Covid-19 ရောဂါကြောင့် လူဖြူများထက် ဘင်္ဂလားဒက်ရှ်နှင့် ပါကစ္စတန်နွယ်ဖွားများက သေဆုံနိုင်ခြေ ၂-ဆနီးပါး ပိုမိုဟု ဗြိတိန်သိပ္ပံပညာရှင်များ တွေ့ရှိ

ကောက်ယူရရှိသည့် အချက်အလက်များအရ Covid-19 ရောဂါကြောင့် လူမည်းများ၊ ဘင်္ဂလားဒက်ရှ်နှင့် ပါကစ္စတန်နွယ်ဖွား ယောက်ျားများသည် ချို့တဲ့ခြင်းကွာခြားချက်များကို ချိန်ညှိသည့်တိုင်အောင် လူဖြူများထက် သေဆုံးနိုင်သည့် အန္တရာယ် နှစ်ဆနီးပါးရှိသည်ကို ညွှန်ပြနေုကြောင်း ကြာသပတေးနေ့၌ ဗြိတိသျှ သိပ္ပံပညာများတင်သွင်းသည့် အစီရင်ခံစာသစ်တစ်စောင်၌ ဖော်ပြထားသည်ဟု Reuters ၏ ရေးသားချက်ကို ဘင်္ဂလားအခြေစိုက် Bdnews24 က ယနေ့ ကူးယူဖော်ပြသည်။

ဗြိတိန်အစိုးရ၏အမျိုးသားစာရင်းအင်းရုံး (ONS) အစီရင်ခံစာမှာ ကမ္ဘာတစ်ဝှမ်း လူပေါင်း ၂၆,၃၀၀၀ နီးပါးကို အသက်ဆုံးရှုံးစေခဲ့သော ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်နှင့်ပတ်သက်၍ ပြုစုထားခြင်းဖြစ်သည်။ ဖင်လန်မှအမေရိကန်ပြည်ထောင်စုအထိနှင့် အခြားအနောက်နိုင်ငံများ၌ လူဖြူမဟုတ်သော လူမျိုးစုများသည် ဗိုင်းရပ်စ် ဆိုးကျိုးများကို ပိုမိုခံစားရပြီး အသက်၊ လိင်နှင့် လူမျိုးစုအပေါ်အခြေခံ၍ သေဆုံးနှုန်း သိသိသာသာ ကွဲပြားခြားကြောင်း တွေ့ရှိရသည်ဆို၏။

သိပ္ပံပညာရှင်များအနေဖြင့် မျိုးရိုးဗီဇပေါ်မူတည်၍ ကုသဆေး (သို့မဟုတ်) ကာကွယ်ဆေးထုတ်လုပ်ရန် သဲလွန်စများရှိနိုင်မည်ဟု မျှော်လင့်ထားကြသော်လည်း လေ့လာစမ်းသပ်မှုများပြုလုပ်ရန် များစွာကျန်ရှိနေသေကြောင်း သိရှိရသည်။

ONS ၏ အစီရင်ခံစာတွင် ဆင်းရဲမွဲတေမှု၊ ပညာရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့ ကွဲပြားခြားနားသည့် အခြေခံအကြောင်းရင်းများမပါဝင်ဘဲ COVID-19 ရောဂါနှင့် ဆက်နွယ်နှင့်သော သေဆုံးနှုန်းကို ကောက်ယူခဲ့ကြသည်။ လူမည်းအမျိုးသားများသည် လူဖြူအမျိုးသားများထက် ၄.၂ ဆပိုမိုလွယ်ကူပြီး လူမည်းအမျိုးသမီးများသည် လူဖြူအမျိုးသမီးများထက် ၄.၃ ဆပိုမို လွယ်ကူသည်။ အကယ်၍ ကွဲပြားခြားနားချက်များကို ညှိယူခဲ့လျှင် လူမည်းလူမျိုးစု များသည် လူဖြူမျိုးနွယ်စုများထက် သေဆုံးရန် ၁.၉ ဆ ပိုများသည်။

အလာားတူပင် ဘင်္ဂလားဒက်ရှ်နှင့် ပါကစ္စတန်လူမျိုး အမျိုးသားများသည် ၁.၈ ဆ၊ အမျိုးသမီးများသည် ၁.၆ ဆ သေဆုံးရန် အသီးသီး ပိုမိုလွယ်ကူသည်။ သို့သော် သီးခြားအဖြစ် တရုတ်နှင့် ရောနှောနေသော လူမျိုးနွယ်အုပ်စုများမှာမူ လူဖြူများနည်းတူ အကျိုးသက်ရောက်ကြောင်း တွေ့ရှိရသည်။

“COVID-19 ဖြင့် သေဆုံးကြရာတွင် လူမျိုးစုများအကြားခြားနားရခြင်း တစ်စိတ်တစ်ပိုင်းမှာ လူမှုစီးပွားဆိုင်ရာ အားနည်းချက်များနှင့် အခြားအခြေအနေများကြောင့်ဖြစ်သော်လည်း၊ မည်သည့်အတွက် ခြားနားရသည်ကို ရှင်းပြနိုင်ခြင်းမရှိသေးကြောင်း ONS ၏အစီရင်ခံစာ၌ ထည့်သွင်းဖော်ပြထားသည်။

