Lockdowns တားဆီးပိတ်ဆို့ခြင်းနှင့် ကျောင်းများပိတ်ခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါထက် ကလေးငယ်များကို ပိုမိုသေဆုံးစေနိုင်ကြောင်း ကုလအရာရှိများ အသစ်တွေ့ရှိ။ စီးပွားရေးကျဆင်း၍ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်။ ပိတ်မလား- ဖွင့်မလား လမ်းဆုံလမ်းခွသို့ ရောက်ရှိ

Lockdowns တားဆီးပိတ်ဆို့ခြင်းနှင့် ကျောင်းများပိတ်ခြင်းသည် အမှန်တကယ် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါထက် ကလေးသူငယ်များတွင် ပိုမိုအန္တရာယ်ဖြစ်စေကြောင်း WHO အပါအဝင် ကုလသမဂ္ဂအေဂျင်စီများ၏ လေ့လာတွေ့ရှိမှုအသစ်မှာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးထောက်ခံသူတို့အတွက် အမှတ်မထင် အားတက်ဖွယ် ဖြစ်လာခဲ့သည်ဟု Russia Today က ယနေ့ရေးသားသည်။ 

  
တနင်္လာနေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO ညွှန်ကြားရေးမှူး ၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) အကြီးအကဲ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ညွှန်ကြားရေးမှူးတို့ ပူးတွဲကျင်းပသော “ကပ်ရောဂါအကြပ်အတည်းအတွက် ရံပုံငွေ ပိုမိုရှာဖွေရေး” ဆွေးနွေးပွဲ၌ UNICEF ယူနီဆက်ဖ်ဒါရိုက်တာ ဟင်နရီယာတာ အိတ်ချ်ဖိုးက မိန့်ခွန်းပြောကြားသည်။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တားဆီးရေး မဟာဗျူဟာများဖြစ်သည့် physical distancing ရုပ်ပိုင်းဆိုင်ရာ ဝေးကွာစေခြင်း၊ ကျောင်းများပိတ်ရကြောင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှောင့်နှေးခြင်း၊ နိုင်ငံအတွင်း Lockdowns တားဆီးပိတ်ဆို့ခြင်းများသည် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကလေးငယ်များအား အဟာရချို့တဲ့စေကြောင်း ထောက်ပြသွားသည်ဟု Lancet ဆေးသိပ္ပံဂျာနယ်က ဖော်ပြသည်။ 


ကုလသမဂ္ဂ ခန့်မှန်းထားသည့် ကပ်ရောဂါကာလ “ ပိန်လှီ “ကလေးငယ် ၄၇ သန်းတွင် ပြင်းထန်အဟာရချို့တဲ့သည့် ကလေးအရေအတွက် ၆.၇- သန်း ထပ်တိုးလာမည်ဖြစ်ကြောင်း၊ ထိုအတွက် လစဉ် ထပ်မံ သေဆုံးမှု ၁၀,၀၀၀ ကျော် သို့မဟုတ် နောက်ထပ် ၁၂ လတာကာလအတွင်း ၁၂၈,၀၀၀ အထိ ပိုမိုသေဆုံးစေနိုင်သည်ဟု ကုလအရာရှိများက ပြောကြားသည်။

  
ယခု ခန့်မှန်းချက်များမှာ Lancet မှထုတ်ဝေသော ဝါရှင်တန်အခြေစိုက်အပြည်ပြည်ဆိုင်ရာစားနပ်ရိက္ခာ မူဝါရေးရာသုတေသနဌာန (IFPRI) နှင့် Johns Hopkins Bloomberg တက္ကသိုလ် ပြည်သူ့ကျန်းမာရေးဋ္ဌာနအပါအဝင် သိပ္ပံဆိုင်ရာသုတေသနဌာနအများအပြားမှ ပညာရှင်များ၏ လေ့လာမှု စာတမ်းအပေါ်အခြေခံကြောင်း သိရှိရသည်။ 

  
ဝင်ငွေနိမ့်နှင့် အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံပေါင်း ၁၁၈ နိုင်ငံကိုလေ့လာပြီးနောက် Covid-19 ကြောင့် ဖြစ်ပေါ်လာသော ကွင်းဆက် ပြတ်တောက်မှု ရလာဒ်များသည် သန်းနှင့်ချီသောမိသားစုများကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း သုတေသီများကသတိပေးပြောကြားခဲ့သည်။ ၎င်းတို့အနက် ထိခိုက်ခံစားရသူ ၅-ဦးတွင် ၄- ဦး မှာ တောင်အာရှနှင့်ဆာဟာရတောင်ပိုင်းဒေသများတွင်နေထိုင်သူ အသက် ၅-နှစ်အောက် ကလေးငယ်အများဆုံး ဖြစ်နိုင်ကြောင်း သိရှိရသည်။ 


