WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ ဂျီနိုဆိုက် စွပ်စွဲချက်နှင့် ရင်ဆိုင်ရဖွယ်ရှိ။ အီသီယိုပီးယားအစိုးရအဖွဲ့၌တာဝန်ယူခဲ့ဖူးသော WHO အကြီးအကဲအား အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ၏ အတိုင်ပင်ခံဟောင်းဖြစ်သူက ICC သို့ တိုင်ကြား



ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲအား လူမျိုးသုဉ်းပြုမှုဖြင့် တရားစွဲဆိုရန် ၂၀၁၉-ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းခြင်းခံရသူ အမေရိကန်စီးပွားရေးပညာရှင် ဒေးဗစ်စတိန်းမန်းက တောင်းဆိုလိုက်သည်ဟု Saudi Gazette ( Dec. 14, 2020 ) က ရေးသားသည်။ 
.. 
နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အခြေစိုက် နိုင်ငံတကာရာဇဝတ်တရားရုံး ICC သို့ တင်သွင်းသော တိုင်ကြားချက်တစ်ခုတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထွေထွေညွှန်ကြားရေးမှူးဖြစ်သူ တက်ဒရိုအက်ဒ်ဟာမွန်သည် အီသီယိုးပီးယားလူမျိုးများအား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် နှိပ်စက်ခြင်းများပြုလုပ်ခဲ့သည့် အီသီယိုးပီးယားလုံခြုံ ရေးတပ်ဖွဲ့များကို ညွှန်ကြားရာ၌ ပါဝင်ပတ်သက်သည်ဟု အမေရိကန်စီးပွားရေးပညာရှင်က စွပ်စွဲထားကြောင်း သိရှိရသည်။ 
.. 
ဒေါက်တာတက်ဒရို ( ၅၅-နှစ် ) သည် အီသီယိုးပီးယားလုံခြုံရေး တပ်ဖွဲ့ဝင်များအား အမိန့်ပေး ညွှန်ကြားရာတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ တာဝန်ယူခဲ့သည့် အရာရှိ ၃-ဦး အနက် တစ်ဦးဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၃-နှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO သို့ ပြောင်းရွှေ့တာဝန်ဆောင်ခြင်းဖြစ်ပြီး အဖွဲ့အစည်းတွင် ဆေးဘက်ဆိုင်ရာ အရည်အချင်းမရှိသည့် ပထမဦးဆုံး ခေါင်းဆောင်ဖြစ်ကြောင်း၊ သူသည် ၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အီသီယိုပီးယား၏ ကျန်းမာရေးဝန်ကြီးဖြစ်၍၊ ထိုနောက် အာဏာရညွန့်ပေါင်းအစိုးရတွင် “ တီဂရေး ပြည်သူ့ လွတ်မြောက်ရေးတပ်ဦးပါတီ “ က အဓိက အဖွဲ့ဝင်ဖြစ်လာသည့် ၂၀၁၆-ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူဖြစ်ကြောင်း၊ 
.. 
စတိန်းမန်း၏ တိုင်ကြားချက်တွင် ထိုစဉ်က အရပ်ဘက်အာဏာပိုင်များသည် လုံခြုံရေးတပ်ဖွဲ့များအပေါ် ထိန်းချုပ် ကွပ်ကဲရန် ပျက်ကွက်ခဲ့ကြောင်း၊ ကျေးလက်ရှိ ဒေသန္တရဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ့စစ်များသည် တစ်ခါတစ်ရံတွင် ထင်သလို ပြုမူဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသည်ဟု “၂၀၁၆ ခုနှစ် အမေရိကန်အစိုးရ ၏ အီသီယိုးပီးယားလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ “ အား ကိုးကားထားသည်။ ထို့ပြင် အစီရင်ခံစာတွင် ဖော်ပြထားသည့် “အခြား မှတ်တမ်းတင် ရာဇဝတ်မှုများ” ကိုလည်း ရည်ညွှန်းထားသည်။ 
.. 
ဒေါက်တာတက်ဒရိုသည် အတိုက်အခံကိုယ်စားလှယ်လောင်းများနှင့် ထောက်ခံသူများအား ခြိမ်းခြောက်ခြင်း၊ အကြွင်းမဲ့အာဏာရှင်ဆန်စွာ ဖမ်းဆီးခြင်း၊ တရားရုံးမတင်ပဲ ကာလကြာမြင့်စွာ ထိန်းသိမ်းထားခြင်းများ ကျူးလွန်ရာ၌ ပါဝင်ပတ်သက်ခဲ့သူဖြစ်ကြောင်း စွပ်စွဲထားသည်။ 

