ICJ တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖြေရှင်းမည့်သတင်း အချိန်တိုအတွင်း ကမ္ဘာသို့ ပြန့်နှံ့

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့် ပတ်သက်၍ လူဦးရေ ၂-သန်းခန့်သာရှိသော အာဖရိက အနောက်ပိုင်းနိုင်ငံငယ်လေးဖြစ်သည့် ဂမ်ဘီယာက အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( OIC ) ကိုယ်စား မြန်မာနိုင်ငံကို ကမ္ဘာ့ကုလသမဂ္ဂတရားခုံရုံး၌ တရားစွဲဆိုခဲ့သည်။

၎င်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အကျိုးစီးပွားအား ကာကွယ်ရန် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့သို့ စေလွှတ်မည့်အဖွဲ့တစ်ဖွဲ့ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနအနေဖြင့် ဦးဆောင်သွားရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်၏အတိုင်ပင်ခံရုံးက ယမန်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ICJ တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖြေရှင်းမည်ဆိုသည့် သတင်းမှာ အချိန်တိုအတွင်း ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံ့သွားခဲ့ကြောင်း CNN , Guardian အစရှိသည့် မီဒီယာများ၌ပင် ရေးသားကြခြင်းကို ထောက်ချင့်ကာ သိရှိနိုင်ပါသည်။

Al Jazeera ကဲ့သို့ သတင်းစာမျိုးကမူ ထုံးစံအတိုင်း..

“ ဗုဒ္ဓဘာသာဝင်အများစု မြန်မာနိုင်ငံက ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာ ) တို့အပေါ် ဂျီနိုဆိုက် လူမျိုးသုဉ်းပြုမှုတွင် ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးတော်၌ ခုခံငြင်းဆန်မည့် ကိုယ်စားလှယ်အဖွဲ့ကို မြန်မာခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်မည်။ “ ဟု ခေါင်းစဉ်တပ်၍ ဖော်ပြလေသည်။

Al Jazeera ပြောသလို မြန်မာနိုင်ငံက ဂျီနိုဆိုက်ကြောင်း ထင်ရှားတွေ့ရှိသည်ဟု နိုင်ငံတကာအဆင့် ဘယ်တရားရုံးကမှ ဆုံးဖြတ်ခဲ့ခြင်းမရှိသေးပါ။ ဂျီနိုဆိုက်ရာတွင် တာဝန်ရှိသည်ဟု မြန်မာစစ်ဖက်-အရပ်ဖက် ဘယ်ခေါင်းဆောင်ကိုမျှ ဖမ်းဝရမ်းထုတ်သည်ဟုလည်း တစ်ခါမှ မကြားဖူးပါ။ သူ့စွပ်စွဲချက်နှင့်သူ ရပ်တည်ကြသည့် အဆင့်သာရှိပါသည်။

လော်ဘီ အဝှာပြောသလို အင်တာပိုလ်ကို ဖမ်းခိုင်းမည်ဆိုသည်ကို အမှန်ထင်ပုံရပါသည်။ အင်တာပိုလ်သည် နိုင်ငံတကာပါဝင်သော ရဲအဖွဲ့သာဖြစ်ပြီး၊ နိုင်ငံတစ်နိုင်ငံ၏ အစောင့်အရှောက်အမြဲရှိတတ်သည့် ခေါင်းဆောင်တို့ကို ဝင်ရောက်ဖမ်းဆီးနိုင်သည့် နေဗီဆီးလ်လည်းမဟုတ်၊ ဒဲလ်တာဖို့ လည်း မဟုတ်ချေ။

၂-ယောက်ရှိလျှင် ၃-ဖွဲ့ကွဲသော ကျွန်တော်များ “ ရဲရဲတောက် အာဘောင်နီ “ တို့၌လည်း တစ်စခန်း ထကြပါသည်။ ထုံးစံအတိုင်း “သံမဏိမေမေ- မဟာမေမေ “ ဂါထာကို နှုတ်တက်ရွရွ ရွတ်ဖတ်ကြ၏။ “ဘယ်လိုမှ မဖြစ်နိုင်ဖူး “ ဟု နယ်သာလန်သို့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်မည်ဆိုခြင်းကိုပင် လက်မခံနိုင်ဖြစ်သူများလည်း တွေ့ရသည်။

