Lockdown တားဆီးပိတ်ဆို့ခြင်း တံခါးကို “ T “ ၃-လုံးဖြစ်သော သော့ ၃- ချောင်းဖြင့်သာ ဖွင့်လှစ်နိုင်သည်


ယခုအခါ မြန်မာနှင့် နိုင်ငံတကာတွင် “ Covid-19 ကူးစက်ကပ်ရောဂါ” ကို ကြုံတွေ့ရင်ဆိုင်ရလျှက်ရှိပါသည်။ နိုင်ငံနှင့် နယ်မြေပေါင်း ၂၁၀ ခန့်တို့တွင် SARS-Cov-2 ကိုရိုနာဗိုင်းရပ်စ်စွဲကပ်ခြင်း ၃-သန်းနီးပါး ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁-သန်း ၉-သိန်းနီးပါးကို ဆေးဝါးကုသပေးနေရသည်။  

 
လူ ၂-သိန်းကျော် အသက်ဆုံးရှုံးခဲ့ရပြီး၊ ဆေးဝါးကုသမှုခံယူလျှက်ရှိသူများအနက် ၅-သောင်း ၈-ထောင်နီးပါးမှာ အသက်ဘေးစိုးရိမ်ရသည်။ ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံကြီးများပင်လျှင် ကပ်ရောဂါဆိုးအား ကာကွယ်-ထိန်းချုပ်-ကုသ ရန် နိုင်ငံ့အရင်းအမြစ် ငွေကြေးအမြောက်အများကို ထုတ်နှုတ်သုံးစွဲနေရသည်။ ဆေးဘက်ဆိုင်ရာပညာရှင်နှင့် ဆေးရုံ-ဆေးဝါး အထောက်အကူကိရိယာ မလုံလောက်ခြင်းများ ခံစားရလျှက်ရှိရာ ဆင်းရဲသော ဖွံ့ဖြိုးဆဲနိုင်ငံ များရှေ့ရေးမှာ မတွေးရဲစရာပင်ဖြစ်သည်။   


ကပ်ဆိုးသဖွယ် ကူးစက်လျှက်ရှိသော ဗိုင်းရပ်စ်ပျံ့နှံ့ခြင်းများကို ကာကွယ်ထိန်းချုပ်ရာတွင် မြို့-ရွာ-ရပ်ကွက်- ဟိုတယ်- စက်ရုံအလုပ်ရုံများအား Lockdown ခေါ် တားဆီးကန့်သတ်ခြင်းများကို မဖြစ်မနေဆောင် ရွက်ကြရသည်။ ဤတွင် မလိုလားအပ်သော နစ်နာဆုံးရှုံးမှုများဒါဏ်ကိုလည်း နောက်ဆက်တွဲခံစားရပါသည်။ 


ယခုအခါ Lockdown ချထားခြင်းကို မြို့ရွာ-ဒေသ အစိတ်အပိုင်းလိုက် ပယ်ဖျက်နိုင်သော နိုင်ငံများ ရှိလာပြီဖြစ် သည်။ ၎င်းတို့၏ အတွေ့အကြုံအရ ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းအား ဖိစီးနှိပ်စက်လျှက်ရှိသည့် Lockdown တားဆီးပိတ်ဆို့ခြင်းတည်းဟူသော တံခါးကို သော့ ၃- ချောင်းဖြင့်စုံညီဖြင့်သာ ဖွင့်လှစ်နိုင်သည်ဟု ဆိုကြ ပါသည်။ အတိုကောက် ( T ) သုံးလုံးဟု သင်္ကေတပြုထားသည်။ 


♦ Contact Tracing ရောဂါအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား ခြေရာခံဖော်ထုတ်ခြင်း။ ဤတွင် အဆိုပါ အနီးကပ်ထိတွေ့ခဲ့သူများမှာ ပြစ်မှု့ကြီးများ ကျူးလွန်ခဲ့သည့် ရာဇဝတ်သားများမဟုတ်ပါ။ လူ့ဂုဏ်-သိက္ခာနှင့် ဥပဒေအရ ရှု့မြင်သင့်ပါသည်။ ၎င်းတို့တွင် ရောဂါပိုး မရှိပဲလည်းဖြစ်နိုင်ပါသည်။ 
♦ Testing စမ်းသပ်စစ်ဆေးခြင်းများကို တတ်နိုင်သရွေ့ အရေအတွက် အများဆုံးနှင့် အမြန်ဆုံး ဆောင်ရွက်ခြင်း 


♦ Treatment ဆေးဝါးကုသပေးခြင်းတို့ဖြစ်သည်။   


မည်သည့်ရောဂါ/လူနာမဆို စောစောတွေ့- စောစောသိ- စောစောကုသလျှင် ပျောက်ကင်းချမ်းသာရန် အခွင့်အလမ်း ပိုများသည်။ နောက်ကျလေလေ ရောဂါပိုးသယ်ဆောင်ဖြန့်ဖြူးနိုင်လေ- ကုသရန် ရှုတ်ထွေး ခက်ခဲလေဖြစ်ပါသည်။ 


သော့ ၃- ချောင်းနှင့်တူသော T သုံးလုံးကို ဟန်ချက်ညီညီ တစ်ပြိုင်နက်တည်း ဆောင်ရွက်ကြရန်ဖြစ်ပါသဖြင့် တစ်ဦး- တစ်ယောက်မှစတင်ကာ တစ်ဖွဲ့ချင်း တစ်မြို့- တစ်ပြည်နယ်အချင်းချင်း နားလည်စွာ ပူးပေါင်းကူညီကြ ရန် လိုအပ်ပါသည်။ 

အစဉ်လေးစားစွာဖြင့် 


#HtayOung, #OungMarine 

https://www.dhakatribune.com/health/coronavirus/2020/04/25/coronavirus-contact-tracing-testing-treatment-keys-to-ease-lockdown

https://gisanddata.maps.arcgis.com/apps/opsdashboard/index.html?fbclid=IwAR0tOhUl59T4ql89uyu8fgwqjI3F4AOGGL5U8M_s5RQurA0mqtzgoGJlcVE#/bda7594740fd40299423467b48e9ecf6

https://www.worldometers.info/coronavirus/

0

Leave a Reply

Your email address will not be published.