Twitter အနေဖြင့် အစိုးရ၏ ပိတ်သိမ်းထားခြင်းမှ ရုတ်သိမ်းစေလိုလျှင် ပြည်တွင်းကုမ္ပဏီအဖြစ် မှတ်ပုံတင်ရမည်ဟု နိုင်ဂျီးရီးယား ပြန်ကြားရေးဝန်ကြီးပြောဆို။ ခွဲထွက်ရေးသမားများ အကြမ်းဖက်ကြစေရန် Twitter သည် ပလက်ဖောင်းဖြစ်နေ၊ ကန့်ကွက်ဆန္ဒပြသူများကို ငွေကြေးထောက်ပံ့ဟု စွပ်စွဲ


Twitter အနေဖြင့် ၎င်း၏ ဝဘ်ဆိုက်အား အစိုးရက ပိတ်သိမ်းထားခြင်းမှ လွတ်မြောက်၍ ကုမ္ပဏီလုပ်ငန်းများ ပြန်လည်စတင်လိုပါလျှင် ပြည်တွင်းအဖွဲ့အစည်းတစ်ခုအဖြစ် မှတ်ပုံတင်ပြီး လိုင်စင်ယူရလိမ့်မည်ဖြစ်ကြောင်း နိုင်ဂျီးရီးယား ပြန်ကြားရေးဝန်ကြီး လိုင်မိုဟာမက်က ပြောဆိုသည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။

နိုင်ငံတစ်ဝှန်းလုံးရှိ လူထုဆက်သွယ်ရေးကုမ္ပဏီများအားလုံးတို့သည် အင်တာနက်ပလက်ဖောင်းသို့ ဝင်ရောက်ခြင်းကို သောကြာနေ့မှစတင်ကာ ရပ်ဆိုင်းရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ပြီးနောက် လူမှုကွန်ယက်ဘီလူးကြီး Twitter က ဆွေးနွေးမှုများ ပြုလုပ်ရန် နိုင်ဂျီးရီးယားအစိုးရနှင့် ဆက်သွယ်လာခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးက သတင်းထောက်များအား ဗုဒ္ဓဟူးနေ့၌ ရှင်းပြသည်။

နိုင်ဂျီးရီးယား ခွဲထွက်ရေးသမားများကို အပြစ်ပေးသည့် သမ္မတမိုဟန်မက်ဒူ ဘူဟာရီအပေါ် ခြိမ်းခြောက်ရာရောက်သော အရေးအသားများအားလုံးကို လူမှုကွန်ယက်မီဒီယာတို့က ဖယ်ရှားပေးရန် အမိန့်ထုတ်ပြန်ခဲ့ပြီး ရက်အနည်းငယ်အကြာ၌ လူထုဆက်သွယ်ရေးကုမ္ပဏီများအားလုံးကိုလည်း ဆက်လက်တားဆီးခဲ့ခြင်း ဖြစ်သည်ဆို၏။

Twitter အနေဖြင့် နိုင်ဂျီးရီးယားကုမ္ပဏီတစ်ခုအဖြစ် ရှေးဦးစွာ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ရုပ်မြင်သံကြားနှင့် အသံလွှင့်ကော်မရှင်က လိုင်စင်ထုတ်ပေးမည်ဖြစ်ကြောင်း၊ နိုင်ဂျီးရီးယားနိုင်ငံစုဖွဲ့ဖြစ်တည်မှုနှင့် ကိုက်ညီမှု မရှိသော လှုပ်ရှားမှုများကို အားပေးအားမြှောက်ြ့ပုရာရောက်သူများက လူမှုကွန်ယက်ပလက်ဖောင်းအား အသုံးပြုခွင့် မရှိစေရန် ကုမ္ပဏီက သဘောတူညီပေးရမည်ဖြစ်ကြောင်း

