ICJ နှင့် ဇကောလောက်မှ ဇောက်မနက်၊ ယုတ်မာ ပက်စက်တဲ့ ” ငို့ဘ” သမားများ

တစ်ကမ္ဘ္ဘာလုံး သိရှိပြီးဖြစ်သည့်အတိုင်း မြန်မာနိုင်ငံသည် ဒီဇင်ဘာ ၁၀- ၁၁- ၁၂ ရက်နေ့များတွင် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ ICJ နိုင်ငံတကာတရားခုံရုံး၌ ဂမ်ဘီယာ၏ ဂျီနိုဆိုက်စွပ်စွဲချက်ကို ခုခံဖြေရှင်းခဲ့သည်။
၎င်းကို သမိုင်းဝင်ထူးခြားဖြစ်စဉ်တစ်ရပ်ဟု သတ်မှတ်ကြပါသည်။ ထို့ပြင် သာမန် ရာဇဝတ်မှ့ု- တရားမမှု့-အချေ အတင် အငြင်းပွားမှု့မျိုးလည်းမဟုတ်ပါ။ ပြစ်မှု့-တရားမမှုတို့တွင် ကျွမ်းကျင်နိုင်နင်းသဖြင့် ရှေ့နေပညာဖြင့် ထင်ရှားသူတိုင်းလည်း နိုင်ငံတကာတရားဥပဒေပညာရှင်မဖြစ်နိုင်ပါ။ အထူးသဖြင့် Genocide ဆိုသည်တွင် အဓိပ္ပါယ်ဆိုချက်၊ အကျုံးဝင်ခြင်း၊ ကင်းလွတ်ခြင်း၊ စီရင်ထုံးများစသည့် ဥပဒေပညာရပ်ပိုင်းဆိုင်ရာ အများအပြားပါဝင်ပြီး ရှုတ်ထွေး-နက်နဲသည့် သီးခြားဘာသာရပ်ဖြစ်ပါသည်။ Genocide နှင့် ပတ်သက်၍ အသိဆုံး- အတတ်ဆုံးဟုဆိုနိုင်သည့်ပုဂ္ဂိုလ် ၁၀-ဦးကျော်မျှသာရှိသည်ဟု မှတ်သားရပြီး ယခု ဂမ်ဘီယာနှင့် မြန်မာအမှု့တွင် နှစ်ဘက် အသီးသီး ဥပဒေကြောင်းအရ လိုက်ပါအကျိုးဆောင်လျှက်ရှိပါသည်။
ကျွန်တော်တို့ သာမန်ရပ်ကွက်ထဲ အိမ်နီးချင်းရန်ဖြစ်၍ ရုံးရောက်-ဂါတ်ရောက်ရသည့်အခါ ရှေ့နေငှားကြရသည်။ “ငါတို့ဖက်က ရှေ့နေက ဒီလို ထောင်းထည့်လိုက်တာ၊ သက်သေက တရားသူကြီးရှေ့ ဒီလိုပြောရင် အမှု့ရှုံးမှာ သေချာတယ်..” စသည်ဖြင့် ဝေဖန်ပြောဆိုလေ့ရှိခြင်းမှာ ဖြစ်မြဲသဘာဝပင်ဖြစ်သည်။ “ ငွေပေးခေါ်တဲ့ သက်သေအတုပါလာတယ်၊ တရားသူကြီးလာဘ်စားတယ်၊ ဒီဘက်က ရှေ့နေနဲ့ ဟိုဘက်က ရှေ့နေ ပေါင်းပြီး ပိုက်ဆံများများ ထွက်မဲ့အမှု့သည်ဖက်က ဂွင်ဖန်တယ် ..” ဆိုသည်မှာ ကျွန်တော့်ဆီတွင် နားမဆန့်အောင် ကြားရပါသည်။
သို့သော် တစ်ကမ္ဘ္ဘာလုံးက အာရုံစိုက်လျှက်ရှိသည့် နိုင်ငံတကာအငြင်းပွားမှုမျိုးတွင် ထိုသို့သော ရှေ့နေနှင့် တရားသူကြီးမျိုး မပါတန်ကောင်းချေ။ ထိုပြင် စွဲဆို-ခုခံ လျှောက်လဲချက်ပေးရာ၌ အဆင့်လိုက် ကဏ္ဍအလိုက် တစ်ခုချင်း ဆောင်ရွက်ရဖွယ်ရှိပါသည်။ ထို့ကြောင့် ဟိုဟာထည့်မပြောတော့ သွားပါပြီတစ်သက်လုံးဟု မှတ်ယူရန် မသင့်ပါ။
ICJ တရားကြားနာခြင်းကို တိုက်ရိုက် ရုပ်သံလွှင့်ထုတ်ခဲ့သဖြင့် နှစ်ဘက်စလုံး၏ လျှောက်လဲချက်ကို အစအဆုံး နားဆင်ကြည့်ရှု့ခဲ့သူများရှိပါသည်။ မြန်မာဘာသာ နောက်ခံပြောလျှက် တစ်ဆင့်ပြန်လည်လွှင့်သော မီဒီယာများ ရှိခဲ့ပြီး နောက်ပိုင်းတွင်မြန်မာဘာသာစာတန်းထိုးလျှက် ပြန်လည်လွှင့်ထုတ်သည်ကိုလည်း တွေ့ရှိရပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာဘက်ရှေ့နေကြီးများမည်သို့ လျှောက်လဲသည်ကို အသေးစိတ်သိရှိရန် မခဲယဉ်းပါ။
