ICJ တွင် မြန်မာဘက်မှ ဂျီနိုဆိုက်အရေး အထူးကျွမ်းကျင်သူ ပါမောက္ခ ဝီလျံ ချုးဘတ်စ် လိုက်ပါဆောင်ရွက်မည်ဟု သတင်းထွက်ပေါ်

ယနေ့ အင်တာနက် သတင်းများအရ လာမည့် ဒီဇင်ဘာ – ၁၀ ရက်နေ့နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ နိုင်ငံတကာတရားခုံရုံး ICJ ၌ စတင်ကြားနာမည့် ဂမ်ဘီယာ- မြန်မာ အမှု့တွင် မြန်မာဘက်မှ ကနေဒါဥပဒေပညာရှင် Professor William A. Schabas ပါမောက္ခ ဝီလျံ အေ ချုးဘတ်စ် လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

အမေရိကန် အိုဟိုင်းယိုးဇာတိ ပါမောက္ခ ချုးဘတ်စ် ( ၆၉-နှစ် ) သည် ကုလသမဂ္ဂစုံစမ်းရေးမစ်ရှင်များ၌ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ဖူးပြီး အစ္စရေး-ပါလက်စတိုင်းတို့၏ ဂါဇာပဋိပက္ခတွင် ဥပဒေပညာရှင်အဖြစ် လိုက်ပါဆောင် ရွက်ခဲ့ဖူးသည်။ Genocide ရေးရာတွင် နိုင်ငံတကာ အတွေ့အကြုံရင့် ဥပဒေပညာရှင်ကြီးတစ်ဦးဖြစ်သည်။ ပါမောက္ခချုးဘတ်စ်၏ Genocide ရေး ကျွမ်းကျင်မှုနှင့် ဥပဒေပညာပြည့်ဝမှု့တို့မှာ ခေါင်းမာရာ၌ ပြိုင်ဖက် ရှေ့နေနှင့် အလွန်ထင်ရှားသော နိုင်ငံခေါင်းဆောင်များပင်လျှင် အသိအမှတ်ပြုရသော နိုင်ငံတကာသိ ပညာရှင်ဖြစ်ကြောင်း ကနဦး သတင်းရရှိပါသည်။

(( ကျွန်တော်ဉာဏ်မီသမျှ နားလည်ရာတွင် ဂမ်ဘီယာ-မြန်မာ ICJ အမှု့တွင် တရားစွဲဆိုသည့် အခြေခံ အကြောင်းအရာမှာ Genocide ဟု ဖြစ်ပါသည်။

Genocide ကို လူမျိုးတုန်းသတ်သည်ဟု အရမ်းကာရော ပြောဆိုနေကြသော်လည်း အမှန်စင်စစ် “သတ်သည်” ဟု တစ်ထစ်ချ မဆိုနိုင်ပါ။ လိုတိုရှင်းပြောရလျှင် အပြည်ပြည်ဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗင်းရှင်းပါ အချက်အလက် များနှင့် ညီလျှင် Genocide ဟူ၍ သတ်မှတ်နိုင်ပြီး “ လူမျိုးသုဉ်းပြုသည် “ ဟု အကြမ်းဖျဉ်းပြောရပါမည်။

လွန်ခဲ့သော ၅-နှစ်ခန့်မှစ၍ မြန်မာအပေါ် ရခိုင်မြောက်ဖျား အရေးတွင် Genocide သည်ဟု စွပ်စွဲပြောဆိုချက် ထွက်ပေါ်ခဲ့သည်။ ကွယ်လွန်သူ ကိုဖီအာနမ်သည် ရခိုင်စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ် သည်။ ရခိုင်မြောက်ဖျား IDP စခန်းများအားလုံးသို့ သွားရောက်ကြည့်ရှု့ခဲ့ဖူးပြီး၊ ဒုက္ခသည်ဘင်္ဂလီရွာများသာမက ဒေသအတွင်း ရခိုင်နှင့် အခြားလူမျိုးစုတို့နှင့် တွေ့ဆုံမေးမြန်းခဲ့သူဖြစ်သည်။

ထို့ပြင် ရဝမ်ဒါဂျီနိုဆိုက်မှု့ခင်းဖြစ်ပွားနေစဉ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်နေခိုက် ဖြစ်၍ ထိုစဉ်က တားဆီးမရခဲ့သော လူမျိုးသုဉ်းပြုခြင်းနှင့်ပတ်သက်၍ နှစ်ဖက်သာမက အခြားအမြင်များ-အခက် အခဲများကို ကြုံတွေ့ခဲ့ဖူးသူဖြစ်သည်။

ရခိုင်စုံစမ်းရေးကော်မရှင် အပြီးမသတ်အစီရင်ခံစာ မထွက်ပေါ်မီ ကိုဖီအာနမ်က “ ရခိုင်မြောက်ဖျားအရေးတွင် Genocide ဟူ၍ လွယ်လွယ်မပြောကြရန် “ မှတ်ချက်ပြုဖူးပါသည်။

ယခုလည်း မြန်မာအပေါ် တစ်ကျော့ပြန်စွပ်စွဲလာသည့် Genocide အမှု့တွင် မူလကတည်းက ဒွိဟဖြစ်လျှက်ရှိပြီး ပါမောက္ခ ဝီလျံချုးဘတ်စ်ကဲ့သို့ ဂျီနိုဆိုက်ပါရဂူက အမှု့လက်ခံခြင်းမှာ မြန်မာအတွက် အလားအလာ ကောင်းများစွာ မြင်တွေ့ရကြောင်း ဝေဖန်ပြောဆိုလျှက်ရှိပါသည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

0

Leave a Reply

Your email address will not be published.