..  
#အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ၏အတိုင်ပင်ခံဟောင်းလည်းဖြစ်သူ စတိုင်းမန်းသည် အီသီယိုပီးယား လက်ရှိဝန်ကြီးချုပ် #အဘီအာမက်အလီ၏ #ဒီမိုကရေစီရေးလှုပ်ရှားမှုဆိုင်ရာအကြီးတန်းနိုင်ငံခြားရေးအကြံပေး “ အဖြစ် ၂၇-နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ရာ ၂၀၁၈-ခုနှစ်တွင် အဘီအာမက်အာဏာရရှိချိန်အထိ ဖြစ်သည်။ 

..
(( ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော အီသီယိုပီးယားသည် လူဦးရေ ၁၀၉-သန်းခန့်ရှိပြီး ခရစ်ယာန် ၆၃ ရာနှုန်း၊ မွတ်စလင် ၃၄ ရာခိုင်နှုန်းနေထိုင်သည်။ WHO အကြီးအကဲ တက်ဒရိုအက်ဒ်ဟာမွန်သည် အီသီယိုပီးယားမြောက်ပိုင်း ထိုစဉ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တစ်ခုဖြစ်သော ယခု အီရစ်ထရီးယားနိုင်ငံ၌ မွေးဖွားသူ “တိုက်ဂရေရီယန်နွယ်ဖွား “ ဖြစ်သည်။ ၂၀၁၉-ခုနှစ်အထိ “ #အီသီယိုပီးယန်းပြည်သူ့တော်လှန်ရေးဒီမိုကရက်တစ်တပ်ဦး” ( EPRDF ) နှင့် ယခုအခါ အီသီယိုပီးယားအစိုးရအား ခွဲထွက်ရေးပုန်ကန်လျှက်ရှိသည့် “ #တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး “ TPLF အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်။ သူသည် ဒေသတွင်း ငှက်ဖျား၊ တီဘီနှင့် ခုခံအားကျဆင်းရောဂါစု တိုက်ဖျက်ရေးအပါအဝင် ကမ္ဘာ့ကျန်းမာရေး စောင့်ရှောက်မှုများဖြင့် နာမည်ရလာပြီး WHO သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ 
..
အီသီယိုပီးယား လက်ရှိဝန်ကြီးချုပ် အဘီအာမက်သည် နိုင်ငံအတွင်း ကာလရှည်ဆန္ဒပြမှုများကြောင့် ညွန့်ပေါင်းအစိုးရနှုတ်ထွက်သွားရပြီးနောက် ၂၀၁၈-ခုနှစ်တွင် အာဏာရရှိခဲ့သည်။ ၁၉၉၈-ခုနှစ်တည်းက စစ်ဖြစ်ပွားလျှက်ရှိသည့် အီရစ်ထရီးယားနှင့် ငြိမ်းချမ်းရေးရယူနိုင်ခြင်း၊ နိုင်ငံအတွင်း အရေးကြီးသည့် ပြုပြင်ပြောင်းလဲရေးများ ချမှတ်နိုင်၍ဟုဆိုကာ ၂၀၁၉-ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိသည်။ 

