COVID-19 ရောဂါ၏ လက်ရှိဖြစ်ပွားပုံအဆင့်မှာ အလွန်အန္တရာယ်များလာကြောင်း WHO သတိပေး၊ ရက်သတ္တပတ်အတွင်း လူပေါင်း ၂သန်းခွဲကျော်ကူးစက်ခံရပြီး  ၅၄၀၀ ခန့်သေဆုံး။ အရှေ့တောင် အာရှတွင် ကူးစက်မှု ၇% မြင့်တက်လာပြီး လူ ၁၁,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ကပ်ရောဂါတိုက်ဖျက်ရာတွင် လူ့အဖွဲ့အစည်းအချို၌ အောင်မြင်လျှက်ရှိသော်လည်း COVID-19 ရောဂါဖြစ်ပွားပုံ၏ လက်ရှိအဆင့်မှာ အလွန်အန္တရာယ်များလာနေကြောင်း၊ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အကြီးအကဲ တက်ဒရိုအက်ဒ်ဟာမွန်က သတိပေးလိုက်သည်ဟု Dhaka Tribune က ယနေ့ရေးသား သည်။

အင်္ဂါနေ့တွင် COVID-19 ရောဂါဆိုင်ရာ ကူညီပံံ့ပိုးမှုကောင်စီ ACT အစည်းအဝေး၌ WHO အကြီးအကဲက ပြော ဆိုရာတွင် လက်ရှိအခြေအနေ၌ တစ်ခုတည်းသောနည်းလမ်းမှာ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေး ပစ္စည်း များ၊ စမ်းသပ်ကိရိယာများ၊ ကုသမှုများနှင့် ကာကွယ်ဆေးများကို နိုင်ငံများအားလုံးသို့ ညီမျှစွာ ထောက်ပံ့ပေး ရန်ဖြစ်ကြောင်း၊ ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် ပစ္စည်းကိရိယာလုံလောက်မှုရှိသောနိုင်ငံများတွင် ကပ် ရောဂါနှင့်ဆက်နွယ်သည့် တားဆီးကန့်သတ်မှုများကို ဖြေလျှော့ပေးနေချိန်၌ ထိုသို့ မရရှိသည့်နိုင်ငံများတွင် ဆေးရုံတင်ကုသပေးရခြင်းနှင့် သေဆုံးမှုများကို ရင်ဆိုင်နေကြရကြောင်း ဆက်လက်ပြောဆိုသည်။

WHO ၏ ညွှန်ကြားရေးမှူးချုပ်သည် ကုလသမဂ္ဂဆိုင်ရာ စီးပွားရေးနှင့်လူမှုရေးကောင်စီ (ECOSOC) အဆင့်မြင့် နိုင်ငံရေးဖိုရမ်သို့ တက်ရောက်စဉ်ကလည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ အာရှနှင့် အာဖရိကတို့တွင် ကပ်ရောဂါဖြစ်ပွားမှု တရှိန်ထိုး မြင့်တက်လျှက်ရှိကြောင်း၊ အများပြည်သူအသုံးပြုရသည့် ပစ္စည်းကိရိယာများကို ရရှိရန်အတွက် ကုမ္ပဏီအနည်းငယ်အပေါ် မှီခိုနေရပြီး အကန့်အသတ်နှင့် ခက်ခဲလျှက်ရှိနေကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းတွင် နိုင်ငံ့အလယ်ပိုင်း ဝူဟန်မြို့၌ ယခင် မတွေ့ရှိခဲ့ဖူးသော အဆုတ် ရောင် ရောဂါကူးစက် ဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း တရုတ်အာဏာပိုင်များက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ထံ အကြောင်းကြားခဲ့သည်။ ထို့နောက်ပိုင်း ကမ္ဘာအနှံ့အပြားတွင် ကူးစက်ဖြစ်ပွားကြောင်း သတင်းများ ထွက်ပေါ် လာပြီးနောက် ကိုရိုနာဗိုင်းရပ်စ်သစ်ရောဂါကို Covid-19 ဟု WHO က အမည်ပေးခဲ့ပြီး  ကပ်ရောဂါအဖြစ် ကူးစက်ဖြစ်ပွားပြီဖြစ်ကြောင်း ၂၀၂၀၊ မတ်လ ၁၁ ရက်နေ့၌ ကြေညာသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်တွင် ကမ္ဘာတစ်ဝှန်းလုံး၌ COVID-19 ရောဂါကူးစက်မှုပေါင်း ၂.၆၈ သန်းကျော်နှင့် သေဆုံးသူ ၅၄,၀၀၀ ခန့်ရှိခဲ့သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်နှင့် နှိုင်းယှဉ်လျှင် ရောဂါဖြစ်ပွားမှု ၃% တိုးလာ ခြင်းဖြစ်သည်။ သေဆုံးနှုန်းမှာ ၇% ကျဆင်းသွားပြီး လွန်ခဲ့သည့် အောက်တိုဘာနောက်ပိုင်း အနိမ့်ဆုံးဖြစ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှကျွမ်းကျင်သူများထံမှ သိရှိရသည်။

ဇွန်လ ၂၆ ရက်မှဇူလိုင်လ ၄ ရက်နေ့အထိကမ္ဘာပေါ်တွင်ရောဂါဖြစ်ပွားမှုပေါင်း ၂၈၈၈၆၅၁ နှင့်သေဆုံးသူ ၅၃,၉၅၈ တို့အားတွေ့ရှိခဲ့သည်။

ယမန်နေ့ နံနက်ပိုင်းအထိ ကမ္ဘာတစ်ဝှန်းလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၈၅ သန်း (၁၈၅,၆၂၇,၆၀၃-ဦး) ကျော်ရှိပြီး ၄-သန်းကျော် ( ၄,၀၁၂,၀၀၉-ဦး) သေဆုံးခဲ့ကြောင်း Worldometer အရ သိရှိရသည်။

ရက်သတ္တပတ်အတွင်း လူ သုံးသိန်းအထက် ကူးစက်ခံရသည့် နိုင်ငံများတွင် ဘရာဇီးလ်ပြီးလျှင် အိန္ဒိယဖြစ် သည်။ ကူးစက်ခံရသည့် ပမာဏမှာ တောင်နှင့်မြောက် အမေရိကတွင် ရာခိုင်နှုန်းကျဆင်းသော်လည်း ဥရော ပအပါအဝင် ကမ္ဘာအရပ်ရပ်၌ တိုးမြင့်ခဲ့ရာ အရှေ့တောင်အာရှတွင် ၆၁၂,၀၀၀-ဦး ဖြင့် ၇% ကျော် မြင့်တက်ခဲ့ ကာ လူပေါင်း ၁၁၀၀၀ ကျော်သေဆုံးကြောင်း သက်ဆိုင်ရာ ဆရာဝန်များထံမှ သိရှိရသည်။

#COVID-19ရောဂါလက်ရှိဖြစ်ပွားပုံအဆင့်မှာ_အလွန်အန္တရာယ်များလာကြောင်း_WHO_သတိပေး

((( Dhaka Tribune., July 07 2021,” WHO chief describes current stage of pandemic ‘very dangerous’” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/health/coronavirus/2021/07/07/who-chief-describes-current-stage-of-pandemic-very-dangerous

Leave a Reply

Your email address will not be published.