Covid-19 ရောဂါအတွက် မည်သည့်နိုင်ငံတွင် မည်သည့်ကာကွယ်ဆေးများ ထိုးနှံနေသနည်း၊ Pfizer-BioNTech, Moderna, Sputnik V နှင့် Sinopharm ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည့် အစောဆုံး ၁၀-နိုင်ငံကျော်အား ရက်စွဲနှင့်တကွ အယ်လ်ဂျားဇီးယား စာရင်းပြုစု ဖော်ပြ

..  
တစ်နှစ်နီးပါးအတွင်း ကမ္ဘာတစ်ဝှမ်းရှိ လူပေါင်း ၁.၇၄ သန်းကျော်ကို အသေသတ်ခဲ့သည့် Covid-19 ကူးစက်ကပ်ရောဂါအား တိုက်ဖျက်ရန် နိုင်ငံများစွာတို့တွင် အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များကို စတင်နေပြီဖြစ်ကြောင်း Al Jazeera က ယနေ့ရေးသားသည်။

..   
ဗြိတိန်နိုင်ငံသည် ၎င်း၏ နိုင်ငံသားများအား အပြည့်အဝစမ်းသပ်ပြီး Covid-19 ကာကွယ်ဆေးထိုးနှံရန် စီစဉ်ပေးခဲ့သည့် ပထမဆုံးနိုင်ငံဖြစ်သည်။ Al Jazeera သည် ယခုအချိန်အထိ Covid-19 ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့သည့် နိုင်ငံတို့အား ကာကွယ်ဆေးအမျိုးအစားနှင့်တကွ ဖော်ပြလိုက်ပါသည်။

..   
(၁)#ဗြိတိန် … ဒီဇင်ဘာလ ၈-ရက်နေ့တွင် အသက် ၉၀-အရွယ် မာဂရက်ကီးနမ်သည် Pfizer-BioNTech ကာကွယ်ဆေးကို စမ်းသပ်မှုပြင်ပ၌ ထိုးနှံမှုခံယူသော ကမ္ဘာ့ပထမဆုံးလူသားဖြစ်လာသည်။ သို့သော် ကူးစက်မှုပိုမိုလျှင်မြန်သော ဗိုင်းရပ်စ်မျိုးကွဲ၏ ရောဂါဖြစ်ပွားမှုကြောင့် ဗြိတိန်နိုင်ငံအား တင်းကြပ်သော Lockdown တားဆီးပိတ်ဆို့မှုများ ချမှတ်ရသည့်အခြေအနေသို့ တွန်းပို့ရာရောက်လျှက်ရှိသည်။ 

..  
(၂)#ယူအေအီး … ဒီဇင်ဘာလ ၁၄-ရက်နေ့တွင် မြို့တော်အဘူဒါဘီ၌နေထိုင်သူများအတွက် ကာကွယ်ဆေးထိုးခြင်း စတင်ခဲ့သည်။ရေနံကြွယ်ဝသောပင်လယ်ကွေ့နိုင်ငံသည် လူအများအပြားအား တစ်ပြိုင်နက်တည်း ထိုးနှံပေးရေးအတွက် Pfizer-BioNTech နှင့် တရုတ်လုပ် Sinopharm ကာကွယ်ဆေးများကို အသုံးပြုသည်။

..  
(၃) #အမေရိကန် .. ဒီဇင်ဘာလ ၁၄ ရက်နေ့တွင်  Pfizer ကာကွယ်ဆေးကို ပထမဆုံး ထိုးနှံခံယူသည့် အမေရိကန်သူမှာ နယူးယောက်မြို့နေ အသည်းအသန်လူနာစောင့်ရှောက်ရေး သူနာပြု စန်ဒရာလင်းဆေးဖြစ်သည်။ Pfizer-BioNTech ကို ယခင်ကတည်းက လူပေါင်း ၁-သန်းကျော်တို့အား ထိုးနှံရန် စီစဉ်ထားခဲ့ပြီး Moderna မှာ ဒုတိယကာကွယ်ဆေးအဖြစ် အမေရိကန်အာဏာပိုင်များက အတည်ပြုပေးခဲ့သည်။ 

