ICC တရားစွဲအရာရှိအပေါ် ဒေါ်နယ်ထရမ့် ဒဏ်ခတ်ပိတ်ဆို့ခဲ့မှုကို ဘိုင်ဒင် ရုတ်သိမ်း။ အာဖဂန်တွင် အမေရိကန်တပ်များ စစ်ရာဇဝတ်မှုကျူးလွန်သည်ဆိုခြင်း၊ လက်ဘနွန်အရေး အစ္စရေး၏တရားစံနစ်အပေါ် လွှမ်းမိုးရန်အားထုတ်ခြင်းကို ဆက်လက်ကန့်ကွက်


နိုင်ငံတကာရာဇဝတ်တရားရုံး ICC မှ #တရားစွဲအရာရှိချုပ်_ဖက်တိုဘင်ဆူဒါအပေါ် ယခင်သမ္မတဒေါ်နယ်ထရမ့်အစိုးရက ချမှတ်ခဲ့သော ဒဏ်ခတ်ပိတ်ဆို့မှုများကို ဂျိုးဘိုင်ဒင်၏လက်ရှိ အမေရိကန်အစိုးရက သောကြာနေ့တွင် ပယ်ဖျက်ပေးလိုက်သည်ဟု Reuters က ယနေ့ ရေးသားသည်။…   
အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်မတော်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ဆိုခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမည့် ICC တရားစွဲအရာရှိချုပ် ဘင်ဆူဒါအပေါ် ချမှတ်ခဲ့သော ဒဏ်ခတ်အရေးယူမှုများကို ရုတ်သိမ်းလိုက်ကြောင်း၊ အလားတူပင် #ICC_တရားသူကြီးချုပ်_ဖာကီဆို_မိုချိုချိုကို အား အမျိုးသားရေးရာ အထူးသတ်မှတ်ထားသော စာရင်းတွင် ထည့်သွင်းထားခြင်းမှ၎င်း ပယ်ဖျက်လိုက်ကြောင်း၊ ထို့ ပြင် ICC ဝန်ထမ်းအချို့အား ပြည်ဝင်ခွင့်ဗီဇကန့်သတ်ထားသည့် ၂၀၁၉ ခုနှစ်ပေါ်လစီတို့သည် ဆီလျော်ထိရောက်ခြင်း မရှိသည်ကို သုံးသပ်တွေ့ရှိသဖြင့် ရပ်ဆိုင်းလိုက်ကြောင်း #နိုင်ငံခြားရေးဝန်ကြီး _အန်သိုနီဘလင်ကင်၏ သတင်းထုတ်ပြန်ချက်၌ ပါရှိသည်ဆို၏။…   
အာဖဂန်နှင့် ပတ်သက်၍ စစ်ရာဇဝတ်မှုကျူးလွန်သည်ဟု၎င်း လက်ဘနွန်အခြေအနေနှင့်ပတ်သက်၍ အမေရိကန်နှင့်မိတ်ဖက်နိုင်ငံ ICC အဖွဲဝင်မဟုတ်သည့် အစ္စရေးတို့၏ တရားစီရင်ရေးအပေါ် ကြားဝင်လွှမ်းမိုးရန်အားထုတ်သည့် ICC ၏ ဆောင်ရွက်မှုများကို ကန့်ကွက်ပြီး လုံးဝဥဿုံ သဘောမတူနိုင်ခြင်းမှာ ဆက်လက်တည်ရှိနေကြောင်း၊…    
သို့သော်လည်း အရေးယူဒဏ်ခတ်ခြင်းများ ချမှတ်ခြင်းထက် ICC ၏ လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သူအားလုံးတို့နှင့် ထိတွေ့ဆက်ဆံခြင်းက အမေရိကန်၏ စိုးရိမ်ပူပန်မှုများကို ပိုမိုပိုကောင်းမွန်အောင် ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ဘလင်ကင်က ပြောဆိုသည်။…    
အမေရိကန်အစိုး၏ သတင်းထုတ်ပြန်မှုအပေါ် ICC တရားရုံးနှင့် ICC အဖွဲ့ဝင်နိုင်ငံများဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တို့က ကြိုဆိုပါကြောင်း ICC ပြောခွင့်ရပုဂ္ဂိုလ်က တုန့်ပြန်ခဲ့သည်။…    
