Covid- 19 ဗိုင်းရပ်စ်မှာ တရုတ်လုပ်ဖြစ်ကြောင်း မိမိမှ ပြောကြားသည်ဟု အွန်လိုင်းတွင် ပြန့်နှံ့နေသည့် သတင်းမှာ မဟုတ်မမှန်ကြောင်း ဆေးသိပ္ပံနိုဘယ်ဆုရ ဂျပန်ပါမောက္ခကြီး Tasuku Honjo တာဆုကူဟွန်ဂျိုက Factly ( ဧပြီ – ၂၅၊ ၂၀၂၀ ) တွင် ကိုယ်တိုင်ရေးသားကာ အခိုင်အမာ ပယ်ချလိုက်ပါသည်။ (( သတင်းတုတွင် ဖော်ပြထားသော ဓါတ်ပုံအချို့မှာ ဒေါက်တာဆုကူဟွန်ဂျိုနိုဘယ်ဆုချီးမြှင့်ခံရစဉ် သတင်းဓါတ်ပုံများသာဖြစ်ပါသည်။ ))) အစဉ်လေးစားစွာဖြင့် #HtayOung, #OungMarine ===================
Credit: ဆရာ ဦးကိုကိုလွိဳင္
Ko Hlaing
Fake News, Infodemic and Media & Infomation Literacy နိုဗဲလ်ဆုရ ဂျပန် ပါမောက္ခ တစ်ယောက်က ဒီဗိုင်းရပ်ဟာ တရုတ်ကလုပ်တာ ၁၀၀%သေချာတယ်ဆိုတဲ့ သတင်းအတု တစ်ခု လူမှုကွန်ရက်ထဲမှာ ပြန့်နေပါတယ်။ အထူးသဖြင့် အင်္ဂလိပ်စာတတ်တဲ့ ပညာတတ် အသိုင်းအဝိုင်းကို ဝင်လာတာပါ။ သေချာစစ်ကြည့်တော့ Fact Check မှာ သတင်းအတုဆိုတာ တွေ့ပါတယ်။
ကပ်ရောဂါ Pandemic ကြောင့် လူတွေ ကြောက်လန့်တကြားဖြစ်လာချိန်မှာ စိတ်လှုပ်ရှားမှုကြောင့် ဆင်ခြင်နိုင်စွမ်း နည်းသွားမှုကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ဖြစ်စေ လူတွေကို အာရုံလွှဲဖို့ဖြစ်စေ အထင်အမြင်လွဲမှားစေမယ့် သတင်းတုတွေကို တမင် ဖြန့်တတ်ပါတယ်။ အဲဒီသတင်းတွေကလည်း ကပ်ရောဂါလို ပျံ့သွားတတ်လို့ သတင်းကပ်ဘေး Infodemic လို့ အမည်ပေးထားကြပါတယ်။ Infodemic ဘေးက လွတ်ဖို့ကတော့ မီဒီယာနဲ့ သတင်းအချက်အလက်အကြောင်း အခြေခံသိနားလည်မှု Media and Information Literacy MIL ရှိဖို့ လိုအပ်ပါတယ်။
အဓိက ကတော့ ရေးတဲ့သတင်းဟာ ယုတ္တိရှိရဲ့လား၊ ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တွေက ထုတ်ပြန်တာ ဟုတ်ရဲ့လား၊ ဆိုတာ စိစစ်ပြီးမှ ယုံသင့်မယုံသင့် ဆုံးဖြတ်ဖို့ပါပဲ။ သတင်းဌာနကြီးတွေကိုယ်တိုင်လည်း ဘက်လိုက်တတ်သလို တစ်ခါတစ်ရံ တာဝန်ရှိသူတွေကလည်း အကြောင်းအမျိုးမျိုးကြောင့် သတင်းတွေကို ဆိုင်းထားတာ၊ လျှော့ပြောတာ မျိုးတွေလည်းရှိတတ်တော့ အခြေအနေမှန်ကို သိဖို့ဆိုတာ ဖတ်တဲ့သူရဲ့ ဆင်ခြင်တုံဉာဏ်နဲ့ ဗဟုသုတ ဝမ်းစာပြည့်ဖို့လည်း လိုပါလိမ့်မယ်။ နောက်လည်း ဒါမျိုးတွေကတော့ မြင်နေ ကြားနေရဦးမှာပါ။ ဘာပဲလာလာ အရင်ဆုံး စိစစ်ပြီးမှ ခြင့်ယုံကြဖိုသာ တိုက်တွန်းချင်ပါတယ်။
====== https://www.facebook.com/photo?fbid=682410332508069&set=pcb.682410489174720 https://www.theguardian.com/science/2018/oct/01/james-p-allison-and-tasuku-honjo-win-nobel-prize-for-medicine https://factly.in/nobel-laureate-tasuku-honjo-hasnt-claimed-that-coronavirus-is-man-made/
လွန်ခဲ့တဲ့ ရက်သတ္တပတ်မှာ SARS-CoV-2 ဟာ HIV ဗိုင်းရပ်စ်နဲ့ ကိုရိုနာဗိုင်းရပ်စ်ပေါင်းစပ် ဖန်တီးထားခြင်းဖြစ်ကြောင်း မြန်မာဘာသာပြန် သတင်းတင်သူတွေ့ရပါတယ်။
အဲဒါက ဇီ၀ဗေဒသဘောတရားအရ ပိုပြီးတောင် မဖြစ်နိုင်ပါသေးတယ်။
မျိုးဗီဇအင်ဂျင်နီယာပညာ ထွန်းကားလာလို့ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များကို လိုသလို ဖြတ်တောက်ကြည့်တာ လုပ်နိုင်နေပါပြီ။ ဟိုဗိုင်းရပ်စ်ရဲ့ ခြေတွေ လက်တွေကို ဖြုတ်ယူပြီး ဒီဗိုင်းရပ်စ်မှာ လိုချင်သလို တပ်ဆင်တာမျိုး တွင်တွင်ကျယ်ကျယ် မလုပ်နိုင်သေးပါ။
Covid-19 ရောဂါဖြစ်စေတဲ့ SARS-CoV-2 မှာ HIV ဗိုင်းရပ်စ်ဗီဇကုဒ်များပါ၀င်တယ်ဆိုတာ မမှန်ကြောင်း European Scientist ဥရောပသိပ္ပံဂျာနယ်ပါ ယခုသတင်းတွင် ရုှုပါရန်
https://www.europeanscientist.com/en/big-data/no-sars-cov-2-does-not-contain-hiv-genetic-code/