အရှေ့တောင်ပိုင်းနေ အစ်ဂဘိုလူမျိုးများ၏ လွတ်လပ်သော ပြည်နယ်အဖြစ် ခွဲထွက်ရေးဆောင်ရွက်သည့်အတွက် တားမြစ်ထားသော ဘီဟာဖရာဌာနေတိုင်းရင်းသားများအုပ်စု (IPOB) ကို အကြမ်းဖက်လာကြစေရန် Twitter သည် ပလက်ဖောင်းတစ်ခု ဖြစ်လာနေကြာင်း၊ ရုတ်ဆွေးနွေးခြင်း မပြုမီ ကုမ္ပဏီများ လိုက်နာရမည့် စည်းကမ်းချက်များနှင့် ပတ်သက်၍ ဝန်ကြီးက ပြောဆိုသည်။ ထို့ပြင် လွန်ခဲ့သည့်နှစ် ရဲတပ်ဖွဲ့၏ လူစုခွဲမှုကို ရက်စက်ကြမ်းကြုတ်မှုအဖြစ် ကန့်ကွက်ဆန္ဒပြကြရာတွင် အမေရိကန်ကုမ္ပဏီကြီးက ရန်ပုံငွေများ ထောက်ပံ့ ပေးခဲ့ကြောင်း ဝန်ကြီးက စွပ်စွဲသည်။

ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များကမူ အာဖရိကတိုက်တွင် လူဦးရေ အများဆုံးနိုင်ငံတစ်ခုဖြစ်သော နိုင်ဂျီးရီးယားက Twitter ၌ လွတ်လပ်စွာရေးသားခွင့်အပေါ် နှိမ်နင်းလာခြင်းနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ပြောကြားသည်။

အရေအတွက် အမြောက်အများရှိနေသည့် ရုပ်သံချန်နယ်များ၊ ရေဒီယိုအသံလွှင့်ဋ္ဌာနများနှင့် အွန်လိုင်းပလက်ဖောင်းများကို ရည်ညွှန်း၍ ပြန်ကြားရေးဝန်ကြီးမိုဟာမက်က ချေပရာတွင် ဖြောင့်မတ်ရိုးသားသူ မည်သူမဆို နိုင်ဂျီးရီးယားအား လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် ပျက်ပြားအောင် ဟန့်တားနေသည်ဟု စွပ်စွဲနိုင်မည် မဟုတ်ကြောင်း၊

နိုင်ငံတော်တွင် ဥပဒေတစ်မျိုးတည်းသာ ပြဋ္ဌာန်းထားပြီး ဥပဒေအထက်တွင် မည်သူမျှ မရှိကြောင်း၊ နည်းပညာကုမ္ပဏီကြီးများအား မည်သို့ကိုင်တွယ်ရမည်ကို နိုင်ဂျီးရီးယားသည် အမေရိကန်အား အတုယူဆောင်ရွက်လျှက်ရှိကြောင်း၊ အခြားသော လူမှုကွန်ယက်များဖြစ်သည့် Facebook သို့မဟုတ် Instagram တို့သည်လည်း နိုင်ဂျီးရီးယားတွင် လိုင်စင်ရယူရန် မှတ်ပုံတင်ကြရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးက တုန့်ပြန်လိုက်သည်။

(( ပြင်သစ်နိုင်ငံတွင် ရုံးချုပ်တည်ရှိပြီး နိုင်ငံတကာတွင် ရုံးခွဲများ ဖွင့်လှစ်ထားသည့် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ၏ ၂၀၂၁-ခုနှစ် သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းတွင် မြန်မာသည် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၄၀ ဖြစ်သည်။ အာဆီယံနိုင်ငံများတွင် ထိုင်း ၁၃၇ နှင့် ဖိလစ်ပိုင် ၁၃၈ နှင့် နှိုင်းယှဉ်နိုင်ပါသည်။

