) ICJ ရုံးစိုက်ရာ သည်ဟိဂ်မြို့၌ ဒါးကိုင် တိုက်ခိုက်ခံရမှု့ဖြစ်ပွား၊ အရှေ့အလယ်ပိုင်းသားဟု မှတ်ယူရသော ဒါးသမား ထွက်ပြေးလွတ်မြောက်နေကြောင်း စောစောပိုင်း သတင်းထုတ်ပြန်ခဲ့။

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တော်တွင် ဒေသစံတော်ချိန် ၁၉း၄၅ နာရီ၌ ဒါးကိုင်တိုက်ခိုက်ခံရမှု့ဖြစ်ပွားရာ လူ ၃-ဦး ဒါဏ်ရာရရှိကြောင်း ဒတ်ချ်ရဲတပ်ဖွဲ့က ပြောဆိုသည်ဟု BBC က ယနေ့ရေးသားသည်။

မြို့တော်၏ လူစည်ကားဆုံးအချိန်၌ တိုက်ခိုက်ခံရမှုဖြစ်ပွားခြင်းကြောင့် #ဘလက်ဖရိုင်းဒေး ဈေးဝယ်ထွက်ကြသူများ ရုတ်ရုတ်သဲသဲပြေးလွှားကြသည့် မှတ်တမ်းရုပ်သံမှာ လူမှုကွန်ယက်၌ ပြန့်နှံ့လျှက်ရှိသည်ဆို၏။

ဒါးကိုင်တိုက်ခိုက်သည်ဟု ယူဆရသည့် ထွက်ပြေးလွတ်မြောက်နေသူသည် မီးခိုးရောင် အားကစားဝတ်စုံဝတ်ဆင်ထားပြီး အသက် ၄၀ မှ ၅၀ ကြားရှိ၍ အရှေ့အလယ်ပိုင်း သို့မဟုတ် အာဖရိကမြောက်ပိုင်းနွယ်ဖွား ဖြစ်ပုံရကြောင်း စောစောပိုင်း သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

သို့သော် နောက်ပိုင်း၌ အဆိုပါ သံသယရှိသူအဖြစ်ဖော်ပြချက်တို့မှာ မှားယွင်းကြောင်း ဒတ်ချ်ရဲတပ်ဖွဲ့က ပြင်ဆင်ချက်ထုတ်ပြန်သည်။ ထို့ပြင် အခင်းဖြစ်ပွားစဉ် မျက်မြင်တွေ့ရှိသူများနှင့် ဒါးသမားဟု သံသယရှိသူအား မှတ်တမ်းရိုက်ကူးထားမိသူတို့အနေဖြင့် ရဲတပ်ဖွဲ့နှင့် ဆက်သွယ်ကူညီပါရန် မေတ္တာရပ်ခံထားသည်။

မြို့လယ် ဈေးဝယ်စင်တာများတည်ရှိရာ ဂရိုတီမာကတ်ဆက်လမ်းမပေါ်၌ တိုက်ခိုက်ခံရစဉ် လူငယ် ၃-ဦးမှာ မစိုးရိမ်ရသော ဒါးဒါဏ်ရာများရရှိခဲ့ကြပြီး ယခုအခါဆေးရုံမှ ဆင်းသွားနိုင်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။

ဒတ်ချ်ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါတိုက်ခိုက်မှုကို အကြမ်းဖက်မှုအဖြစ် အတည်ပြုနိုင်ခြင်းမရှိပဲ အကြမ်းဖက်သမားနှင့် ဆက်နွယ်ကြောင်းကိုလည်း သက်သေပြသနိုင်ခြင်းမရှိချေ။

ယခုဖြစ်စဉ်သည် ဗြိတိန်နိုင်ငံ လန်ဒန်တံတား၌ လူ ၂-ဦးသေဆုံးပြီး ၃-ဦးဒါဏ်ရာရရှိခဲ့သော ဒါးကိုင်တိုက်ခိုက်မှုနောက်ပိုင်း နာရီအတော်ကြာပြီးနောက် ဖြစ်ပွားခြင်းဖြစ်သည်။ အသေခံဗုံးခွဲခါးပတ်အတု ဝတ်ဆင်ထားသော ဒါးသမား #အူစမန်ခန်း ( ၂၈-နှစ် ) ကို လန်ဒန်မက်ထရိုပိုလီတန်ရဲတို့က အသေဖမ်းဆီးခဲ့ရသည်။ ခန်းသည် အကြမ်းဖက်နွယ်မှု့ဖြင့် ၂၀၁၂ ခုနှစ်တွင် အကျဉ်းချခံရပြီး ၂၀၁၈ ဒီဇင်ဘာ၌ လွတ်မြောက်လာသူဖြစ်သည်။

(( နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC နှင့် ကုလသမဂ္ဂ၏ အငြင်းပွားမှု့စီရင်ရာ နိုင်ငံတကာ တရားခုံရုံး ICJ သည် နယ်သာလန်နိုင်ငံ သည်ဟိဂ် The Hague မြို့တွင်တည်ရှိသည်။ အမေရိကန် နယူးယောက်မြို့၌ မရှိသည့် တစ်ခုတည်းသော ကုလသမဂ္ဂဆိုင်ရာအဆောက်အအုံလည်းဖြစ်သည်။

နယ်သာလန်သည် နေရာမရွေး အရမ်းကာရော အကြမ်းဖက်ခံခဲ့ရဖူးသည်။ ခရီးသွားများအတွက် သက်ဆိုင်ရာ ဒေသန္တရအာဏာပိုင်များ၏ ညွှန်ကြားချက်အတိုင်း လိုက်နာရန် ဗြိတိန်အကြမ်းဖက်နှိမ်နင်းရေး ရဲတပ်ဖွဲ့က သတိပြု- အကြံပေးချက် ထုတ်ပြန်ထားသည့် ဥရောပနိုင်ငံဖြစ်သည်။ မတ်-၁၈၊ ၂၀၁၉ ခုနှစ် ယူထရက်မြို့ 24 oktoberplien ရင်ပြင်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၄-ဦးသေဆုံး၍ ၆-ဦး၊ ဒါဏ်ရာရရှိသည်။ သြဂုတ်-၃၁၊ ၂၀၁၈ ရက်နေ့ အမ်စတာဒမ်ဗဟိုမီးရထားဘူတာရုံတွင် ဒါးကိုင်အကြမ်းဖက်မှု့ဖြစ်ပွားရာ နိုင်ငံခြားခရီးသွား ၂-ဦး သေဆုံးသည်။

ဒီဇင်ဘာ – ၃၁၊ ၂၀၁၈ တွင် ဗုံးခြိမ်းခြောက်မှု့ကြောင်း အမ်စတာဒမ်လေဆိပ်မှ ခရီးသည်များ ဘေးလွတ်ရာ ပြောင်းရွေ့ပေးခဲ့ရသည်။ အမ်စတာဒမ်၌ အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်လျှက်ရှိသူ ၂-ဦးကို ဇူလိုင် ၂၀၁၈ ၌၎င်း၊ နိုင်ငံအနှံ့အပြား၌ အကြမ်းဖက်တိုက်ခိုက်မည့်သူ ၇-ဦးကို စက်တင်ဘာလ၌၎င်း ဒတ်ချ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း တွေ့ရှိရသည်။ ။သတင်းဘာသာပြန်သူ ))

((( BBC., 29 Nov, 2019 ,” The Hague stabbing: Three injured in attack on shopping street.” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ပေါင်းစုသည်။ )))

https://www.bbc.com/news/world-europe-50609528

https://www.rt.com/news/474706-hague-stabbing-victims-underage/

https://www.rt.com/news/474697-hague-stabbing-shopping-center/

https://www.rt.com/news/474700-hague-stabbing-shopping-panic-videos/

https://twitter.com/EmmaGrnde/status/12005071342549524

48

https://www.gov.uk/foreign-travel-advice/netherlands/terrorism

https://www.aljazeera.com/news/2018/12/amsterdam-schiphol-airport-partly-evacuated-bomb-threat-181231184240163.html

#သည်ဟိဂ်မြို့ #ဒါးကိုင်တိုက်ခိုက်မှု #ဒတ်ချ်ရဲတပ်ဖွဲ့ #နယ်သာလန်အကြမ်းဖက်မှု့

0

Leave a Reply

Your email address will not be published.