Covid-19 ရောဂါသယ်ရုပ်အလောင်းမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သဖြင့် အသက်ဆုံးရှုံးသူ ပထမဆုံးအကြိမ်တွေ့ရှိကြောင်း ထိုင်းသိပ္ပံပညာရှင်များ ပြောဆို။ သေဆုံးသူ၏ ကိုယ်တွင်းအရည်များနှင့် တစ်ရှူးများတွင် ရောဂါပိုးရှိနိုင်သဖြင့် ကူးစက်မှုအန္တရာယ်ကို သတိပြုသင့်။

ထိုင်းနိုင်ငံတွင် Covid-19 ရောဂါဖြစ်ပွားပြီး သေဆုံးသူရုပ်အလောင်းမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သဖြင့် လူတစ်ဦး အသက်ဆုံးရှုံးရသည်ကို ပထမဆုံးအကြိမ်တွေ့ရှိရကြောင်း၊ ထိုင်းသိပ္ပံပညာရှင်များအနေဖြင့် Covid-19 ရောဂါပိုးမှာ လူသေဆုံးပြီးနောက် အချိန်မည်မျှကြာအောင် ရှင်သန်နိုင်သည်ကို အသေးစိတ် မသိရှိရ သေးကြောင်း ပြောဆိုသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

Covid-19 ရောဂါဖြင့် သေဆုံးသူတစ်ဦး၏ ရုပ်အလောင်းမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်သည်ကို ပထမဆုံးအကြိမ်တွေ့ရှိရသည်ဟု စနေနေ့ “ မှုခင်းဆေးပညာနှင့်ဆေးဘက်ဆိုင်ရာ“ ဂျာနယ်တွင် ထိုင်းနိုင်ငံမှသိပ္ပံပညာရှင်များ က ရေးသားကြောင်း Business Standard မီဒီယာက ဖော်ပြခဲ့သည်ဆို၏။

ကိုရိုနာဗိုင်းရပ်စ်မှာ သေဆုံးပြီးနောက် ခန္ဓာကိုယ်ထဲတွင် အချိန်မည်မျှကြာကြာရှင်သန်နေနိုင်သည်ဆိုခြင်းကို မည်သည့် နိုင်ငံသိပ္ပံပညာရှင်မျှ မသိရှိကြသေးချေ။ သို့သော် သေဆုံးပြီး ကိုရိုနာဗိုင်းရပ်စ်လူနာအား စစ်ဆေးသည်ဆိုခြင်းမှာ ထိုင်းနိုင်ငံတွင် လုပ်ရိုးလုပ်စဉ်မဟုတ်ပေ။ ဤအချက်များက အပြီးသတ် ကောက်ချက်ချရန် ခက်ခဲပါသည်။

ထိုင်းနိုင်ငံတွင် Covid-19 ရောဂါဖြင့် သေဆုံးပြီးသူတို့၏ ရုပ်အလောင်းများအား စစ်ဆေးရန်မှာ ပုံမှန်အစဉ်အလာမရှိခဲ့ကြောင်း၊ ယခုအချိန်တွင် သေဆုံးရုပ်အလောင်းတို့၌ ကိုရိုနာဗိုင်းရပ်စ်ဖြင့် ဆက်နွယ်သည်ဟု အရေအတွက်အတိအကျနှင့် အချက်အလက်များ မရှိခဲ့ကြောင်း၊ ရှေ့တန်းကျန်းမာရေးစောင့်ရှောက်သူ လုပ်သားများကဲ့သို့ လူသေများအား ကိုင်တွယ် အလုပ်လုပ်ရသူတို့အနေဖြင့် ပိုးသတ်ဆေး လုပ်ထုံးလုပ်နည်းများကို အသုံးပြုသင့်ကြောင်း ထိုင်းပညာရှင်များက အကြံပြုရေးသားထားသည်ဟု သိရှိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်တွင် လူသေအလောင်းများမှ ဗိုင်းရပ်စ် ပိုးကူးစက်ခြင်းသည်ရှားပါးပြီး၊ သေဆုံးပြီးသူ၏ ခန္ဓာကိုယ်၌ ဗိုင်းရပ်စ်ပိုးမှာ အချိန်ကြာကြာ မရှင်သန်နိုင်ကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သည့် မတ်လ ၃၁-ရက်နေ့ ဗြိတိန်နိုင်ငံ ကျန်းမာရေးစောင်ရှောက်မှု အကြံပေးအဖွဲ့က ပြောကြားရာတွင်မူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှက်ရှိသော သေဆုံးသူ၏ ကိုယ်တွင်းအရည်များနှင့် တစ်ရှူးများ၌ ရောဂါပိုးရှိနိုင်သဖြင့် ရုပ်အလောင်းအား ထိတွေ့ကိုင်တွယ်ရသူတို့အနေဖြင့် ကူးစက်မှုအန္တရာယ်ကို သတိပြုသင့်ကြောင်း ပြောကြားခဲ့သည်။

((( Dhaka Tribune., April 15, 2020,” First death of coronavirus spreading from dead body reported.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/health/coronavirus/2020/04/15/the-first-case-of-someone-dying-after-catching-coronavirus-from-a-dead-body-has-been-reported

https://www.businessinsider.com/first-death-coronavirus-healthcare-caught-from-dead-body-thailand-2020-4

#ကိုရိုနာဗိုင်းရပ်စ်ရုပ်အလောင်းမှရောဂါပိုးကူးစက်၍ပထမဆုံးအကြိမ်လူသေဆုံး

0

Leave a Reply

Your email address will not be published.