အိန္ဒိယသည် ၁၄၂ ဖြစ်၍ ဘင်္ဂလားဒေ့ရှ်သည် ၁၅၂ ဖြစ်ရာ မြန်မာထက် လွတ်လပ်ခွင့် နည်းပါးသည်ဟု ဆိုရပါမည်။ စင်္ကာပူမှာ အဆင့် ၁၆၀ ဖြစ်ရာ မငြိမ်မသက် စစ်ပွဲများဖြစ်ပွားနေသည့် ဆူဒန်၊ ဆိုမာလီယာတို့နှင့် မကွာလှချေ။

Legitimacy Government ဟူသည့် အစိုးရတစ်ရပ်တွင် အုပ်ချုပ်ရေး-ဥပဒေပြုရေးနှင့် တရားစီရင်ရေးဟု ကဏ္ဍကြီး ၃-ခုရှိရာ (world wide webs ) www ဆိုသည့် အလွန်အမင်း ကျယ်ပြန့်လှသည့် အင်တာနက်ကမ္ဘာကြီးတွင် အစိုးရက ကိုင်တွယ်နိုင်သည်မှာ ဥပဒေကြောင်းသာဖြစ်ပြီး နည်းပညာပိုင်းအရ ထိန်းချုပ်ရန် မည်သို့မျှ မဖြစ်နိုင်ပါ။

မမှန်မကန်သတင်းတုများ လိမ်လည်ဖော်ပြသဖြင့် မီဒီယာလိုင်စင် ရုတ်သိမ်းယုံနှင့် မပြီး၊ အကောင့်တစ်ခုခုက အဆိုပါ မီဒီယာအတုများတွင် အလှူငွေနှင့် ကြော်ငြာထည့်သွင်းခြင်း၊ ဝင်ရောက်ဖတ်ရှု့ခြင်း ရှယ်ခြင်းများပြုလုပ်ကြောင်းကို စစ်ဆေးတွေ့ရှိလျှင် အပြစ်ပေးနိုင်သည့် ဥပဒေရှိရန်လိုအပ်ပြီး အမှန်တကယ်လည်း အသက်ဝင်ရပါမည်။

မိမိအသုံးပြုသော လူမှုကွန်ယက်အကောင့်ကို ပြန်ဝင်မရပဲ ရှိလျှင် မိမိတိုင်းပြည်သုံး တယ်လီဖုန်းမှတဆင်ု ပေးပို့သော Code ဖြင့် ပြန်ဝင်နိုင်ကြောင်း အများသိရှိကြပါသည်။ ဆိုလိုသည်မှာ အဆိုပါလူမှုကွန်ယက်ပလက်ဖောင်းမှာ မိမိတိုင်းပြည် ဆက်သွယ်ရေးဋ္ဌာနတွင် သီးခြားဆာဗာ ရှိနေ၍ ဖြစ်သည်။ ထို့ကြောင့် နိုင်ဂျီးရီးယားက ပြည်တွင်းကုမ္ပဏီအဖြစ်မှတ်ပုံတင်ပြီး လိုင်စင်ယူစေခြင်းဖြစ်ပုံရသည်။

စင်္ကာပူတွင် မော်တော်ယာဉ်ရပ်နားနေရာ၌ မိမိ၏ကားကို ရပ်နားလျှင် အခွန်ပေးရမည်မှာ ဥပဒေပြဋ္ဌာန်းချက် ဖြစ်သည်။ အခွန်ပြေစာဖြတ်စက် ပျက်နေသဖြင့် အခွန်မပေးဟု ဆင်ခြေမှာ ဥပဒေတွင် မရှိချေ။ ။သတင်းဘာ သာပြန်သူ))

နိုင်ဂျီးရီးယားနိုင်ငံနှင့်_Twitters_Facebook_Instagram

(((RT., 9 Jun, 2021, Twitter must register company in Nigeria to resume operations – information minister.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆို သည်။)))

https://www.rt.com/news/526142-nigeria-twitter-ban-register/

https://www.rt.com/news/525790-twitter-responds-nigeria-ban/

https://www.rt.com/op-ed/525727-nigeria-twitter-ban-censorship-trump/

https://rsf.org/en/ranking/2021

0

Leave a Reply

Your email address will not be published.