Lockdowns တားဆီးပိတ်ဆို့ခြင်းများ၊ ပယ်ရှားခြင်းနှင့် ကူးစက်ရောဂါလျှော့ချရေး အခြားအစီအမံများသည်“ ပညာရေးအပေါ် ရေရှည်အကျိုးသက်ရောက်မှု၊ နာတာရှည်ရောဂါများနှင့် လူ့အသိုင်းအဝိုင်း လွှမ်းခြုံစုဖွဲ့ခြင်း” တို့ကဲ့သို့ ကလေးငယ်များ၏ ဖွ့ွံဖြိုး/တိုးတက်မှုနှင့် မျိုးဆက်အကျိုးဆက် ရလာဒ်များကို ဖြစ်ပေါ်စေနိုင်သည်။

  
ယခု အကျပ်အတည်းကာလမှာ မည်မျှကြာရှည်မည်ကို အတိအကျ မသိနိုင်သောကြောင့် စားနပ်ရိက္ခာလိုအပ်ချက်၊ ကျန်းမာရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များအား အမှန်တကယ် ခန့်မှန်းရန် ခက်ခဲလျှက်ရှိကြောင်း လေ့လာတွေ့ရှိချက်၌ သတိပေးထားသည်။ 

  
Lockdowns တားဆီး ပိတ်ဆို့မှုများ ဆက်လက်ရှိနေခြင်းသည် ဆင်းရဲသောနိုင်ငံများ၌ သေရေး-ရှင်ရေး ပြဿနာဖြစ်နေချိန်တွင် ချမ်းသာသည့်နိုင်ငံများကမူ နိုင်ငံရေးရှု့ဒေါင့်မှနေ၍ ဆက်လက်ငြင်းခုန်နေဆဲဖြစ်သည်။ 


ဥပမာအားဖြင့် အမေရိကန်နိုင်ငံတွင် သမ္မတဒေါ်နယ်ထရမ့်၏ ရီပတ်ဘလီကန်အစိုးရက တိုးတက်လာနေသော ဆေးဝါးသုတေသနလုပ်ငန်းများကို ညွှန်ပြကာ ကလေးများအတွက် Covid-19 သည် ရာသီတုပ်ကွေးထက် အဆပေါင်းများစွာ အန္တရာယ်နည်းပါးသည်၊ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုက ပိုဆိုးသည်ဟု ဆိုကာ ကျောင်းများပြန်လည်ဖွင့်လှစ်ရန် တွန်းအားပေးနေသည်။ 

  
သို့သော်အတိုက်အခံဒီမိုကရက်များကမူ ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းဖြင့် ၎င်းတို့ အသိုင်းအဝိုင်းကို အန္တရာယ်ဖြစ်လိမ့်မည်ဟု အခိုင်အမာပြောဆိုသော ဆရာများသမဂ္ဂများ၏ နောက်ကွယ်၌ လက်သီးလက် မောင်းတန်းလျှက်ရှိသည်။ 


(( လူတစ်ဦး/တစ်ဖွဲ့/ နိုင်ငံတစ်နိုင်ငံသည် ထီးတည်းနေ၍ မရကြောင်း Covid-19 က ကောင်းစွာ လက်တွေ့ပြသ လိုက်ပြီဖြစ်ပါသည်။ 


Lockdowns တားဆီးပိတ်ဆို့ခြင်းများသည် ရေရှည်တွင် အလွှာအသီးသီး၌ စီးပွားရေးထိခိုက်မှု မလွဲမသွေ ဖြစ်ပေါ်သည်။ ထိုမျှမက စိတ်ပိုင်းဆိုင်ရာတွင်လည်း ထိခိုက်ပါသည်။ 