#နိုင်ငံရေးသမားများစိတ်ပျက်ဒေါသထွက် ကိုယ်တိုင်လူမည်းဖြစ်သူ ပါလီမန်အမတ် ဒေးဗစ်လာမီက အစီခံစာအား စုံစမ်းစစ်ဆေးမှု့ ပြုလုပ်ရန် တောင်းဆိုသည်။ အတိုက်အခံ လေဘာပါတီမှ လန်ဒန်မြို့တော်ဝန်ဖြစ်နေသော ပါကစ္စတန်နွယ်ဖွား ဆဒစ်ခန်းကမူ ပိုမိုပြည့်စုံစေရန် သေဆုံးကြောင်း လက်မှတ်တွင် လူမျိုးနွယ်ကို ထည့်သွင်းသင့်ကြောင်း၊ လူမည်းများ၊ အာရှနှင့် အနည်းစုလူမျိုးနွယ်နောက်ခံရှိသူများသည် Covid-19 ရောဂါဖြစ်ပွားရာတွင် အချိုးအစား မမျှတမှုဒဏ်ကိုခံစားနေကြရပြီး၊ မည်မျှအတိုင်းအတာအထိ ဖြစ်ပွားနေသည်ကို အမှန်အတိုင်း သိရှိရန် အမြန်ဆုံး အရေးယူဆောင်ရွက်သင့်ကြောင်း ပြောဆိုသည်။

ဗြိတိန်သည် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကမ္ဘာပေါ်တွင် အမေရိကန်ပြီးလျှင် ဒုတိယအများဆုံးဖြစ်ပြီး သေဆုံးသူ ၃၂,၀၀၀ ကျော်ရှိသည်။

#အလုပ်အကိုင်အခွင့်အလမ်းမညီမျှမှု သေဆုံးမှုကို တွက်ချက်ရာတွင် အလုပ်အကိုင်အခွင့်အလမ်းမညီမျှမှုမှာ အချက်တစ်ခုဖြစ်နိုင်သည်။ ဗြိတိန်အမျိုးသားကျန်းမာရေးဝန်ဆောင်မှု (NHS) ဝန်ထမ်းများ၏ ၅-ပုံ ၁-ပုံကျော်မှာ လူဖြူ မဟုတ်သူများဖြစ်သည်။ ထို့အပြင် အလုပ်လုပ်သောအသက်အရွယ်ရှိ လူမည်း အာဖရိကန် အမျိုးသမီး ၁၀ ဦး လျှင် ၂-ဦးသာ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အလုပ်လုပ်အကိုင်ရကြသည်။


ဗြိတိန်ကျန်းမာရေးအရာရှိများအနေဖြင့် လူမျိုးကွဲပြားခြားနားခြင်းနှင့် သေဆုံးခြင်းပိုမိုလာပုံကို ဦးစားပေး သုတေသနပြုလုပ်လျက်ရှိသည်။ BAME ခေါ် လူမည်းများ၊ အာရှနှင့် အနည်းစုလူမျိုးနွယ်နောက်ခံရှိသူများမှာ ဗိုင်းရပ်စ်၏ ဆိုးကျိုးကို အချိုးအစား မညီမျှစွာ သက်ရောက်ပုံရသည်ကို မိမိတို့သတိပြုမိကြောင်း၊


မည်သည့် အုပ်စုများသည် အန္တရာယ်အရှိဆုံးဖြစ်သည်ကို တွေ့ရှိရန် အလွန်အရေးကြီးကြောင်း၊ သို့မှသာ ၎င်းတို့အား ကာကွယ်ရန်နှင့် အန္တရာယ်ကို အနည်းဆုံးဖြစ်စေရန် မှန်ကန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ပိုးသက်ရောက်မှုအပေါ် လွှမ်းမိုးသော ကွဲပြားခြားနားချက်များကို သုတေသနပြုရန် ဗြိတိန်ပြည်သူ့ကျန်းမာရေးအာဏာပိုင်များသို့ တာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း ONS အစီရင်ခံစာ၌ ဗြိတိန်ကျန်းမာရေးဝန်ကြီးက မှတ်ချက်ပြု ရေးသားထားသည်။

(( ယခုသတင်းဖတ်ရသည့်အခါ လွန်ခဲ့သည့်နှစ်တွင် မျိုးရိုးဗီဇဆိုင်ရာ နိုဘယ်ဆိုရှင် ဒေါက်တာဂျိမ်းဝပ်ဆင်အား ဆုပြန်လည်ရုတ်သိမ်းခြင်းခံခဲ့ရစေသည့် အကြောင်းအရာကို တိုက်ဆိုင်စွာ သတိရမိပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( bdnews24., May 7, 2020, “UK says men of Bangladeshi, Pakistani origin more at risk from COVID-19. Reuters ” ကို #MalNeyinn #HtayOungနှင့် #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ )))

#Covid-19 ရောဂါမှာလူဖြူများထက်ဘင်္ဂလားဒက်ရှ်နှင့်ပါကစ္စတန်နွယ်ဖွားများကသေဆုံနိုင်ခြေ ၂-ဆနီးပါး ပိုမိုဟုဆို

https://bdnews24.com/coronavirus-pandemic/2020/05/08/uk-says-men-of-bangladeshi-pakistani-origin-more-at-risk-from-covid-19

https://www.theguardian.com/world/video/2020/may/01/why-bame-people-may-be-more-at-risk-from-coronavirus-video-explainer

0

Leave a Reply

Your email address will not be published.