COVID-19 ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာလျှင် ကာကွယ်ပေးရမည့်သူ သန်းချ ီကျန်ရှိနေကြောင်း ပြည်တွင်းသတိပေးချက်များ ထွက်ပေါ်။ ဆေးကြိမ်ရေ ပမာဏ သန်း ၆၆၀ ကို အိန္ဒိယအစိုးရမှာယူ၊ ရုရှားကာကွယ်ဆေးကို အိန္ဒိယစီးပွားဖြစ် ထုတ်ဖွယ်ရှိ


လာမည့် သြဂုတ်မှ ဒီဇင်ဘာလအတွင်း ပြည်တွင်း Serum Institute နှင့် Bharat Biotech ဆေးဝါးထုတ်လုပ်ရေးတို့က ကာကွယ်ဆေးကြိမ်ရေ သန်း ၆၆၀ ကို ပေးသွင်းရန် သောကြာနေ့တွင် အိန္ဒိယအစိုးရက မှာယူခဲ့ရာ ယခုချိန်ထိ အများဆုံး ပမာဏဖြစ်ကြောင်း၊ COVID-19 ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာလျှင် အကာအကွယ်ပေးရန် အားနည်းချက်ရှိသူ သန်းပေါင်းများစွာတို့ ကျန်ရှိနေသေးသည်ကို ပြည်နယ်အစိုးရများနှင့် ကျန်းမာရေးကျွမ်းကျင်သူများက သတိပေးပြီးနောက် ဖြစ်ကြောင်း ဒေသန္တရမီဒီယာများက ရေးသားသည်ဟု Reuters က ယနေ့ဖော်ပြသည်။

…  
ဖက်ဒရယ်အစိုးရအနေဖြင့် ဒီဇင်ဘာလအရောက်တွင် နိုင်ငံအတွင်း အရွယ်ရောက်သူ ခန့်မှန်း ၉၄၄-သန်း တို့အား ကာကွယ်ဆေး ထိုးနှံပြီးဖြစ်စေရန် ရည်မှန်းထားသည်။ လက်ရှိ ပကတိအခြေအနေအနေမှာမူ မဖြစ်မနေလိုအပ်သည့် ဆေးနှစ်ကြိမ် ထိုးနှံပြီးသူပမာဏမှာ ထိုအရေအတွက်၏ ၈% သာရှိသေးကြောင်း သိရှိရသည်။

…   
ပြည်နယ်အတော်များများတွင် ကာကွယ်ဆေး မလုံလောက်မှုကြောင့် ဆေးထိုးစင်တာများစွာတို့ကို ပိတ်ထားရပြီး၊ ကာကွယ်ဆေးထိုးနှံလိုသူ များစွာတို့မှာလည်း အခြားစင်တာများ၌ ဆေးထိုးနှံရန် နာရီပေါင်းများစွာ စောင့်ဆိုင်းနေကြရကြောင်း အစီရင်ခံစာများ ထွက်ပေါ်ခဲ့သည်။

…  
AstraZeneca ၏ ပြည်တွင်းထုတ် Covishield ကာကွယ်ဆေး ကြိမ်ရေပမာဏ ၃၇၅-သန်းအပြင် Bharat Biotech က ဖန်တီးထုတ်လုပ်သော Covaxin ဆေး ကြိမ်ရေပမာဏ ၂၈၅ သန်းကို အိန္ဒိယအစိုးရက ထပ်မံ မှာယူခဲ့ကြောင်း နယူးဒေလီအခြေစိုက် Economic Times သတင်းစာအရ သိရှိရသည်။

…  
အဆိုပါသတင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်ကို ကျန်းမာရေးဝန်ကြီးဌာနက လောလောဆယ် တုံ့ပြန်ခြင်း မရှိပါ။

Covishield ကို ထုတ်လုပ်သော အိန္ဒိယ Serum Institute ကမူ ကာကွယ်ဆေးထုတ်လုပ်မှုကို လစဉ် သန်း ၁၀၀ ခန့် အထိ တိုးမြှင့်ခဲ့သည်။

…  
Bharat Biotech ၏ လစဉ်ထုတ်လုပ်မှုမှာ ဧပြီလတွင် ၁၀ သန်းခန့်ရှိရာမှ ဇူလိုင်လမှ သြဂုတ်လအထိ သန်း ၇၀ အထိ တိုးမြှင့်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ စက်တင်ဘာလတွင် ထုတ်လုပ်မှုမှာ သန်း ၁၀၀ နီးပါး အထိ တိုးမြင့်လာနိုင်သည်ဟု နယူးဒေလီအစိုးရက ပြောဆိုသည်။

