Covod-19 ကူးစက်ကပ်ရောဂါဖြင့် ၁-နှစ်အတွင်း အာဖရိကတိုက်နေ လူ ၃.၃-သန်း သေဆုံးနိုင်ကြောင်း ကုလအေဂျင်စီ ခန့်မှန်း၊ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၂၃-သန်းခန့် တွေ့ရှိမည်၊ လူ ၂.၃ သန်းခန့် ဆေးရုံတင် ကုသပေးရပြီး၊ ၂၉-သန်းမှာ အလွန်အမင်း ဆင်းရဲမွဲတေသွားနိုင်။

ကြားဝင်ဆောင်ရွက်ခြင်းကဲ့သို့ ကူညီမှုများမရှိခြင်းကြောင့ ်အာဖရိကတိုက်နေ လူဦးရေ ၁.၂ ဘီလီယံကျော်တွင် Covid-19 ရောဂါကူးစက်ခံရပြီးလျှင် လူပေါင်း ၃.၃ သန်းမှာ ယခုနှစ်အတွင်း သေဆုံးနိုင်ဖွယ်ရှိသည်ဟု ကုလသမဂ္ဂ အာဖရိကစီးပွားရေးရာကော်မရှင် (UNECA) ကသောကြာနေ့တွင်ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်စွဲကပ်ခြင်းကြောင့် လူပေါင်း ၂၉-သန်းကို အလွန်အမင်း ဆင်းရဲနွမ်းပါးမှု ချောက်ကမ်းပါးသို့ တွန်းပို့ပေးနိုင်ဖွယ်ရှိသည်ဟု (UNECA) က ခန့်မှန်းထားသည်။ လောလောဆယ် အာဖရိက ၅၄-နိုင်ငံတွင် Covid-19 ရောဂါပိုးကူးစက်ခံရသူ ၂-သောင်းအောက်သာ ရှိသေးသော်လည်း လာမည့် ၃-လမှ ၆-လအတွင်း ကူးစက်ခံရသူ ၁၀-သန်းအထိ တိုးမြင့်လာနိုင်ဖွယ်ရှိသည်ဆို၏။

လတ်တလော အာဖရိကနိုင်ငံအများစုတွင် လူအချင်းချင်း နီးကပ်မှုလျှော့ချခြင်း၊ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ပြဌာန်းခြင်း၊ ခရီးသွားလာသူများလိုက်နာရန် စည်းကမ်းသတ်မှတ်ခြင်းတို့အပြင် နိုင်ငံအချို့တွင် အပြည့်အ၀ တားဆီးပိတ်ဆို့ခြင်း Lockdown ပြုလုပ်ရန် ရည်မှန်း ဆောင်ရွက်လျှက်ရှိသည်။

လက်တစ်ကမ်းအကွာ လူချင်းနီးကပ်မှုလျှော့ချသည့် ပုံစံအတိုင်းသာဆိုလျှင် ရက်သတ္တပတ်အတွင်း လူ ၁-သိန်း လျှင် ဝ.၂ -ယောက်နှုန်းသေဆုံးဖွယ်ရှိနေပြီး ရောဂါပိုးကူးစက်ခံရသူ ၁၂၂.၈ သန်းဖြစ်လာ၍ ဆေးရုံတင်ကုသ ပေးရမည့်သူ ၂.၃ သန်းနှင့် သေဆုံးသူ ၃-သိန်းရှိနိုင်သည်။

အာဖရိကတိုက်နေထိုင်သူများ၏ ၃၆% ရာခိုင်နှုန်းမှာ မီးပူ-အဝတ်လျှော်စက်ကဲ့သို့ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ကို လက်လှမ်းမမီနိုင်သည့်အပြင် ဆေးရုံကုတင် ၁,၀၀၀ လျှင် ၁.၈ ဦးနှုန်း ( ပြင်သစ် ကုတင် ၁,၀၀၀ လျှင် ၅.၉၈-ဦးနှုန်း ) သာရှိသည့်အတွက် ကူးစက်ရောဂါကာကွယ်တိုက်ဖျက်ရာတွင် ခက်ခဲရှုတ်ထွေးစေလိမ့်မည်ဖြစ် ကြောင်း သိရှိရသည်။

အာဖရိက လူဦးရေ၏ ၆၀ ရာနှုန်းနီးပါးသည်အသက် ၂၅ အောက် လူငယ်များဖြစ်ကြသဖြင့် ကူးစက်ရောဂါ ကာကွယ်တိုက်ဖျက်ရာ၌ အကူအညီရဖွယ်ရှိသည်။ သို့သော် အခြားတစ်ဖက်မှကြည့်လျှင် မြို့ပြလူဦးရေ၏ ၅၆ ရာခိုင်နှုန်းမှာ လူနေထူထပ်သော ဆင်းရဲသားရပ်ကွက်များတွင်နေထိုင်ကြသူဖြစ်ကြပြီး အများစုမှာလည်း အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်၊ တီဘီနှင့် အဟာရချို့တဲ့ခြင်းကဲ့သို့ ရောဂါများ ဖြစ်ပွားလျှက်ရှိနေသည်။

https://www.dhakatribune.com/world/africa/2020/04/17/un-agency-300-000-africans-expected-to-die-in-pandemic

((( Dhaka Tribune., April 17, 2020, “UN agency: 300,000 Africans expected to die in pandemic” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာာပြန်ဆိုသည်။)))


#ကိုရိုနာဗိုင်းရပ်စ်အာဖရိကနေ၃.၃-သန်းယခုနှစ်အတွင်းသေဆုံးနိုင်

Leave a Reply

Your email address will not be published.