ကြာသပတေးနေ့ရက်စွဲပါ ဒဏ်ခတ်ပိတ်ဆို့မှုများ ရပ်ဆိုင်းကြောင်း သတင်းထုတ်ပြန်ချက်တွင် ထိရောက် ဆီလျော်ခြင်း မရှိ၍ ရုတ်သိမ်းသည်ဟု ပါရှိသော်လည်း အမေရိကန်ပြည်ထောင်စု၏ ယခင်နှင့် ယခုလက်ရှိဝန်ထမ်းများအပေါ် ICC က တရားစီရင်ရန် မည်သည့်အားထုတ်မှုမျိုးကိုမဆို ပြင်းထန်စွာ ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒင်က ပြောဆိုသည်။…   
အာဖဂန်နစ္စတန်တွင် စစ်ရာဇဝတ်မှုကျူးလွန်သည့် သတင်းများမှာ အာဖဂန်အစိုးရတပ်များ၊ တာလီဘန်များ သို့မဟုတ် အမေရိကန်တပ်ဖွဲ့ဝင်များ ( တာဝန်ရှိခြင်းနှင့် ) ပတ်သက်၍ နယ်သာလန်နိုင်ငံ #သည်ဟိဂ်မြို့အခြေစိုက်နိုင်ငံတကာရာဇဝတ်တရားရုံးက လွန်ခဲ့သည့်နှစ်၌ စုံစမ်းစစ်ဆေးရန် အားထုတ်ခဲ့သည်။ …ICC ၏ အပြုအမူမှာ အမေရိကန်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ခြင်းအပေါ် စွက်ဖက် ကျူးကျော်ခြင်းအဖြစ် ဒေါ်နယ်ထရမ့်အစိုးရက စွပ်စွဲခဲ့သည်။..   
ICC အဖွဲ့ဝင်မဟုတ်သော အမေရိကန်သည် စက်တင်ဘာလတွင် ဖက်တိုဘင်ဆူဒါအပါအဝင် နိုင်ငံတကာရာဇဝတ်တရားရုံးဝန်ထမ်းများအား ပစ်မှတ်ထားကာ ပြည်ဝင်ခွင့်နှင့် ခရီးသွားလာခွင့်တို့ကို တားဆီးပိတ်ဆို့ခြင်းဖြင့် အိမ်ဖြူတော်၏ သဘောတူညီမှုမပါရှိပဲ အမေရိကန်နိုင်ငံသားများအပေါ် စုံစမ်းစစ်ဆေးခြင်းမှ ဟန့်တားခဲ့သည်။…   
နိုင်ငံခြားရေးဝန်ကြီး_မိုက်ပွန်ပေယိုကလည်း ပါလက်စတိုင်းနယ်မြေများတွင် အစ္စရေးတပ်များအပါအဝင်တို့က စစ်ရာဇဝတ်မှုများကျူးလွန်မှုနှင့် ပတ်သက်၍ ICC က ၂၀၁၉ ခုနှစ်တွင် စုံစမ်းစစ်ဆေးမည်ဆိုခြင်း ကို ဆန့်ကျင်ခဲ့သည်။…  
ထိုစဉ်က အမေရိကန်အစိုးရ၏ အပြုအမူမှာ တရားဥပဒေစိုးမိုးရေးနှင့် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးအပေါ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ICC က မှတ်ချက် ပြုခဲ့သည်။

((Reuters., April 3, 2021, “US lifts Trump’s sanctions on ICC prosecutor, court official.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ICCဝန်ထမ်းများအပေါ်_ဒဏ်ခတ်တားဆီးမှု_ဘိုင်ဒင်အစိုးရရုတ်သိမ်း #ဖက်တိုဘင်ဆူဒါ
…….
https://www.reuters.com/article/us-usa-icc-sanctions/us-lifts-trumps-sanctions-on-icc-prosecutor-court-official-idUSKBN2BP1GY
https://www.dhakatribune.com/world/2021/04/03/us-lifts-trump-s-sanctions-on-icc-prosecutor-court-official 

Leave a Reply

Your email address will not be published.