PUBG Game စိတ်ဝင်စားလွန်ပြီး ရေနှင့် အဆိပ်ပုလင်းမှားယွင်းသောက်မိ၍ အိန္ဒိယဂိမ်းဝါသနာအိုးလူငယ် ပွဲချင်းပြီး သေဆုံး။ ၆-နာရီကြာတောက်လျှောက်ကစားပြီး လူသေဆုံးမှု့ဖြစ်ပေါ်

ဗွီဒီယိုဂိမ်းကစားပွဲတွင် စိတ်ရောက်နေသော လူငယ်တစ်ဦးသည် ရေပုလင်းနှင့် ဓါတုဆေးရည်ပုလင်းကို မှားယွင်းသောက်မိပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။

အိန္ဒိယနိုင်ငံ မက်ဒရာပရာဒေ့ရှ်ပြည်နယ် ဂွာလီဝါမြို့နေ ဆောရဘာယာဒေ့ဗ် ( ၂၀-နှစ် ) သည် အင်္ဂါနေ့တွင် ရတနာသန့်စင်လုပ်ငန်းလုပ်ကိုင်သူမိတ်ဆွေနှင့်အတူ မီးရထားစီးနင်းလျှက် ခရီးသွားခဲ့သည်ဆို၏။ ခရီးဆောင်အိတ်တစ်လုံးတည်းကို မိတ်ဆွေနှင်အတူ မျှဝေသုံးစွဲခဲ့သည်။ ခရီးတစ်လျှောက်လုံး၌ ယာဒေဗ့်သည် PUBG ဟု လူသိများသော နာမည်ကြီး Unknown’s Battlegrounds အွန်လိုင်းဗွီဒီယိုဂိမ်းပွဲကို ၎င်း၏ စမတ်ဖုန်းဖြင့် ကစားရင်း လိုက်ပါလာကြောင်း သိရှိရသည်။

ထိုသို့ စိတ်ပါဝင်စားစွာ ကစားနေရင်း ခရီးဆောင်အိတ်အတွင်းမှ ရတနာသန့်စင်ရာတွင် အသုံးပြုသော ဓါတုဆေးရည်ပုလင်းကို ရေပုလင်းအမှတ်နှင့် ဆွဲထုတ်ကာ မစစ်ဆေးပဲ သောက်လိုက်မိကြောင်း မီးရထား ရဲတပ်ဖွဲ့အကြီးအကဲက ပြောဆိုသည်။

ယာဒေဗ့်မှာ ချက်ချင်းအဆိပ်သင့်ကာ လဲကျသွားပြီး အနီးဆုံးဘူတာသို့ ရထားမဆိုက်ရောက်မီမှာပင် သေဆုံးသွားရခြင်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ ကုမ္ပဏီတစ်ခုမှ ထုတ်လုပ်ဖြန့်ချီသည့် PUBG Game သည် အထူးသဖြင့် ဆယ်ကျော်သက်လူငယ်လေးများအား အပြင်းအထန်စွဲလမ်းစေကြောင်း ပြောဆိုကြသည်။

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့်မတ်လ၌ အလားတူ ဂိမ်းကစားနေစဉ် လူငယ်တစ်ဦးမှာ ရေပုလင်းနှင့် အက်ဆစ်ပုလင်းကို မတော်တဆ သောက်ချမိခြင်း ဖြစ်ပေါ်ခဲ့သည်။ နောက် ၂-လအကြာ၌လည်း အသက် ၂၀ အရွယ် အိန္ဒိယကျောင်းသားလူငယ်လေးမှာ ၆-နာရီကြာ တောက်လျှောက် ဂိမ်းကစားပြီးနောက် နှလုံးထိခိုက်မှု့ ဝေဒနာခံစားရပြီး လဲကျ သေဆုံးသွားခဲ့သည်။ အဆိုပါလူငယ်လေးမှာ တစ်နေ့လျှင် ၁၈ -နာရီကြာ ဂိမ်းကစားလေ့ရှိသူဖြစ်ကြောင်း ၎င်း၏ အကိုဖြစ်သူက ပြောဆိုသည်။

အင်္ဂလန်နိုင်ငံတွင် တော်ဝင်မင်းသား ဟယ်ရီက လူငယ်များအကြားပြန့်နှံ့လျှက်ရှိသည့် ပါဝါရန်သူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရသော Fortnite ဗွီဒီယိုဂိမ်းကစားခြင်းမှာ စိတ်ကိုစွဲလမ်းစေပြီး အချိန်ဖြုန်းခြင်းသက်သက်ဖြစ်၍ ပိတ်ပင်သင့်ကြောင်း ရှုတ်ချဝေဖန်ခဲ့သည်။

ထိုသို့ပြောကာမှာ မြို့စားမင်းသားခမျာ Fortnite ၏ ဂိမ်းကစားနည်းတွင် ပါဝါရန်သူကြီးတစ်ဦးအဖြစ် ထည့်သွင်ခြင်းခံရပြီး ကစားသူဦးရေ သန်း ၂၅၀ အထိရောက်ရှိသွားသောဟူ၏။

((( Russia Today., 12 Dec, 2019,” Indian gamer dies after mistaking TOXIC CHEMICAL for a WATER bottle while playing PUBG.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ ))

https://www.rt.com/news/475653-india-pubg-videogame-death/

https://www.rt.com/uk/455584-prince-harry-fortnite-ban/

#PUGBGame #အိန္ဒိယဂိမ်းလူငယ်သေဆုံး

0

Leave a Reply

Your email address will not be published.