Facebook တွင် တမန်တော်အား ပြောင်လှောင်ရေးသားသည်ဟု စွပ်စွဲချက်ထွက်ပေါ်ပြီးနောက် အိန္ဒြိယတောင်ပိုင်း ဘန်ဂလိုမြို့၌ အဓိကရုန်းဖြစ်ပွား၊ ၃-ဦး သေဆုံး၍ ရဲတပ်ဖွဲ့ဝင် ၆၀ ခန့် ဒါဏ်ရာရရှိ၊ ရဲစခန်း ၁-ခု ပျက်စီးပြီး မော်တော်ယာဉ်များ မီးရှို့ခံရ။

အင်္ဂါနေ့ ညနေပိုင်းတွင် အိန္ဒိယနိုင်ငံတောင်ပိုင်း ကာတာကနပြည်နယ် ဘန်ဂလိုမြို့ အရှေ့ပိုင်း၌ Facebook တွင် တမန်တော်မိုဟာမက်အား ပြောင်လှောင်ရေးသားသည်ဟု စွပ်စွဲကန့်ကွက်ရာမှ အကြမ်းဖက်မှုဖြစ်ပွားသည်။ အိန္ဒိယဥပဒေပြု ကောင်စီအဖွဲ့ဝင် ဆရီနီဗတ်စ်မူရသီး၏ ဆွေမျိုးတော်စပ်သူတစ်ဦးက  တမန်တော်အား စော်ကားသည်ဟု ကန့်ကွက်သူများသည် မူရသီး၏ နေအိမ်ကို ဝိုင်းထားကြပြီး မော်တော်ယာဉ်အများအပြားကို မီးတင်ရှို့ခဲ့ကြသည်။  ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် လူ ၃-ဦး သေဆုံးပြီး ကျောက်ခဲဖြင့် ပစ်ခံရသဖြင့် ရဲတပ်ဖွဲ့ဝင် ၆၀ ခန့် ဒါဏ်ရာရရှိသည်ဟု အိန္ဒြိယအခြေစိုက် NDTV က ယနေ့ ရေးသားသည်။ 


ရဲတပ်ဖွဲ့ဝင်များသည် အကြမ်းဖက် ဆူပူလျှက်ရှိသော လူစုလူဝေးအား နံပါတ်ဒုတ်နှင့် မျက်ရည်ယိုဗုံးများ အသုံးပြု၍ လူစုခွဲခဲ့သည်။ Facebook တွင် ပို့စ်တင်ရေးသားသည်ဟု စွပ်စွဲခြင်းခံရသော မူရသီး၏ တူတော်စပ်သူ နီဗင်း အပါအဝင် လူ ၁၁၀-ခန့် ဖမ်းဆီးခဲ့ရသည်။


ဒီဂျီဟောလီနှင့် ကေဂျီဟောလီ ရဲစခန်း ၂-ခုမှာ အကြမ်းဖက်စီးနင်းခြင်းခံရပြီး ရဲစခန်း ၁-ခု လုံပျက်စီးသွားခဲ့ရသည်။ ရဲစခန်းများတွင် သိမ်းဆည်းထားသည့် လေးဘီးယာဉ် ၂၄-စီး၊ စက်ဘီး ၂၀၀ ခန့်မှာလည်း မီးတင်ရှို့ခြင်းခံခဲ့ရသည်။ 


ယခုအခါတွင် အခြေအနေငြိမ်သက်သွားပြီဖြစ်ပြီး အကြမ်းဖက်မှုများဖြစ်ပွားရာ နယ်မြေများ၌ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားကြောင်း၊ ဘန်ဂလိုမြို့၏ ကျန်နယ်မြေများတွင် ရာဇဝတ်မှု မကင်းသော လူစုလူဝေး မပြုလုပ်ရန် တားမြစ်ထားသည်။ 


အခင်းဖြစ်ပွားစဉ် ရဲတပ်ဖွဲ့က ရိုက်နှက်ခြင်းကြောင့် အနည်းဆုံး သတင်းထောက် ၁-ဦး ဒါဏ်ရာရရှိခဲ့သည်ဆို၏။ ကာတာကနပြည်နယ် ဝန်ကြီးချုပ်က တိုက်ခိုက်မှုများဖြစ်ပွားခြင်းကို ပြစ်တင် ရှုတ်ချလိုက်ပြီး အကြမ်းဖက်မှု ကျူးလွန်သူအားလုံးကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း Twitter ၌ ရေးသားသည်ဟု သိရှိရသည်။ 


အိန္ဒိယကွန်ဂရက် ဥပဒေပြုကောင်စီကနှင့် ပြည်နယ်ပြည်ထဲရေးဝန်ကြီးတို့က ပြည်သူလူထုတို့အနေဖြင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြပါရန် မေတ္တာရပ်ခံလိုက်ပြီး ဥပဒေအရ တရားစီရင်ရေးကို မိမိတို့ ဆန္ဒရှိသလို မပြုမူ မိကြစေရန် တိုက်တွန်းလိုက်သည်။ မီးရှို့ဖျက်ဆီးမှု၊ ဖောက်ထွင်း လုယက်မှုများကို ဝေဖန်ကန့်ကွက်လိုက်ပြီး အခင်းဖြစ်ပွားရာ၌ ရဲတပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားလျှက်ရှိကြောင်း ပြောဆိုသည်။ 


အဓိကရုန်းဖြစ်ပွားရာ ကာတာကနပြည်နယ်သည် အင်္ဂါနေ့ တစ်နေ့တည်း၌ ကိုရိုနာဗိုင်းရပ်စွဲကပ်လျှက်ရှိကြောင်း အတည်ပြုခံရသူ ၆၂၅၇-ဦး ရှိနေပြီး၊ ကူးစက်ခံရသူ စုစုပေါင်း ၁,၈၈,၆၁၁ ရှိသည်ဟု India Express က ယနေ့ ဖော်ပြသည်။ 


#အိန္ဒိယဘန်ဂလိုမြို့အဓိကရုန်း #တမန်တော်မိုဟာမက်အားပြောင်လှောင်စော်ကားသည်ဟုစွပ်စွဲ 
((( NDTV., 12 August 2020, “3 Killed In Police Firing In Bengaluru Amid Violence Over Facebook Post. Bengaluru Violence: Protesters set many vehicles on fire and surrounded MLA Srinivas Murthy’s house in the city. By: by Maya Sharma “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.ndtv.com/india-news/bengaluru-violence-news-today-violence-breaks-out-over-alleged-facebook-post-of-congress-mla-srinivas-murthy-relative-in-bengaluru-2278050 
https://timesofindia.indiatimes.com/videos/city/bengaluru/violent-clash-over-post-on-prophet-muhammad-section-144-imposed-in-bengaluru-60-cops-injured/videoshow/77497018.cms 
https://indianexpress.com/article/cities/bangalore/karnataka-bengaluru-coronavirus-covid-19-violence-riots-djhalli-kghalli-pulkeshi-nagar-akhanda-srinivas-red-alert-rains-floods-police-news-live-updates-6551132/ 
https://www.ummid.com/news/2020/august/12.08.2020/two-die-in-police-firing-after-violent-protests-over-fb-post-in-bengaluru.html 
https://www.ummid.com/news/2020/august/12.08.2020/two-die-in-police-firing-after-violent-protests-over-fb-post-in-bengaluru.html 
https://www.freepressjournal.in/india/violence-breaks-out-in-east-bengaluru-over-derogatory-post-against-prophet-mohammed-cong-mlas-home-attacked 

1+

Leave a Reply

Your email address will not be published.