..
(၄) #ကနေဒါ .. အမေရိကန်နှင့် တစ်ရက်တည်း ဒီဇင်ဘာ ၁၄-ရက်နေ့တွင် ကာကွယ်ဆေးထိုးနှံမှုစတင်ခဲ့ပြီး ကွိဘက်ပြည်နယ်မှ အသက် ၈၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ထိုးနှံပေးခဲ့သည့် ကာကွယ်ဆေးမှာ Pfizer ဖြစ်သည်။  ကနေဒါသည် အိမ်နီးချင်း အမေရိကန်နှင့်အတူ အစုလိုက်အပြုံလိုက်ကာကွယ်ဆေးထိုးခြင်းအစီအစဉ်အတွက် Moderna ကိုလည်း အတည်ပြုပေးခဲ့သည်။ 

..
(၅) #ဆော်ဒီအာရေဗီးယား .. သေဆုံးသူ ၆,၁၄၈-ဦးနှင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၆၀,၀၀၀ ကျော်ဖြင့် အာရေဗျကျွန်းဆွယ်တွင် ရောဂါဖြစ်ပွားမှု အဆိုးရွားဆုံးနိုင်ငံဖြစ်ပြီး Pfizer-BioNTech ကာကွယ်ဆေးကို ဒီဇင်ဘာ ၁၇ ရက်တွင် ထိုးနှံမှု စတင်ခဲ့သည်။ 

..
(၆) #အစ္စရေး … ၀ န်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက ဣသရေလလူမျိုးတို့တွင် ကာကွယ်ဆေးထိုးနှံခံယူသူအဖြစ် စတင်ခဲ့သည်။ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် အသက် ၇၁-နှစ်အရွယ် ဝန်ကြီးချုပ်အား ထိုးနှံပေးခဲ့သော ကာကွယ်ဆေးမှာ Pfizer-BioNTech ဖြစ်သည်။ 

..
(၇) #ကာတာ… ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကာတာသည် Pfizer-BioNTech ကာကွယ်ဆေးကို ပထမဆုံးအသုတ် အခမဲ့ထိုးနှံပေးခဲ့သည့် ပင်လယ်ကွေ့နိုင်ငံဖြစ်လာသည်။ ကာကွယ်ဆေးကို နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံကျန်းမာရေးစင်တာ ၇ ခုတို့၌ ၃-ပတ်ခြား ၂- ကြိမ် ထိုးနှံပေးမည်ဖြစ်ပြီး Moderna နှင့် Oxford-AstraZeneca ကာကွယ်ဆေးများကိုလည်း ဝယ်ယူရန် စာချုပ် ချုပ်ဆိုထားသည်။ 

..
(၈) #မက္ကစီကို … Covid-19 ရောဂါကြောင့် နိုင်ငံတကာတွင် သေဆုံးသူဦးရေအများဆုံးနိုင်ငံဖြစ်သည်။ မက္ကဆီကို၏ အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးခြင်းအစီအစဉ်ကို  ဒီဇင်ဘာ ၂၄ ရက်တွင် သူနာပြုတစ်ဦးအား ပထမဆုံးအကြိမ် ထိုးနှံပေးခြင်းဖြင့် စတင်ခဲ့သည်။ Pfizer-BioNTech ကာကွယ်ဆေးလုံးရေ ၃,၀၀၀ ကို ဘယ်လ်ဂျီယံနိုင်ငံမှ လေယာဉ်ဖြင့် ရောက်ရှိလာပြီး တစ်ရက်အကြာ၌ စတင်ခဲ့ခြင်းဖြစ်သည်။

