Desktop ကွန်ပျူတာဖြင့် ဗွီဒီယိုကွန်ဖရင့်ပြုလုပ်နိုင်မည့် Messenger Version ကို Facebook လွှင့်တင်။ ဗိုင်းရပ်စ်ကူးစက်ရောဂါကပ်ကြောင့် နေအိမ်၌နေကြရစဉ့် ပညာသင်ကြားရန်နှင့် အလုပ်ကိစ္စဆွေးနွေးနိုင်ကြစေရန် ရည်ရွယ်

လူသုံးအများဆုံး လူမှုကွန်ရက်ကြီးတစ်ခုဖြစ်သော Facebook ကုမ္ပဏီက ဗွီဒီယိုကွန်ဖရင့်ပြုလုပ်နိုင်မည့် Messenger Version ကို ကြာပတေးနေ့၌ စတင်လွှင့်တင်ခဲ့ကြောင်း၊ အဆိုပါ Messenger Version မှာ Apple’s Mac နှင့် Microsoft’s Windows စံနစ် Desktop ကွန်ပျူတာများဖြင့် အသုံးပြုနိုင်မည်ဟု Dhaka Tribune က ယနေ့ ရေးသားသည်။

ကူးစက်ရောဂါကပ်ကျရောက်စဉ် ဗိုင်းရပ်စ်ပိုးပျံ့ပွားမှုမှ ကာကွယ်ရန် နေအိမ်တားဆီးပိတ်ဆို့ကြစဉ်အတွင်း Video Call ခေါ်ဆိုမှု လိုအပ်ချက် များပြားလာသည်။ ပြီးခဲ့သည့်လတွင်မူ Desktop Browser တစ်ခုခုဖြင့် Messenger မှ အသံနှင့် ဗီဒီယိုခေါ်ဆိုမှု ၁၀ဝ ရာခိုင်နှုန်း ကျော် မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

Facebook အနေဖြင့် လွန်ခဲ့သည့်နှစ်ကတည်းက ယခုကဲ့သို့ ပုဂ္ဂလိကသုံး Desktop version ထုတ်လုပ်ရန် စီစဉ်လျှက်ရှိကြောင်း ကြေညာခဲ့ဖူးသည်။

ယခု Messenger ၏ ကွန်ပျူတာ မြင်ကွင်းတွင် Zoon ဆွဲယူ အကြီးချဲ့ကြည့်ရှု့နိုင်မည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးရှိ ရုံးများ၊ စာသင်ကျောင်းများ၊ အဖွဲ့အစည်းများအတွက် လူသန်းပေါင်းများစွာ ဝင်ရောက်အသုံးပြုနိုင်မည်ဆို၏။

Facebook အသုံးပြုသူများအတွက် Desktop ကွန်ပျူတာများဖြင့် ဗွီဒီယိုချတ် ပြုလုပ်နိုင်မည့် App တစ်ခုဖြစ်ကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

((( Dhaka Tribune., April 2nd, 2020,” Facebook launches desktop version for Messenger as video calls surge.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ခုခံတိုက်ဖျက်စဉ် ဗွီဒီယိုကွန်ဖရင့်ပြုလုပ်နိုင်မည်

https://www.dhakatribune.com/health/coronavirus/2020/04/03/singapore-to-close-workplaces-schools-in-covid-19-fight

0

Leave a Reply

Your email address will not be published.