ICJ ရောက် ဂမ်ဘီယာ – မြန်မာ အမှု့နှင့် ဥပဒေအကျိုးဆောင် ဝီလျှံရှားဘက်စ်

ကမ္ဘ္ဘာ့ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးဖြစ်သော “ နိုင်ငံတကာတရားခုံရုံး “ ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့် “ လူမျိုးသုဉ်းပြုမှု့ “ ၌ မြန်မာဘက်မှ ဥပဒေကြောင်း ခုခံကာကွယ်သူမှာ Prof. William Schabas ပါမောက္ခ ဝီလျှံရှားဘက်စ်နှင့် အဖွဲ့ဖြစ်ပါသည်။


လွန်ခဲ့သည့်လတွင် လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေဆိုင်ရာအဖွဲ့အစည်းအချို့က ပါမောက္ခ ဝီလျှံရှားဘက်စ်အား မြန်မာ၏ ICJ ရှေ့နေအဖြစ်ဆောင်ရွက်နေခြင်းမှ နှုတ်ထွက်သွားစေရန် အမျိုးမျိုးဖိအားပေး ကြောင်းတွေ့ရှိရပါသည်။

မြန်မာက ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) တို့အပေါ် Genocide လူမျိုးသုဉ်းပြုကြောင်း ဂမ်ဘီယာက စွပ်စွဲသည်ဖြစ်၍ ၂၀၁၉ ဒီဇင်ဘာ ၁၀ ရက်နေ့မှ စတင်ကာ ၃-ရက်ကြာ ကြားနာမည်ဖြစ်ကြောင်း သတင်းကို နိုဝင်ဘာ ၁၉ – ရက်နေ့၌ နိုင်ငံတကာမီဒီယာများက ဖော်ပြခဲ့သည်။

ကျွန်တော်တို့အတော်များများသည် ထို နိုဝင်ဘာ ၁၉-ကို ဂမ်ဘီယာက မြန်မာအား တရားစွဲဆိုသောနေ့ဟု အမှတ်မှားလျှက်ရှိပါသည်။ ထို့ကြောင့် ဝီလျှံရှားဘက်စ်က မြန်မာ၏ ရှေ့နေအဖြစ်တာဝန်ယူမည်ဟု သတင်းထွက်ပေါ်လာသောအခါ ( ၂ ) ရက်တည်းနှင့် ဘယ်လိုရှေ့နေငှားလဲ မေးခွန်းထုတ်ကြလေကုန်၏။

အမှန်တော့ ၎င်းမှာ စတင်စစ်ဆေးမည့် ရုံးချိန်းရက် သတ်မှတ်ခြင်းဖြစ်ပြီး ဂမ်ဘီယာက မြန်မာအား တရားစွဲဆိုကြောင်း ICJ က မြန်မာအား ၁-လကျော်မျှ စောကာ အကြောင်းကြားခဲ့ပြီးုဖြစ်သည်။ ၎င်းအတွက် မည်သို့ ရှေ့နေငှားခဲ့ကြောင်း အမှုတွက် ဝိုင်းဝန်းကူညီပေးခဲ့သူ မြန်မာလူမျိုး ကုလသမဂ္ဂလက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ်( ငြိမ်း ) နှင့် 7 Day မီဒီယာတို့ အင်တာဗျူးရုပ်သံ( ဒီ-၁၅၊ ၂၀၁၉ ) ၌ ရှင်းလင်းစွာ တွေ့ရပါသည်။

ICJ အမှု့ ပထမဆုံးအကြိမ် စတင်စစ်ဆေးသည့်နေ့မတိုင်မီမှာပင် ပါမောက္ခ ဝီလျှံရှားဘက်စ်နှင့် ပတ်သက်၍ ပြည်ပမီဒီယာများနှင့် နိုင်ငံတကာအဖွဲ့အစည်းအမျိုးမျိုတို့က ရှုတ်ချရေးသားကြသည်က အများစုဖြစ်သည်။

ယခုအခါ ပထမရုံးချိန်းပြီးဆုံး၍ ICJ ၏ ၄-လပြည့် Provisional Measure ယာယီကြားဖြတ်ဆောင်ရွက်ရန်အမိန့်အတိုင်း မြန်မာက အစီရင်ခံစာ တင်သွင်းရန် နီးကပ်လာပါပြီ၊ ထိုအခါ အမှု့မှ ဝီလျှံရှားဘက်စ်နှုတ်ထွက် သွားစေရန်သာမက ရှေ့နေကြီးအပေါ် ရှုတ်ချ-ပုတ်ခတ်ခြင်းများ တဖန်ပြန်လည် အသက်ဝင်လာကြောင်း တွေ့ရှိရပါသည်။

