Covid-19 နှင့်ပတ်သက်၍ နိုင်ငံအချို့၏ တရားဝင်ထုတ်ပြန် သေဆုံး-ကူးစက်အရေအတွက်နှင့် အွန်လိုင်းမီဒီယာတို့ သတင်းဖော်ပြချက် အကြီးအကျယ် ကွဲလွဲနေ

Covid-19 နဲ့ ပတ်သက်ပြီး လက်လှမ်းမီသမျှ နိုင်ငံတကာ သတင်းများကို လိုက်လံ ဖတ်ရှု့မိရာမှာ တဖြည်းဖြည်း ထင်ရှားသတိထားမိလာတာ ရှိနေပါတယ်။ နိုင်ငံအချို့ဟာ ကူးစက်ကပ်ရောဂါနဲ့ ပတ်သက်ပြီး သေဆုံး- ဖျားနာ အရေအတွက်ကို အမှန်အတိုင်း တရားဝင်မပြောကြဘူးလို့ ထင်မှတ်ရပါတယ်။ Worldometer , Johns Hopkins University တို့ရဲ့ Data များနဲ့ ဒေသခံအွန်လိုင်း သတင်းအရေအတွက် ကွာခြားလွန်းနေတယ်။ လနဲ့ချီပြီ ကြိုတင်ပြင်ဆင်ချိန်ရလျှက်နဲ့ လွဲမှားစွာ စီမံခန့်ခွဲသူများ – လက်တွေ့နှင့် အဖြစ်မှန်ကွာခြားပြီး အောက်ခြေလွတ်အုပ်ချုပ်သူများကြောင့် အများပြည်သူမှာ မသေသင့်ပဲသေ၊ မနာသင့်ပဲနာကြရတယ်။ နောက်ကျစွာ Lockdown တင်းတင်းကြပ်ကြပ်လုပ်ရတဲ့အခါ သွားလာဆက်သွယ်ရေးနဲ့ နေ့စဉ် စားဝတ်နေရေး လူနေမှုဘဝကို အကြီးအကျယ် ထိခိုက်ခံစားရပါတယ်။ တစ်ချို့နိုင်ငံမှာလဲ နေထိုင်သူ လူဦးရေအချိုးအစား၊ နိုင်ငံ ဓနအင်အားနဲ့ လူနေမှုပုံစံစရိုက်ကိုက ကူးစက်ကပ်ရောဂါကျရောက်တဲ့အခါ ကိုင်တွယ်ဖြေရှင်းဖို့ အခက်တွေ့ပုံရပါတယ်။ အဖြစ်မှန်အတိုင်း ဖော်ပြတဲ့ သက်ဆိုင်ရာနိုင်ငံအတွင်း နေသူများရဲ့ အွန်လိုင်းသတင်းများ အဖျက်ခံရပုံပေါ်ပါတယ်။ အဲဒီအထဲ တရားဝင် မီဒီယာတချိုရဲ့ သတင်းများပါ ရောပါသွားတယ်။ တစ်ချို့ကလဲ ဆန့်ကျင်ဖက်တို့က အုပ်စုလိုက် ရီပို့ထုတာ ခံရပုံပေါ်တယ်။ ခုတော့ သတင်းနဲ့ ရုပ်သံ တစ်ချို့ ပြန်တက်လာတာ တွေ့ရပါတယ်။ လောလောဆယ် အနောက်ကမ္ဘာခြမ်းက တစ်နိုင်ငံနဲ့ အရှေ့ တစ်နိုင်ငံအပေါ် လူအများ အာရုံစိုက်လာကြတယ်။ တစ်ကမ္ဘာလုံး ခံစားရတဲ့ ရောဂါကပ်ဆိုးသတင်းမို့ ဖုံး ဖိ မရတဲ့အဆုံး အဖြစ်မှန် ပေါ်လာဖို့ ရက်ပိုင်းသာ စောင့်ရမှာပါ။ လူသေကောင်ဆိုတာ လမ်းပေါ် ပစ်ထားလို့မှ မရနိုင်တာ.. အချိန်နဲ့ တပြေးညီ ဖော်ပြပေးဖို့ ကြိုးစားနေပါတယ်။ အစဉ်လေးစားစွာဖြင့် #HtayOung, #OungMarine

0

Leave a Reply

Your email address will not be published.