Covid-19 နိုင်ငံတကာကူးစက်ကပ်ရောဂါဖြင့် ကမ္ဘာတစ်ဝှမ်း နေ့စဉ်ဖိတ်စင်ဦးရေ ၂-ရက် ဆက်တိုက် တဖြည်းဖြည်း ကျဆင်းနေ

Covid-19 ကူးစက်ကပ်ရောဂါကျရောက်လျှက်ရှိသော ကျွနု်ပ်တို့ကမ္ဘာကြီးတွင် နိုင်ငံတကာတို့၌ နေ့စဉ်သေဆုံးအရေအတွက် ဆက်လက်ကျဆင်းနေသည်ကို ၂-ရက်ဆက်တိုက် တွေ့မြင်ရကြောင်း Dhaka Tribune က ယနေ့ရေးသားသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ မှတ်တမ်းပြုစုလျှက်ရှိသော worldometer ၏ ဖော်ပြချက်အရ ယမန်နေ့ ( စနေနေ့ ) တွင် ၂၄-နာရီအတွင်း ရောဂါပိုးကူးစက်ခံရမှုပေါင်း ၈၁,၉၃၀- မှုဖြစ်ပွားခဲ့ပြီး၊ ထိုအချိန်အထိ စုစုပေါင်း ၂,၃၃၁,၉၅၆- မှုရှိခဲ့သည်။

အဆိုပါအရေအတွက်မှာ သောကြာနေ့ကထက် ၄,၅၆၆-မှုနှင့် ကြာသပတေးနေ့ကထက် ၈,၃၂၄-မှု့ လျှော့နည်းသွားခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။


သို့သော် ဧပြီ ၁၂-ရက်နေ့၌ ၁-ရက်အတွင်းကူးစက်ခံရမှု ၇၂,၀၄၁-မှု၊ ဧပြီ ၅-ရက်နေ့၌ ၇၃,၃၁၆-မှု ဖြစ်ပွားခဲ့ရာ နေ့စဉ်ကူးစက်ခံရမှုမှာ ကျချည်-တက်ချည်ဖြစ်လျှက်ရှိနေသည်။

ဗိုင်းရပ်စ်ပိုးစွဲကပ်လျှက်ရှိသူ စုစုပေါင်းမှာ ၁,၅၈၃,၉၇၂-ဦး ရှိသည်။ ၎င်းတို့တွင် ၄-ရာခိုင်နှုန်းမှာ စိုးရိမ်ရသော အခြေအနေရှိကြပြီး ကျန် ၉၆-ရာခိုင်နှုန်းမှာ သာမန်ရောဂါလက္ခဏာ ပြသသူများဖြစ်ကြသည်။

ကမ္ဘာတစ်ဝှမ်းလုံးတွင် Covid-19 ရောဂါပျောက်ကင်းသူ သို့မဟုတ် ကုသမှုခံယူခြင်း ပြီးဆုံး၍ ဆေးရုံမှ ဆင်းခွင့်ရခဲ့သူ ၆-သိန်းနီးပါးရှိခဲ့ရာ ရောဂါပိုးစွဲကပ်ခြင်းခံရသော်လည်း ရောဂါပျောက်ကင်းအောင် ကုသပေးနိုင်မှုမှာ ယခုအချိန်အထိ ၇၉- ရာခိုင်နှုန်းရှိသည်ဟု ဆိုရပါမည်။

၂၀၁၉- ခုနှစ်ဒီဇင်ဘာလတွင် Covid-19 ရောဂါကို စတင်သိရှိခဲ့ချိန်မှစ၍ လူပေါင်း ၁၆၀,၇၆၇ ဦး သေဆုံးခဲ့ပြီးဖြစ်သဖြင့် ရောဂါပိုးစွဲကပ်ခြင်းခံရသူများ၏ ၂၁% အဖိတ်အစင် ရှိနေသည်။


ယခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံ ဝူဟန်မြို့၌ ကူးစက်ရောဂါအဖြစ် ပျံ့နံှ့ကြောင်းတွေ့ရှိသည့်ရသဖြင့် ထိရောက်စွာ ကာကွယ်တားဆီးရန် မြို့ဧရိယာအတွင်း နေထိုင်သူ ၁၁-သန်းတို့အား ရောဂါခြေချုပ် ချထားခဲ့ရသည်။

SARS-CoV2 ဗိုင်းရပ်စ်ပိုးသည် ပြီးခဲ့သည့်နှစ်နှောင်းပိုင်း ဝူဟန်ဈေးရှိ တောရိုင်းတိရစ္ဆာန်တရားမဝင် ကူးသန်းရောင်းဝယ်မှုမှ စတင်ခဲ့သည်ဟု မှတ်ယူရသည်။ ၎င်းရောဂါပိုးသည် နမိုးနီးယား အဆုတ်ရောင်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကိုဖြစ်ပွားစေပြီး၊ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းတွင် ထွက်ပေါ်လာသော အမှုန်အမွှားများမှတစ်ဆင့် လူများအကြား ကူးစက်ပျံ့နှံ့နိုင်သည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ခေါ် Covid-19 ကူးစက်ကပ်ရောဂါမှာ နိုင်ငံနှင့် နယ်မြေပေါင်း ၂၁၀ တို့တွင် ယခုအချိန်အထိ ပျံ့နှံ့မှုလျှက်ရှိပြီး အပြည်ပြည်ဆိုင်ရာ ခရီးသည် သယ်ယူပို့ဆောင်ရေး လေကြောင်းလိုင်းများနှင့် အပျော်စီး ခရီးသွားရေယာဉ်လုပ်ငန်းများ ထိခိုက်ခဲ့ရသည်။

((( Dhaka Tribune., April 19, 2020, “Coronavirus: New cases fall for the 2nd day in a row globally.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/health/coronavirus/2020/04/19/coronavirus-new-cases-fall-for-the-2nd-day-in-a-row

#ကိုရိုနာဗိုင်းရပ်စ်၂-ရက်ဆက်တိုက်သေဆုံးအရေအတွက်ကျဆင်း

0

Leave a Reply

Your email address will not be published.