..  
(၉) #ဆားဘီးယား.. ဘော်လ်ကန်ဒေသ နိုင်ငံတွင် ဒီဇင်ဘာ ၂၄ ရက်နေ့၌ ဝန်ကြီးချုပ် အန်နာဘာနာဘစ်မှာ Pfizer ဆေးကို ပထမဆုံး ထိုးနှံ့ခံယူခြင်းဖြင့် ကာကွယ်ဆေးထိုးခြင်း စတင်ခဲ့သည်။ 

..
(၁၀) #ကူဝိတ် … ဒီဇင်ဘာ ၂၄ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးထိုးခြင်းကို စတင်ခဲ့သည်။ ကာတာအနေဖြင့် အမရိကန်ဆေးဝါးကုမ္ပဏီကြီး Pfizer နှင့်ဂျာမန်မိတ်ဖက် BioNTech တို့မှ ထုတ်လုပ်သော ပထမဆုံးအသုတ် ကာကွယ်ဆေး ၁၅၀,၀၀၀ ကို လက်ခံရရှိထားသည်။ 

..
(၁၁) #ချီလီ .. ဒီဇင်ဘာ ၂၄-ရက်တွင် ချီလီသည် မက္ကဆီကိုပြီးလျှင် ဒုတိယမြောက် ကာကွယ်ဆေးထိုးနှံသည့် လက်တင်အမေရိကနိုင်ငံဖြစ်လာသည်။ အသက် ၄၂ နှစ်အရွယ် သူနာပြု ဇူလေမာရက်ကဲမီသည် ချီလီသမ္မတ ရှေ့မှောက်၌ Pfizer-BioNTech ကာကွယ်ဆေးကို ပထမဆုံး ထိုးနှံခံယူသည်။ 

..
(၁၂) #ရုရှား .. စက်တင်ဘာလမှစ၍ မိမိတို့နိုင်ငံထုတ် Sputnik V ကာကွယ်ဆေးဖြင့် နိုင်ငံသားများအား ထိုးနှံကာကွယ်ပေးခဲ့ကြောင်း ရုရှားအစိုးရက ပြောဆိုသည်။ သြဂုတ်လ ၁၃ ရက်နေ့တွင် ရုရှားသည် Covid-19 ကာကွယ်ဆေးအား စည်းမျဉ်းများနှင့်အညီ အတည်ပြုချက်ပေးသည့် ပထမဆုံးနိုင်ငံဖြစ်လာကြောင်း သမ္မတဗလာဒီမာပူတင်က ကြေညာခဲ့သည်။ သို့သော် အဆင့် ၃-ဆင့်လုံး၌ စမ်းသပ်မှုမပြီးဆုံးမီ အသုံးပြုရန်ခွင့်ပေးအပ်ခဲ့ခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများနှင့်သိပ္ပံပညာရှင်များအကြား မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရသည်။

..
(၁၃) #ကော့စတာရီကာ .. ဒီဇင်ဘာ ၂၃ ရက်တွင် Pfizer-BioNTech ကာကွယ်ဆေးများ ပထမဆုံး လက်ခံရရှိခဲ့သည်။ဒီဇင်ဘာ ၂၄ ရက်တွင် သူနာပြုရိပ်သာ၌ ဘီးတပ်ကုလားထိုင်ဖြင့် အားပြုနေထိုင်သူ အသက် ၉၁ အရွယ် အဲလိဇဘက်ကတ်စတီလို ပထမဆုံးအဖြစ် ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့သည်။ 
..
#ကိုရိုနာဗိုင်းရပ်စ်ရောဂါအတွက် #မည်သည့်နိုင်ငံတွင်_မည်သည့်ကာကွယ်ဆေးများထိုးနှံပေးနေ 
… 
((( Al Jazeera., December 25th, 2020,” Which countries have rolled out Covid-19 vaccination?” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုပါသည်။ ))) 
.. 
.. 
https://www.aljazeera.com/news/2020/12/24/vaccine-rollout-which-countries-have-started 

..
https://www.dhakatribune.com/health/coronavirus/2020/12/25/which-countries-have-rolled-out-covid-19-vaccination 

0

Leave a Reply

Your email address will not be published.