မြန်မာနိုင်ငံသည် အနောက်မြောက်ဖျား၌ ဘာသာခြားများအားညှင်းပန်းနှိပ်စက် အနိုင်ကျင့်သည်ဟု စွပ်စွဲခံခဲ့သည်မှာ ဆယ်စုနှစ်မျှ ရှိခဲ့ပါသည်။ ဘာသာရေးခွဲခြားဆက်ဆံ- လူ့အခွင့်အရေးချိုးဖောက်ခံရသဖြင့် ရခိုင်မြောက်ဖျားမှ ထွက်ပြေးလာရပါသည်ဟု ဒုက္ခသည်အဖြစ် ခံယူသူများ ကမ္ဘ္ဘာ့နိုင်ငံအနှံ့တွင် သန်းချီ ရောက်ရှိနေကြသည်။ ထောင်နှင့်ချီသော လှေစီးပြေးများကြောင့် တစ်ကမ္ဘ္ဘာလုံး၌ စုတ်တစ်သပ်သပ်ဖြစ်ခဲ့ရသည်။
ယခုနောက်ပိုင်းတွင် လူမျိုးတစ်မျိုးအမည်တပ်လျှက် အခေါ်ခံသူများဖြစ်လာပြီး ၎င်းတို့အပေါ် လူမျိုးသုဉ်းပြု- လူမျိုးသုတ်သင်ပါသည်ဟု စွပ်စွဲကာ နိုင်ငံတကာ တရားရုံးတွင် ဖြေရှင်းရသည့်အဆင့်ရောက်နေပါပြီ။
ယခု ICJ အမှု့တွင် မြန်မာဘက်ခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်လိုက်ပါသွားခြင်းမှာ ICJ ၏ တရားစီရင်ရေး လမ်းကြောင်းကို ပြောင်းလဲစေမည်မဟုတ်ပါ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘ္ဘာက သိပြီး ရင်းနှီးပြီးဖြစ်ရာ “ မြန်မာအပေါ်ဂျီနိုဆိုက်စွပ်စွဲချက်တို့မှာ အချက်အလက်မပြည့်မစုံနှင့် လိုရာဆွဲ၊ နားလည်လွဲမှားစေသော သတင်းများအပေါ် အခြေခံစွပ်စွဲခြင်းသာဖြစ်သည်။ မြန်မာနိုင်ငံတွင် ဂျီနိုဆိုက် မဖြစ်-မရှိ “ ဟု ဒေါ်အောင်ဆန်းစုကြည်၏ လျှောက်လဲချက်မှာ နိုင်ငံတကာသို့ ဂယက်များစွာ ရိုက်ခတ်လျှက်ရှိသည်။ ထောက်ခံ-ကန့်ကွက်အပြင် မြန်မာအပေါ် ယခင် အမြင်-အထင်တို့အား ပြန်လည်သုံးသပ်မှု့များ ဖြစ်ပေါ်လာစေခဲ့သည်မှာ အမှန်ဖြစ်သည်။
ထို့ပြင် ရွေးကောက်ပွဲနီးပြီဖြစ်သော မြန်မာနိုင်ငံတွင် NLD ကို ထောက်ခံသူ တိုးပွားလာဖွယ်ရှိပါသည်။
ကျွန်တော်တစ်ဦး တစ်ယောက်တည်းအနေဖြင့် NLD ပါတီအပေါ် ထောက်ခံသူ များခြင်း-နည်းခြင်းကို စိတ်မဝင်စား၊ ကျွန်တော့်အပူ မဟုတ်ပါ။ နိုင်ငံတော်အပေါ် ဖိအားလျှော့ပါး၍ ဂျီနိုဆိုက် ရက်စက်ယုတ်မာသူများအဖြစ် စွပ်စွဲခံရခြင်းမှ တရားနည်းလမ်းတကျ လွတ်မြောက်ရေးကိုသာ စိတ်ဝင်စားသည်။ ပူပန်သည်။
ICJ အမှု့တွင် ဂမ်ဘီယာဘက်၌ တရားရေးဝန်ကြီးက ဦးဆောင်ပြီး မြန်မာဘက်တွင် နိုင်ငံခြားရေးဝန်ကြီးက ဦးဆောင်သည်ဟု သတင်းဖော်ပြသည်ကို တွေ့ရသည်။ ထိုအမှု့သည် ဂမ်ဘီယာနှင် မြန်မာနိုင်ငံအမှု့ဖြစ်ပြီး NLD ပါတီ- လက်ရှိအစိုးရနှင့် မြန်မာ့တပ်မတော်တို့အပေါ် တရားစွဲဆိုခြင်း မဟုတ်ပါ။
