Covid-19 ရောဂါကြောင့် ဘင်္ဂလားဒက်ရှ်တွင် ဒုတိယမြောက်အများဆုံးနေ့အဖြစ် ၁၇-ဦး သေဆုံးပြီး စုစုပေါင်း အသက်ဆုံးရှုံးသူ ၇၅-ဦးဖြစ်လာ။ ကူးစက်ခံရသူ ၂၆၆-ဦး ထပ်မံတွေ့ရှိသဖြင့် ဗိုင်းရပ်စ်ပိုး စွဲကပ်လျှက်ရှိသူ စုစုပေါင်း ၁,၈၃၈-ဦးရှိ

Covid-19 ကူးစက်ကပ်ရောဂါကျရောက်လျှက်ရှိသော ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ၂၄-နာရီအတွင်း ဒုတိယမြောက်အများဆုံးနေ့အဖြစ် ၁၇-ဦး သေဆုံးပြီး စုစုပေါင်း အသက်ဆုံးရှုံးသူ ၇၅-ဦးဖြစ်လာကြောင်း၊ ထပ်မံစမ်းသပ်ခဲ့သူ ၂,၁၉၀-ဦးပြီး ၂၆၆ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်လျှက်ရှိသည်ကို တွေ့ရှိခဲ့ရသဖြင့် စုစုပေါင်း ကူးစက်ခံရသူ ၁,၈၃၈-ဦးဖြစ်လာသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။

သောကြာနေ့မွန်းလွဲပိုင်း ဒါကာမြို့၌ အွန်လိုင်းစာနယ်ဇင်းရှင်းလင်းပွဲကျင်းပရာတွင် ကျန်းမာရေးနှင့်မိသားစုရေးရာဝန်ကြီးက ပြောဆိုရာ၌ စမ်းသပ်စစ်ဆေးခဲ့သူများ၏ သေဆုံးအရေအတွက်ကို ဖော်ပြသော်လည်း ဆေးရုံတင်ကုသမှုခံယူလျှက်ရှိသူ အခြားလူနာများတွင် Covid-19 ကြောာင့် သေဆုံးသူမည်မျှရှိသည်ဟု ပြောဆိုခြင်းမရှိချေ။

ကူးစက်ကပ်ရောဂါကျရောက်နေချိန်တွင် နိုင်ငံတကာ စမ်းသပ်ကိရိယာများဝယ်လိုအားကြောင့် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စက်များ ဝယ်ယူရေးမှာ အခက်အခဲရှိသော်လည်း ရှိတ်ဟာစီနာအစိုးရအနေဖြင့် နေ့စဉ်အရေအတွက် ပိုမိုတိုးမြှင့်စစ်ဆေးနိုင်ရန် စီစဉ်လျှက်ရှိကြောင်း၊ သို့သော် လူအချို့မှာ စမ်းသပ်စစ်ဆေးမှုခံယူရန် ဆန္ဒမရှိသည်ကို တွေ့ရှိနေရပြီး ကူးစက်ခံရသူတို့နှင့် ထိတွေ့ခဲ့သူအားလုံး စစ်ဆေးမှု ခံယူကြရန် တိုက်တွန်းလိုက်သည်။

စောစောပိုင်းကြသပတေးနေ့၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၄-နာရီအတွင်းသူ ၁၀-ဦးရှိခဲ့ပြီး မတ် ၁၈-ရက်နေ့ သေဆုံးမှုစတင်ဖြစ်ပွားပြီးနောက်ပိုင်း အများဆုံးအရေအတွက်ဖြစ်သည်ဆို၏။

ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူများ၏ ၃၂ ရာနှုန်းမှာ ဆေးရုံတင်ကုသပေးနေရပြီး ကျန်သူများမှာ နေအိမ် သို့မဟုတ် အင်စတီကျု့ဒ်၏ အဆောက်အအုံ၌ ရောဂါခြေချုပ်ချထားစောင့်ကြည့်လျှက်ရှိကြောင်း၊ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူများကို ကျောခိုင်း ပစ်ပယ်နေမည့်အစား နားလည်စာနာစွာ ကူညီဖေးမသင့်ကြောင်း ကူးစက်ဗေဒ၊ ရောဂါထိန်းချုပ်ရေးနှင့် သုတေသနဆိုင်ရာ အင်စတီကျု့ဒ် IEDCR က ပြောဆိုသည်။

ဆေးရုံတင်ကုသပေးနေရသူများအနက် ၁.၈ ရာနှုန်းသာလျှင် အထူးကြပ်မတ်ကုသဆောင်တွင် ventilators အသက်ရှူကူကိရိယာပေးထားရကြောင်း၊ ဆိုလိုသည်မှာ ဘင်္ဂလားဒက်ရှ်နိုင်ငံအနေဖြင့် Covid-19 ရောဂါလူနာ ၁-သောင်းရှိတိုင်း ventilators ၁၈၀ လိုအပ်ရာရောက်နေကြောင်း၊ နိုင်ငံတော်အနေဖြင့် ventilators လုံးရေ ၅၀၀ ရှိနေပြီး အခြားလိုအပ်သည့်ဆေးရုံများအား ဖြန့်ဝေသွားမည်ဆို၏။

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၆-ရာနှုန်းမှာ ဒါကာမြို့မှ ဖြစ်သော်လည်း မြို့နေထိုင်သူအများအပြားမှာ ရောဂါပိုးကူးပျံ့ပွားမှု ကာကွယ်တားဆီးသည့်အနေဖြင့် နေအိမ်၌သာ နေကြရန် တွန့်ဆုတ်လျှက်ရှိကြောင်း၊ ဧပြီ ၂၅-ရက်နေ့အထိ အတတ်နိုင်ဆုံး မိမိတို့နေအိမ်များ၌သာ နေထိုင်ကြပါရန် တိုက်တွန်းလိုက်ကြောင်း သိရှိ့သည်။

((( Dhaka Tribune., pm April 17, 2020, “Coronavirus: Bangladesh records highest deaths for 2nd consecutive day, total infected 1,838.” ကို #Htay Oung, #OungMarine ဆီလျော်အောင်ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ဘင်္ဂလားဒက်ရှ်၂-ရက်ဆက်တိုက်သေဆုံးသူမြင့်တက်

https://www.dhakatribune.com/bangladesh/2020/04/17/coronavirus-15-more-die-266-more-infected-in-24hrs

0

Leave a Reply

Your email address will not be published.