…   
ကာကွယ်ဆေး ထုတ်လုပ်မှုကို မြှင့်တင်ရန် ရုန်းကန်နေရသော Bharat Biotech အနေဖြင့်မူ ၎င်း၏ ထုတ်လုပ်မှု အစီအစဉ်များကို အသစ်ပြောင်းလဲမည်ဆိုခြင်းနှင့် ပတ်သက်၍ ထင်မြင်ချက်ပေးရန် တောင်းဆိုချက်ကို တုံ့ပြန်ခြင်း မရှိချေ။

…  
ကြိုတင်စီစဉ်ထားသည့် ကာကွယ်ဆေး ထောက်ပံ့မှုအရဆိုလျှင် မလုံလောက်မှုများမှာ ဆက်လက်ဖြစ်ပေါ်နေမည်ဟု မျှော်လင့်ရပြီး ဇူလိုင်လ တစ်လလုံးအတွက် နေ့စဉ်ပျမ်းမျှ လေးသန်းအောက်တွင်သာ ရှိပုံရသည်ဟု တောင်ပိုင်း ကိုချီမြို့မှ ကျန်းမာမှုဆိုင်ရာ စီးပွားရေးပညာရှင်နှင့် လူမှုရေးသိပ္ပံပါမောက္ခတစ်ဦးက ခန့်မှန်းသည်။

…   
ဇွန်လ ၂၁ ရက်တွင် ကာကွယ်ဆေး ကြိမ်ရေပမာဏ ၉.၁ သန်းကို စံချိန်တင် ထိုးနှံပေးခဲ့ပြီး ၎င်းလနောက်ပိုင်း တစ်နေ့လျှင် ပျမ်းမျှ ကြိမ်ရေပမာဏ ၄-သန်း အောက်သာ ထိုးနှံပေးခဲ့သည်။

…  
အိန္ဒိယတွင် ရုရှားနိုင်ငံ၏ Sputnik V ကာကွယ်ဆေးကို ပြည်တွင်း၌ အပြည့်အဝ ထုတ်လုပ်ရန်မှာ သွင်းကုန်အထောက်အပံ့များ မရှိ၍ နှောင့်နှေးခဲ့ရသော်လည်း အိန္ဒိယ၌ စီးပွားဖြစ် ထုတ်လုပ်ခြင်းကို မကြာမီ စတင်နိုင်ဖွယ်ရှိသည်။

…   
လောလောဆယ်တွင် အိန္ဒိယ၏ နေ့စဉ်ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုမှာ ၂-လနီးပါးမျှ ကျဆင်းလျှက်ရှိသည် ဆိုစေကာမူ လူဦးရေ သန်းပေါင်း ထောင်ကျော်ရှိသည့်နိုင်ငံ၏ တစ်ရက်အတွင်း ကူးစက်မှုမှာ နိုင်ငံတကာကိန်းစဉ်တန်းအရ ဒုတိယနေရာ၌ ရောက်ရှိနေသည်။

…  
သောကြာနေ့၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုပေါင်း ၃၈,၉၄၉-ခု ရှိခဲ့ပြီး အိန္ဒိယနိုင်ငံလုံးတွင် ကူးစက်ခြင်းခံရသူ စုစုပေါင်း ၃၁ သန်းကျော်နှင့် ၄၁၂,၅၃၁-ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်သည်။

#ကာကွယ်ဆေးကြိမ်ရေပမာဏသန်း၆၆၀_အိန္ဒိယအစိုးရမှာယူ #
ရုရှားကာကွယ်ဆေးကို_အိန္ဒိယစီးပွားဖြစ် ထုတ်ဖွယ်ရှိ

(((Reuters., July 16th, 2021,” India orders 660 million vaccine doses amid warnings over shortages.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.straitstimes.com/asia/south-asia/india-orders-660-million-covid-19-vaccine-doses-amid-warnings-over-shortages
https://www.dhakatribune.com/health/coronavirus/2021/07/16/india-orders-660-million-vaccine-doses-amid-warnings-over-shortages 

Leave a Reply

Your email address will not be published.