..  
WHO အကြီးအကဲအား ICC တွင် တရားစွဲဆိုသူ ဒေးဗစ်စတိုင်းမန်းသည် အီသီယိုပီယားလက်ရှိဝန်ကြီးချုပ်၏ အကြီးတန်းနိုင်ငံခြားအကြံပေးဖြစ်ခဲ့ပြီး အီသီယိုးပီးယား၏ ၂၀၀၅ ခုနှစ်လူထုအခြေပြုတော်လှန်ရေးနှင့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကို ပူးတွဲစီစဉ်ခဲ့သည်။ အဘီအာမက်မတိုင်မီ အီသီယိုးပီးယားအစိုးရတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အစာငတ်မွတ်ခေါင်းစဉ် လူကုန်ကူးခံရမှုများနှင့် နိုင်ငံဘဏ္ဍာခိုးယူမှုများကို Washington Post, Forbes.com and New York Times တို့တွင် ဖော်ထုတ်ရေးသားခဲ့သည်။ 

..
စစ်ထောက်လှမ်းရေး ဒုတိယဗိုလ်မှူးကြီးတစ်ဦးဖြစ်သူ အဘီအာမက်သည် အီသီယိုပီးယားတွင် ( EPRDF ) ပါတီမှမဟုတ်ပဲ ပထမဆုံး နိုင်ငံ့အကြီးအကဲတာဝန်ထမ်းဆောင်ရသူဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း သတင်းဆင်ဆာပြုလုပ်ခြင်း၊ NGO နှင့် မီဒီယာသမားတို့အား ဖမ်းဆီးခြင်း၊ ယခင်ညွန့်ပေါင်းမဟာမိတ် TPLF တို့နှင့် စစ်ပွဲပြန်လည်ဖြစ်ပွားခြင်၊ လူ့အခွင့်အရေးချိုးဖောက်မှုသတင်းများ အတောမသတ်ထွက်ပေါ်လာခဲ့သည်။ 

..
ဒေါက်တာတက်ဒရိုအား ရာထူးမှမဖယ်ရှား၍ဆိုကာ ဒေါ်နယ်ထရမ့်အစိုးရက WHO မှ နှုတ်ထွက်သွားချိန်တွင် တက်ဒရိုအက်ဒ်ဟာမွန်မှာ Times မဂ္ဂဇင်း၏ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့သြဇာအကြီးဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်း၌ ပါဝင်နေသည်။ 

..  
 နိုဝင်ဘာ ၁၂-ရက်၊ ၂၀၂၀ ထုတ် New York Times သတင်းစာအရ လွန်ခဲ့သော ၁၀ စုနှစ် သုံးစုအတွင်း #ငြိမ်းချမ်းနိုဘယ်ဆုရှင်အဖြစ်ရွေးချယ်ခဲ့သည့် #အနည်းဆုံး #၆-ကြိမ်မှာမေးခွန်းထုတ်ဖွယ်ပြဿနာကြီးထွားလာကြောင်း ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ဖော်ပြပါရှိသည်။

..  
အဆိုပါသတင်းအရဆိုလျှင် နိုဘယ်ဆုရှင်အဖြစ်ရွေးချယ်ခံသူများအနက် လူအများ နားမလည်နိုင်ဆုံး ပုဂ္ဂိုလ် ၆-ဦးတွင် အီသီယိုပီးယားဝန်ကြီးချုပ်အဘီအာမက်မှာ နံပါတ် -၁ နေရာ၌ ပါရှိနေလေသည်။    ။ သတင်းဘာသာပြန်သူ )) 
..
#ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲနိုင်ငံတကာရာဇဝတ်ခုံရုံး 
..
((( Saudi Gazette ., December 14, 2020 ,” WHO chief may face genocide charges ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
.. 

https://saudigazette.com.sa/article/601408/World/Europe/WHO-chief-may-face-genocide-charges 
https://moneybloodandconscience.com/author-bio 
https://cpj.org/2019/07/ethiopia-coup-internet-censored-blocked-jailed-journalists/ 
https://www.dailymail.co.uk/news/article-9052247/WHO-chief-Tedros-Ghebreyseus-accused-aiding-genocide-Ethiopia-nobel-peace-prize-nominee.html 
https://time.com/collection/100-most-influential-people-2020/5888335/tedros-adhanom-ghebreyesus/ 
https://www.nytimes.com/2020/11/12/world/nobel-peace-prize-list.html

Leave a Reply

Your email address will not be published.