ရွေးကောက်ပွဲနီး၍ “ ကုလားထိုင်နတ်ပူးနေသူ “ တစ်ဦးကမူ “ ကန်ပြီးသားပွဲကြီးမှန်း သိလိုက်ပြီ “ ဟု ခေါင်းစဉ်တပ်ကာ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ထောက်ခံမှု့ရအောင် OIC ၏ လုပ်ပွဲကြီးဟု စွပ်စွဲလေတော့သည်။ ဒွန္နယာကြီး၌ လူပေါကြီးလုံးလုံးဖြစ်သော မဟော်သဓါလက်သစ်၏ အဆိုအမိန့်ကို ဖွားဖက်တော် တစ်ထောင်တို့ကလည်း အငန်းမရ ရှယ်ကြလေသည်။

ဝါဟာဘီတို့၏ မယုမြစ် ( မေယုမြစ် ) အနောက်ခြမ်း အစ္စလာမ်နယ်မြေထူထောင်ရေးဆိုသည်ကို မကြားဖူးဘူးလား ငါ့ရှင်…

ထိုအတွက် ၂၀၀၇ -ခုနှစ်ခန့်မှ စတင်ကာ အွန်လိုင်းတွင် လူမျိုးလိမ်- ဓါတ်ပုံလိမ် တဖြည်းဖြည်းထည့်သွင်းလာသည်ကို မမြင်ဖူးသူဖြစ်ဟန်တူ၏။

၁၉၉၉-ခုနှစ် အိုစမာဘင်လာဒင်က ဖတ္တဝါကြေညာစဉ် ရခိုင်ပြည်နယ်၌ ေ

အးချမ်းစွာ ရှိနေခဲ့သည်။ ထိုကာလတစ်ဝှိုက်မှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေတုန်းဖြစ်သည်။

ထိုနောက်ပိုင်း ARSA တို့မှာ အရပ်ပြဇာတ် ကပြ ခြင်းဖြစ်ပါသလား၊ ISIS တို့၏ ရည်ရွယ်ချက်များ၌ တစ်ခု။ ၅၇-နိုင်ငံ ပါဝင်သော OIC ၏ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ၊ ကုလသမဂ္ဂအထွေထွေညီလာခံသို့ တင်သွင်းခဲ့ သည့် အဆိုများ၊ အထွေထွေညီလာခံ ဆုံးဖြတ်ချက်၊ လူ့အခွင့်အရေး၊ UNHCR ၊ ဘင်္ဂလားသတင်းစာများကို ဘယ်ချောင်ထိုးထား လိုက်ပါသလဲ..

ကမ္ဘာအရပ်ရပ် ၁၀၄ ဖွဲ့ရှိသော ဒုက္ခသည်ဘင်္ဂါလီအသင်းများ၊ ဝါကာအူဒင်၊ ရန်ဟီလီး၊ ကင်တားနားတို့သည် မဟော်သဓါလက်သစ်ပြောသလို လူပြက်တွေလား ခင်ဗျာ.. တွေးလေလေ တစိမ့်စိမ့် ကြည်ညိုလေပါပဲ..

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

https://edition.cnn.com/2019/11/20/asia/aung-san-suu-kyi-rohingya-icj-intl/index.html

https://www.aljazeera.com/news/2019/11/suu-kyi-defend-myanmar-genocide-accusation-court-191120161555257.html

https://www.theguardian.com/world/2019/nov/20/aung-san-suu-kyi-to-defend-myanmar-against-genocide-charge-at-the-hague

#ICJဒေါ်စုနိုင်ငံတကာသတင်း

0

Leave a Reply

Your email address will not be published.