၎င်းတို့တွင် ယနေ့ ဘင်္ဂလားအခြေစိုက် Dhaka Tribune ၏ Myanmar lawyer details crimes against Rohingyas in 2013 interview ခေါင်းစဉ်ပါ ဆောင်းပါးကလည်း အကျုံးဝင်လျှက်ရှိသည်ဟူဆိုရပါမည်။

၎င်းဆောင်းပါးတွင် မြန်မာဘက် ရှေ့နေ ဝီလျှံရှားဘက်စ်သည် မြန်မာက ဂျီနိုဆိုက်ကြောင်း တိတိကျကျ သိထားပါလျှက် ရှေ့နေလိုက်ကြောင်း Fortify Rights က စွပ်စွဲထားသည့် ယမန်နေ့ သောကြာနေ့ထုတ် ၂၀၁၃-ခုနှစ် ဗွီဒီယိုဖိုင်တခုကို ဖေ်ာပြထားသည်။

#တိုတိုဆိုရလျှင်ဝီလျှံရှားဘက်စ်မြန်မာဘက်မှရှေ့နေလိုက်ခြင်းကိုမလိုမုန်းထားဖြစ်လျှက်ရှိသည်။ #မြန်မာနှင့်ဝီလျှံရှားဘက်စ်ခွာပြဲစေလိုသည်။

#ပြည်တွင်းပြည်ပမီဒီယာတွင်တစ်မိုးလုံးဖျောက်ဆိပ်လုပ်ကာအသာစီးယူထားယုံမက #ကျွန်တော်အားကူညီသူမဲ့ ဖြစ်စေလိုသည်။ #အားကိုးရာမရှိအညံ့ခံ ဒူးထောက်စေလိုသည်။ လူမျိုးတုနာမည်ကို နေ့စဉ်တဖွဖွရွတ်ရင်း လူသိများ တွင်ကျယ်စေသည်။

ကမ္ဘာကြီးတွင် နိုင်ငံတကာတရားဥပဒေရေး- ဂျီနိုဆိုက်မှု့ခင်းများနှင့်ပတ်သက်လျှင် စာတွေ့လက်တွေ့ နိုင်ငံတကာ တရားခွင် အတွေ့အကြုံရှိသူ ထိပ်တန်းဥပဒေပညာရှင် ၁၀ ယောက်ကျော်မျှသာရှိသည်။ ၎င်းတို့အနက် အတော်များများမှာ OIC အရိပ်အာဝါသ၌ ခိုမှီးလျှက်ရှိပြီဟု ယုံကြည်ရသဖြင့် မြန်မာဘက်၍ ဝီလျှံရှားဘက်စ်တို့လောက်သာ ငေါင်းစင်းစင်းကြီးကျန်ရစ်နေသည်။


သူတို့တွေ ဆညင်ကပ်လောက်အောင်လည်း ဝီလျှံရှားဘက်စ်မှာလည်း ကဝိတစ်ဆူ အမှန်ဖြစ်၏။ နိုင်ငံတကာတရားဥပဒေရေး- ဂျီနိုဆိုက်မှု့ခင်းများနှင့်ပတ်သက်လျှင် ဆရာကြီးအဆင့်ရှိသမို့ ဒင်းတို့သာမက ဒင်းတို့ ပေးစာ ကမ်းစာစား ဒူးမနာသားများပါ မျက်ခုံးလှုပ်ကြခြင်းဖြစ်လေသည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, OungMarine

#ပါမောက္ခဝီလျှံရှားဘက်စ် #နိုင်ငံတကာတရားခုံရုံး #FortifyRights

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ စွဲဆိုထားသော အမှုတွင် မြန်မာဘက်မှ…

Posted by Kumudra on Thursday, 5 March 2020

https://www.un.org/en/genocideprevention/genocide-convention.shtml

https://www.icj-cij.org/en/case/91/judgments

https://www.icj-cij.org/en

https://www.bbc.com/news/world-asia-38223055

https://edition.cnn.com/2019/11/20/asia/aung-san-suu-kyi-rohingya-icj-intl/index.html

https://www.aljazeera.com/news/2019/11/suu-kyi-defend-myanmar-genocide-accusation-court-191120161555257.html

https://www.theguardian.com/world/2019/nov/20/aung-san-suu-kyi-to-defend-myanmar-against-genocide-charge-at-the-hague

https://www.straitstimes.com/asia/se-asia/world-court-to-rule-on-emergency-measures-in-myanmar-genocide-case-on-jan-23-gambia?fbclid=IwAR2v0Od4Nv9qKvAaIOyg2-DLft-KWRcQIm0dr5JD081yGBRIlpMKF1sinAw

0

Leave a Reply

Your email address will not be published.