10 Dec, 2020,” South Korea builds emergency-shipping container hospital as Covid-19 third wave threatens to overwhelm medical capacity (PHOTOS).” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 


https://www.rt.com/news/509228-southkorea-covid19-hospitals-overwhelmed-containers/ 
https://www.who.int/healthinfo/paper30.pdf 
https://www.thelancet.com/journals/lancet/article/PIIS0140-6736(18)30994-2/fulltext 
https://www.dhakatribune.com/health/coronavirus/2020/11/18/bangladesh-fighting-covid-19-with-a-shortage-of-50-000-doctors-nurses-employees

0

Leave a Reply

Your email address will not be published.