တားဆီးပိတ်ဆို့မှုကြာမြင့်လာသောအခါ မိမိကိုယ်မိမိသတ်သေခြင်း၊ စုန်းလိုလို သွေးစုတ်ဖုတ်ကောင်လိုလို ခပ်ဆန်းဆန်း သတင်းများလည်းတွေ့ရပြီး ကျင့်ဝတ်အရ ပြန်လည်ဖော်ပြရန် မသင့်ပါ၍ ချန်လှပ်ထားခဲ့ရသည်။ ထို့ကြောင့်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြင်းထန်နေလင့်ကစား နိုင်ငံအချို့တွင် တားဆီးပိတ်ဆို့မှုများ ဖြေလျှော့ခြင်း၊ အပန်းဖြေစခန်းများ ဖွင့်လှစ်ခြင်း၊ ပြည်တွင်းလေကြောင်း ခရီးစဉ်များ ပြန်လည်ပြေးဆွဲရန် စတင်နေကြပြီဖြစ်သည်။ 

  
၂၀၁၉-ခုနှစ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ Covid-19 သည် SARS-CoV-2 ဗိုင်းရပ်စ်အသစ်ကြောင့်ဖြစ်ကြောင်း အတိအကျသိရှိပြီး မရှေးမနှောင်းမှာပင် ကူးစက်ရောဂါဗေဒပညာရှင်များက ကြိုတင် ခန့်မှန်းခဲ့ကြပြီးဖြစ်သည်။ ဤရောဂါသည် တီဘီ၊ ငှက်ဖျား၊ ခုခံအား ကျဆင်းရောဂါစုတို့ကဲ့သို့ အချိန်ကာလတစ်ခုထိ အမြစ်ပြတ် ဖယ်ရှား နိုင်ခြင်းမရှိပဲ လူသားများအကြားတွင် ကာလအတော်ကြာ ကျင်လည် သတ်ဖြတ်နေမည့် ဗိုင်းရပ်စ်ဖြစ်သည် ဟူ၏။ 


နိုင်ငံ/မြို့- အသက်အရွယ်-ကျားမအလိုက် သေဆုံးရာခိုင်နှုန်း ကွဲပြားကြသော်လည်း ကူးစက်ခံရလျှင် သေဆုံးနှုန်း ၃.၄ % ( WHO, ၁၄-မေ၊ ၂၀၂၀ ) ဖြစ်ကြောင်း တွေ့ရသည်။ အဆိုပါ ပမာဏမှာ ရာသီတုတ်ကွေး ( ၁-ရာခိုင်နှုန်းထက်နည်း ) နှင့် ယှဉ်လျှင် များနေပြီး SARS ( ၁၁ ရာခိုင်နှုန်း ) ထက် သေဆုံးနှုန်း နည်းလွန်းသည်။ သု့ိသော် SARS ထက် ကူးစက်ရန် ပိုမိုလွယ်ကူသဖြင့် သည်အတိုင်း ငုတ်တုတ်ထိုင်ကြည့်နေလျှင် တကမ္ဘာလုံး၏ ၄၀ မှ ၇၀ ရာနှုန်းတွင် ကူးစက်ခံရမည်ဟု ခန့်မှန်းထားသည်။ 


သို့သော် နောက်အကျဆုံး လာမည့် နှစ်ဆန်းတွင် ကာကွယ်ဆေး တွင်ကျယ်စွာ အသုံးပြုနိုင်မည်ဖြစ်ပါ၍ ထိုအတောအတွင်း “ သဗ္ဗေ သတ္တာ ကမ္မသကာ “ ဖြစ်သည်။ လူ့သမိုင်းတွင် ဆန်းကျယ်သော ကပ်ရောဂါဆိုးကြီးများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သော်လည်း မသေပဲကျန်နေသူ များများရှိခဲ့၍သာ မိတ်ဆွေတို့ ကျွန်တော်တို့ ဒီစာကို ဖတ်နိုင်ခြင်းက သက်သေဖြစ်သည်။    ။ သတင်းဘာသာပြန်သူ )) 

#တားဆီးပိတ်ဆို့ခြင်းနှင့်_ကျောင်းများပိတ်ခြင်းသည်_ကိုရိုနာဗိုင်းရပ်စ်ရောဂါထက် ကလေးငယ်များကို ပိုမိုသေဆုံးစေနိုင်
((( Russia Today., 29 Jul, 2020, “Lockdowns and school closures may be killing MORE children than Covid-19, warn leading UN officials citing new study.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.rt.com/news/496482-study-covid-hunger-children-lancet/ 


https://www.worldometers.info/coronavirus/coronavirus-death-rate/ 

https://www.thelancet.com/journals/laninf/article/PIIS1473-3099(20)30484-9/fulltext 


https://www.ncbi.nlm.nih.gov/pmc/articles/PMC7169193/ 

0

Leave a Reply

Your email address will not be published.