ICJ ရောက် အလားတူ ဂျီနိုဆိုက်စွပ်စွဲမှုကို ယူဂိုဆလားဗီးယားနိုင်ငံဟောင်းအမှု့တွင် တွေ့ရသည်။ စောစောပိုင်း ၁၉၉၉-ခုနှစ် ခရိုအေးရှားနှင့် ယူဂိုဆလားဗီးယားနိုင်ငံဟောင်းအမှုဖြစ်သည်။ အပြန်အလှန်စွဲဆိုမှု့ဖြစ်၍ နောက်ပိုင်း နိုင်ငံအမည်ပြောင်းလဲသဖြင့် ဘော့စနီးယား-ဟာဇီဂိုဗီးနား နှင့် ဆားဗီးယားအမှု့ဖြစ်သွားပြီး အစိုးရအဖွဲ့အဆက်ဆက် ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ ထို့ကြောင့် ICJ ရောက်အမှု့မှာ မြန်မာနိုင်ငံသား သားစဉ် မြေးဆက်တို့အပေါ် တရားစွဲဆိုခြင်းဖြစ်ကြောင်း ထင်ရှားနေပါသည်။
အကယ်၍ ယနေ့တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့သည် ဖက်ဒရယ်မြန်မာနိုင်ငံဖြစ်လာပြီး မြန်မာ့တပ်မတော်၏ အစိတ်အပိုင်းတွင် ပါဝင်နေပါက သူတို့လည်း တရားစွဲခံရသည့်အထဲ ပါဝင်နေမည်။ အလားတူ အစိုးရအဖွဲ့ထဲပါလျှင်လည်း ဆက်လက်ရင် ဆိုင်ရမည်သာဖြစ်သည်။
ပြည်တွင်း-ပြည်ပ သဘောကွဲနေချိန်တွင် ICJ ၌ မြန်မာနိုင်ငံကိုယ်စား မည်သူမည်ဝါတို့ တရားနည်းလမ်းတကျ ခုခံသည်ဖြစ်စေ ကျွန်တော်ထောက်ခံသည်။
သို့သော် ထိုသို့လက်မခံနိုင်သူများရှိနေသည်ကို စက်ဆုတ်ရွံ့ရှာဖွယ်တွေ့နေရသည်။ သားစဉ်မြေးဆက် ဂျီနိုဆိုက်စွပ်စွဲခံရသည်က အရေးမကြီး ရွေးကောက်ပွဲနီးမှ NLD မျက်နှာကောင်းရသည်ကို မနှစ်မြို့နိုင်ပါ။ ICJ ရောက် မြန်မာနိုင်ငံထွက်ဆိုချက်ကို ပုံဖျက်ရန်ကြိုးစားသည်။ ICJ ၌ ကြားနာပြီးစီး၍ နှစ်ဖက်ရှေ့နေကြီးများ ကိုယ့်အိမ်ကိုယ်ပြန် မိန်းမနှင့် ဖက်အိပ်နေချိန်ရောက်မှ NLD အစိုးရက ၂-ရက်တည်းနှင့် ရှေ့နေငှားသလား မေးခွန်းထုတ်နေကြသည်။
မြန်မာဘာသာဖြင့် ဝေဖန်ပြောဆိုသော နိုင်ငံတကာဥပေဒပညာရှင် ဒေါက်တာမြင့်ဇံ၊ ဒေါက်တာဆလိုင်း ငွန်ကျုံးလျံတို့ ဘာပြောနေသည်ကိုပင် လုံး၀ နားမထောင်ခဲ့ဖူးသူများက ဒီလူမျိုးနာမည်ကို ထည့်သုံး၍ အမှု့နစ်နာပါပြီဟု ရင်ထုမနာ ဖြစ်နေကြသည်။ ထိုထက်ပို၍ မီဒီယာစာမျက်နှာအတုတွင် မြန်မာ့တပ်မတော်ကို ခုတုံးလုပ်ကာ အာဏာသိမ်းတော့မယောင် ပက်စက်ယုတ်မာစွာ သတင်းလွှင့်တင်လျှက်ရှိသည်။ ICJ တွင် သစ္စာ ဖောက်ခံရပါပြီဟု ပေါက်ကွဲပြနေကြပါသတည်း။
လိုရင်းပြောပါမည် အဲဒီလို ဇကောလောက်မှ ဇောက်မနက်၊ ယုတ်မာ ပက်စက်သည့် ” ငို့ဘသမား” များကို တိုင်းပြည်နှင့် လူမျိုးမျက်နှာမကြည့်သူများအဖြစ် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်။
အစဉ်လေးစားစွာဖြင့်#HtayOung, #OungMarine
https://www.icj-cij.org/https://www.cambridge.org/core/journals/leiden-journal-of-international-law/article/bosnia-v-serbia-lessons-from-the-encounter-of-the-international-court-of-justice-with-the-international-criminal-tribunal-for-the-former-yugoslavia/5F4C7CC2971CA8B729E078E0C58EC30B

0

Leave a Reply

Your email address will not be published.